မြန်မာငွေနဲ့ သိန်း ၉၀၀၀ ကျော်ရှိတဲ့ ကမ္ဘာပေါ်မှာ တန်ဖိုး အကြီးဆုံးတိုက်ကြက် အသုဘ
ကြက်အမည် ,,ကျောက်မနီဒေယ်ဘတ်၂၂သန်းကြေး ဖလားလုပွဲမှာ အနိုင်ရရှိလို့ဒီကြက်ရဲ့တန်ဖိုးက အော်တို ဘတ်၂၂သန်းတန်ဖိုးရရှိသွားပါတယ်(ထိုင်းမှာ တိုက်ကြက်ကိုတန်ဖိုးဖြတ်နည်းက နိုင်ကြေးအပေါ်မူတည်ပီး တန်ဖိုးသတ်မှတ်ယူကြတာပါ
နောက်မနီဒယ်သည်ထိုင်းကြက်မျိုးစစ်စစ်မဟုတ်ပါမြန်မာတိုက်ကြက်နဲ့စပ်ဖောက်ထားတာပါ။ကြက်တစ်ကောင်ကိုခွပ်ရင် ၃ချီမကျော်ဘူး။ထိုငးဘတ်ငွေ ၂၂သန်း နဲ့ဝယ်ရင် မြန်မာလူမျိုးတွေအမြင်မှာတော့ အရူးတွေပဲလို့ထက်မြင်နေကျမှာကျိန်းသေကျမှာပါ။
ဒါပေမဲ့မယုံမရှိကျနဲ့ဒီတိုက်ကြက်က သူ့ရဲ့တန်ဖိုးဘတ်၂၂သန်းကို ၁နှစ်၂နှစ်လောက်နဲ့အရင်းပြန်ကြေအာင် ရှာပေးတဲ့အစွမ်းအစရှိပါတယ်။တကယ်လဲ သူသခင်ကိုရှာဖွေခဲ့တာပါဒီကြက်ကို ကြက်မ မျိုးကောင်းတွေအများကြီးနဲ့နဲ့ သားဖောက်ရောင်းတာကြက်ဥတစ်လုံးကို
ဘတ်၂၅ဝဝရောင်းပါတယ်။သားပေါက် အဖိုအမနှစ်ကောင်ကို ဘတ်၃သောင်းအကယ်၍ ကြက်ဥလဲမယူချင်ဘူးသားပေါက်လဲ့မယူချင်ဘူး ကိုယ်ဆီက ကြက်မနဲ့ မျိုးထိုးခကြက်မတစ်ကောင် ဘတ်၂သောင်းပေးရပါတယ်။ကြက်မအကောင်၅ဝဝလောက်နဲ့သေသေချာချာ
မျိုးဆက်ပြီး ကြက်ဥထုတ်ရောင်းနေတာတောင် ကြက်မဖျင်ကထွက်တာနဲ့ဘတ်2500ပေးပြီးဝယ်ယူမဲ့လူကအဆင်သင့်ရှိတယ်။မိမိလိုချင်တိုင်းချက်ချင်းဝယ်လို့မရနိုင်ပါဘူးကြိုတင်စာရင်းသွင်းပီးတော့ မိမိအလှည့်ကျအောင်စောင့်နေရမှာပါ။
မနီဒယ်ရဲ့ သားဖောက်အဖို အမမှန်သမျှ အကုန် မွေးနေ့မွေးရကနေ့နံ အတိအကျပါရှိမှာပါလက်ရှိ မနီဒယ်ရဲ့ သားဖောက်တွေထဲကနေမှဘတ်၁ဝသန်းဘတ်၅သန်းတန်ကြေး အဆင့်နာမည်ကြီးတိုက်ကြက်ပေါ်ထွက်နေပါတယ်ထိုင်းနိုင်ငံရဲ့တိုက်ကြက်လောကမှာတော့ မနီဒယ်ရဲ့
သားဆိုရင်အလိုလိုနေရင်းတန်ကြေးမြင့်နေပါတယ်။မနီဒယ်သည် မသေဆုံးခင်အထိသူသခင်အားဘတ်ငွေ ၂၂သန်းမကသူသခင်ကိုရှာဖွေပေးပြီးသူမိန်းမတွေသူသားတွေ သမီးတွေ မြေးတွေ မြစ်တွေအများကြီးထားခဲ့ပြီးမှ သူသေသွားတာပါဒါကြောင့်မနီဒယ်အားသုဘ လူအသုဘလိုပြုလုပ်ပေးတာပါ။
မြန်မာတိုက်ကြက်မျိုးကောင်းလျှင်ပြိုင်ဘက်တိုက်ကြက်ရဲ့ ခေါင်းနဲ့မျက်လုံးကို အဓိကခွပ်ပြီး အနိုင်ယူပါတယ်တဲ့ဒါကြောင့် လက်ရှိထိုင်းနိုင်ငံကတိုက်ကြက်လောကမှာ တန်းဖိုးကြီးတဲ့ နာမည်ကြီးတဲ့တိုက်ကြက်အများစုထဲမှာ ထိုင်းကြက်မျိုးနဲ့မြန်မာကြက်မျိုးဆက်တဲ့တိုက်ကြက်တွေပိုများသလိုမြန်မာကြက်မျိုးစစ်စစ်တွေလဲ အများကြီးရှိနေပါတယ်။
ခရက်ဒစ်
ခရက်ဒစ်