အ႐ိုးအက္လွ်င္ ျပန္ဆက္တဲ့ မိသားစုအေမြေဆးနည္းေလး
အ႐ိုးအက္လွ်င္ျပန္ဆက္တဲ့နည္း
အေမ့ရဲ႕အေမြေဆးနည္း
ခုေျပာမဲ့ေဆးနည္းက ကြၽန္ေတာ္တို႔မိသားစုမွာအေဖဆိုရင္ ႏြားေခြ႕လို႔ အ႐ိုးအက္ဖူးတယ္ အစ္ကိုလတ္ဆိုရင္ ေခ်ာ္လဲလို႔ လက္အ႐ိုးအက္ဖူးတယ္
ကြၽန္ေတာ္လည္း ေခ်ာ္လည္းၿပီး အ႐ိုးအက္ဖူးတယ္ ဒီျပသနာေတြ အားလုံးကို ေဆး႐ုံေဆးခန္းဆရာဝန္ျပစရာမလိုပဲ အေမကိုယ္တိုင္ေဆးက်ိဳၿပီးလိမ္းေပးခဲ့လို႔ ေပ်ာက္ကင္းခဲ့တာခုခ်ိန္ထိ ေအးေဆးပဲ
အဲတာေၾကာင့္ျပန္သတိရလို႔ အေမ့ဆီဖုန္းဆက္ၿပီးေမးၾကည့္ၿပီး ဒီေဆးနည္းေလးမွ်ေဝေပးခ်င္လို႔ပါ။ ဘာပဲျဖစ္ျဖစ္ တစ္ခုခုျဖစ္လာၿပီဆိုရင္ တစ္ခ်ိဳ႕က် ေဆး႐ုံေဆးခန္းသြားဖို႔မတက္ႏိုင္က်တဲ့သူေတြအမ်ားႀကီးရွိပါတယ္
ဒီေဆးနည္းကအကုန္အက်နည္းသလို တကယ္လည္းလက္ေတြ႕ေကာင္းလို႔ပါ။
ပါဝင္ပစၥည္း
ထုံး
ဆႏြင္းမႈန႔္အစစ္
ေကာက္ညႇင္းဆန္
ေဆးက်ိဳနည္း
ေကာက္ညႇင္းဆန္ႏို႔ဆီတစ္ဗူးစာကို ေရစိမ္ၿပီးဆုံနဲ႔မပ်စ္မက်ဲေလးႀကိတ္ပါႀကိတ္ဖို႔ဆုံမရွိရင္ (ေကာက္ညႇင္းဆန္မႈန႔္ကိုအရည္ေဖ်ာ္လည္းရပါတယ္)
ႀကိတ္ၿပီးသားေကာက္ညႇင္းဆန္မႈန႔္အရည္ကို ဆႏြင္းမႈန႔္ လက္ဖက္ရည္ပုဂံတစ္လုံးစာထုံး လက္ဖက္ရည္ပုဂံတစ္လုံးစာနဲ႔ေရာၿပီးအိုးနဲ႔က်ိဳရပါတယ္ ေမႊေပးရပါတယ္ ။ေတာ္ေတာ္ေလးပ်စ္လာၿပီဆိုရင္ အဆင္ေျပပါၿပီ။
ေဆးလိမ္နည္း
က်ိဳၿပီးသားေဆးကိုျဖစ္တဲ့ေနရာကို ပူပူေလးလိမ္းေပးရပါတယ္ ။ထူထူေလးေပါ့ နည္းနည္းေတာ့သည္းခံရပါတယ္ ေဆးကပူမွထိေရာက္တာပါ အေရျပားၿပဲတဲ့အထိေတာ့ ပူဖို႔မလိုပါဘူး။
တစ္ခါလိမ္းလို႔မကုန္တဲ့အတြက္ေနာက္တစ္ခါျပန္လိမ္းမယ္ဆိုရင္ ေဆးကိုျပန္က်ိဳေပးပါ ေဆးကပူမွလိမ္းမွ ေကာင္းတာမို႔ပါ။ အဲလိုနည္းနဲ႔ ၃ ခါ ၄ ခါေလာက္လိမ္းၾကည့္ပါ
ေတာ္႐ုံ အ႐ိုးအက္တာေလာက္ေတာ့ ေဆး႐ုံေဆးခန္းသြားစရာကိုမလိုတာပါ ။
#မွတ္ခ်က္
ဒီလိုနည္းနဲ႔ ေပ်ာက္တယ္ဆိုရင္ မိမိပတ္ဝန္းက်င္မွာ ေဆးဖိုးဝါးခ မတက္ႏိုင္တဲ့သူေတြ အဆင္မေျပသူေတြကိုျပန္လည္မွ်ေဝေပးၿပီး ကုသိုလ္ဒါနလက္ဆင့္ကမ္းေပးပါကြၽန္ေတာ့အေမလည္းကုသိုလ္ရတာေပါ့
Nwayoo

Unicode Version
