မြန်မာပြည်တွင်သာမက ကမ္ဘာမှာပါ ဂင်းနစ်စံချိန် တင်တော့မယ့် သံရွာအဝင်မှာ တည်ရှိတဲ့ လက်ပံပင်ကြီး
အဆိုပါ လက်ပံပင်ကြီးမှာ သက်တမ်းအားဖြင့် ခန့်မှန်း နှစ် ၁၀၀ ကျော်မက ရှိပြီး မြန်မာနိုင်ငံတွင် လုံးပတ်အကြီးဆုံး လက်ပံပင်ကြီး ဖြစ်လာနိုင်ပါတယ်။
မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်
သံရွာအဝင်မှာ တည်ရှိတဲ့ လက်ပံပင်ကြီးကို သက်ဆိုင်ရာက ဒီနေ့ပဲ လာရောက် တိုင်းထွာ သွားပါတယ်။
ရန်ကုန်မှာ တည်ရှိတဲ့ သစ်ပုတ်ပင်ကြီးရဲ့ ပင်စည်ဟာ ၅၆ ပေပဲ တည်ရှိပြီး..၊ ကျွန်တော်တို့ သံရွာနယ်မှာ ရှိတဲ့ လက်ပံပင်ကြီး ကတော့ ၇၉ ပေ နဲ့ ၁၀လက်မ ရှိပါတယ်။
လက်ရှိ အမြင့်ပေ ၂၉၀ ရှိပါတယ်။ အရင်တချိန်တုန်းက ယခု လက်ပံပင်ကြီးကို ကမ္ဘာလှည့် ခရီးသည်တွေက တအံ့တသြနဲ့ ဓာတ်ပုံတွေ ရိုက်ကြတာတွေ ရှိပါတယ်။
ကျွန်တော်တို့ နယ်သူနယ်သား တွေကတော့ မထူးဆန်း ဒီလိုအပင်တွေ နယ်မှာ များစွာ ရှိတာကိုး..။ နောက်ပြီး အခုပင်ဟာ တောင်ကြီးမြို့ တက်ရာ လမ်းဘေးမှာ တည်ရှိ နေလေတော့ ပိုပြီး တင့်တယ် သွားတာပေါ့ဗျာ။
လာလည်ကြပါ မိတ်ဆွေတို့ရေ သံရွာနယ်မှာ အထင်ကရ နေရာတွေ များစွာ ရှိနေပါသေးတယ်။
c r e d i t- ကိုဂျော့
c r e d i t – ကိုဂျော့