Cele News

ကွာရှင်းပြတ်ဆဲလိုက်ရတဲ့ နောက်ကွယ်ကအကြောင်းရင်းတစ်ချို့ကို ဗီဒီယိုဖိုင်နှင့်တကွ ရင်ဖွင့်လာ….

ဘယ်သူ့ကိုမှ မယားငယ်ဇာတ်မသွင်းချင်လို့ သရုပ်ဆောင် ထူးခြားနဲ့ ကွာရှင်းပြတ်စဲလိုက်ပြီဖြစ်တဲ့ ဇနီးဖြစ်သူ ခိုင်ဦး

လုံလောက်တယ်ဆိုတာထက် ပိုသွားတဲ့အချိန်မှာ ကိုယ့်ဆုံးဖြတ်ချက်က အဓိကပါပဲ..

ဖြတ်သန်းခဲ့တဲ့ ၈ နှစ်လုံးလုံးကိုယ့်ဘက်က အကောင်းဆုံး ပေးဆပ်ခဲ့နိုင်တဲ့အတွက် နောင်မှတမဲ့ နောင်တဆိုတာလဲမရှိပါဘူး..

ဘယ်လိုအမျိုးသမီးနဲ့ ဘယ်လိုပုံစံမျိုးပဲ ပတ်သက်ပတ်သက် လက်မခံနိုင်ဘူးဆိုတာ

ယတိပြတ် ပြောထားပြီးသားကိုမှ မလိုက်နာပေးနိုင်တဲ့ ဒီအမျိုးသားကို ကိုယ့်ဘဝထဲက အပြီးအပိုင် ထုတ်ပစ်ခဲ့တဲ့အတွက်လဲ ဘယ်တော့မှ နောင်တရမှာမဟုတ်ပါဘူး

လူ့ဘဝမှာဒါမျိုးတွေ ကြုံရတာမဆန်းတာမို့ စိတ်ကိုလဲ အတတ်နိုင်ဆုံးပြင်ဆင်ပြီး လုပ်စရာရှိတာလုပ်ခဲ့တယ်.. ဘယ်သူ့ကိုမှလဲ မယားငယ်ဇာတ် မသွင်းချင်ခဲ့တဲ့အတွက်

လိုချင်တဲ့သူယူသွားနိုင်ဖို့ … ကိုယ်တိုင်လဲ ဒီအိမ်ထောင်ရေးကို ရှေ့မဆက်ချင်တော့တဲအတွက် ဒီလမ်းကို ရွေးချယ်ခဲ့တာ မမှားဘူးလို့ပဲ ခံယူပြီး ရှေ့ဆက်ရှင်သန်ပါမယ်…

လူသိရှင်ကြား တရားဝင်ယူထားခဲ့ခြင်းဖြစ်လို့ လူသိရှင်ကြားပဲ ဒီကိစ္စကို အသိပေးခြင်းသက်သက် ဖြစ်ပါတယ်..

ကိုသွင်ထူးအောင် (ခ) ထူးခြား နှင့် 15 Dec 2022 တွင် ကွာရှင်းပြတ်စဲပြီးသည့်အတွက်

သူနှင့်ပတ်သတ်သည့် မည်သည့်ကိစ္စအဝဝမှ ကျွန်မနဲ့မသက်ဆိုင်တော့တဲ့ အပြင် တာဝန်ယူဖြေရှင်းပေးမည်လည်း မဟုတ်ပါ။

ထူးခြားဆိုတာနဲ့ ခုနောက်ပိုင်း ပရိသတ်အားပေးမှုတွေ ရရှိပြီး အောင်မြင်လာခဲ့တဲ့ သရုပ်ဆောင်တယောက် ဖြစ်ပါတယ်။ ဒါပေမယ့် အခုမှာတော့ သူ့ရဲ့သတင်းတွေကြောင့် ပရိသတ်တွေ အံ့သြခဲ့တာပါ။ သူနဲ့သူ့မိန်းမတို့ဟာ ကွာရှင်းပြတ်ဆဲခဲ့ကြတာ ဖြစ်ပါတယ်။

အဆိုပါသတင်းကြောင့် အကုန်လုံးက အံ့သြခဲ့တာပါ။ သူတို့နှစ်ယောက်ဟာ တစ်ချိန်က အရမ်းချစ်ကြတဲ့သူတွေအဖြစ် မြင်တွေ့ခဲ့ရတာပါ။ နှစ်ယောက်တူတူကြိုးစားမှုတွေကြောင့်လည်း အားပေးတဲ့ ပရိသတ်တွေ ကြည်နူးနေခဲ့ရတာပါ။

အခုမှာတော့ ထူးခြားကို ဘာလို့ခုလိုပြတ်စဲခဲ့ရလဲ ပြောပြခဲ့တာပါ။ သူသည်းခံခဲ့ရတဲ့ Limitအကြောင်းပြောပြလိုက်တာပါ။ အပြည့်အစုံကိုတော့အောက်ကvideoလေးမှာဝင်ရောက်ကြည့်ပေးကြပါဦးနော်။

Credit ; cele Thadin

Zawgyi














Credit ; cele Thadin