အရိုးအက်လျှင် ပြန်ဆက်တဲ့ မိသားစုအမွေဆေးနည်းလေး
အရိုးအက်လျှင်ပြန်ဆက်တဲ့နည်း
အမေ့ရဲ့အမွေဆေးနည်း
ခုပြောမဲ့ဆေးနည်းက ကျွန်တော်တို့မိသားစုမှာအဖေဆိုရင် နွားခွေ့လို့ အရိုးအက်ဖူးတယ် အစ်ကိုလတ်ဆိုရင် ချော်လဲလို့ လက်အရိုးအက်ဖူးတယ်
ကျွန်တော်လည်း ချော်လည်းပြီး အရိုးအက်ဖူးတယ် ဒီပြသနာတွေ အားလုံးကို ဆေးရုံဆေးခန်းဆရာဝန်ပြစရာမလိုပဲ အမေကိုယ်တိုင်ဆေးကျိုပြီးလိမ်းပေးခဲ့လို့ ပျောက်ကင်းခဲ့တာခုချိန်ထိ အေးဆေးပဲ
အဲတာကြောင့်ပြန်သတိရလို့ အမေ့ဆီဖုန်းဆက်ပြီးမေးကြည့်ပြီး ဒီဆေးနည်းလေးမျှဝေပေးချင်လို့ပါ။ ဘာပဲဖြစ်ဖြစ် တစ်ခုခုဖြစ်လာပြီဆိုရင် တစ်ချို့ကျ ဆေးရုံဆေးခန်းသွားဖို့မတက်နိုင်ကျတဲ့သူတွေအများကြီးရှိပါတယ်
ဒီဆေးနည်းကအကုန်အကျနည်းသလို တကယ်လည်းလက်တွေ့ကောင်းလို့ပါ ။
ပါဝင်ပစ္စည်း
ထုံး
ဆနွင်းမှုန့်အစစ်
ကောက်ညှင်းဆန်
ဆေးကျိုနည်း
ကောက်ညှင်းဆန်နို့ဆီတစ်ဗူးစာကို ရေစိမ်ပြီးဆုံနဲ့မပျစ်မကျဲလေးကြိတ်ပါကြိတ်ဖို့ဆုံမရှိရင် (ကောက်ညှင်းဆန်မှုန့်ကိုအရည်ဖျော်လည်းရပါတယ်)
ကြိတ်ပြီးသားကောက်ညှင်းဆန်မှုန့်အရည်ကို ဆနွင်းမှုန့် လက်ဖက်ရည်ပုဂံတစ်လုံးစာထုံး လက်ဖက်ရည်ပုဂံတစ်လုံးစာနဲ့ရောပြီးအိုးနဲ့ကျိုရပါတယ် မွှေပေးရပါတယ် ။တော်တော်လေးပျစ်လာပြီဆိုရင် အဆင်ပြေပါပြီ။
ဆေးလိမ်နည်း
ကျိုပြီးသားဆေးကိုဖြစ်တဲ့နေရာကို ပူပူလေးလိမ်းပေးရပါတယ် ။ထူထူလေးပေါ့ နည်းနည်းတော့သည်းခံရပါတယ် ဆေးကပူမှထိရောက်တာပါ အရေပြားပြဲတဲ့အထိတော့ ပူဖို့မလိုပါဘူး။
တစ်ခါလိမ်းလို့မကုန်တဲ့အတွက်နောက်တစ်ခါပြန်လိမ်းမယ်ဆိုရင် ဆေးကိုပြန်ကျိုပေးပါ ဆေးကပူမှလိမ်းမှ ကောင်းတာမို့ပါ။ အဲလိုနည်းနဲ့ ၃ ခါ ၄ ခါလောက်လိမ်းကြည့်ပါ
တော်ရုံ အရိုးအက်တာလောက်တော့ ဆေးရုံဆေးခန်းသွားစရာကိုမလိုတာပါ ။
#မှတ်ချက်
ဒီလိုနည်းနဲ့ ပျောက်တယ်ဆိုရင် မိမိပတ်ဝန်းကျင်မှာ ဆေးဖိုးဝါးခ မတက်နိုင်တဲ့သူတွေ အဆင်မပြေသူတွေကိုပြန်လည်မျှဝေပေးပြီး ကုသိုလ်ဒါနလက်ဆင့်ကမ်းပေးပါကျွန်တော့အမေလည်းကုသိုလ်ရတာပေါ့
Nwayoo



