Knowledge

တံမြက်စည်းပုံပြင်ကပေးတဲ့ ဘဝသင်ခန်းစာ..

တံမြက်စည်းပုံပြင်ကပေးတဲ့ ဘဝသင်ခန်းစာ

(လုံးဝ good တယ်ဗျာ) ဖတ်လိုက်ရတာ စိတ်ချမ်းသာလိုက်တာ

တစ်ခါတုန်းက တံမြက်စည်းသည်ကြီးက တံမြက်စည်းနှစ်ချောင်းကိုရောင်းချခဲ့တယ်။ဝယ်တဲ့သူက တစ်ချောင်းကိုအိမ်ပေါ်မှာလှည်းဖို့နဲ့ တစ်ချောင်းကမြေကြီးမှာ လှည်းဖို့ဆိုပြီး ဝယ်ခဲ့တာပေါ့။

မြေကြီးမှာ အလှည်းခံရတဲ့တံမြက်စည်းကနေ့စဉ်နေ့တိုင်း ဖှုန်တွေနဲ့လုံးပန်းကျင်ကြီးကျင်ငယ်တွေနဲ့ထိရကြမ်းတမ်းတဲ့ကျောက်စရစ်တွေနဲ့လဲ ကြုံရဆုံရတော့သူ့ဘဝဟာ ကြမ်းသထက်ကြမ်းလာတယ်တဲ့။

ဒီဟာကိုကြည့်ပြီးသူ့ဘဝသူ အားငယ်တတ်လာတယ်။အိမ်ပေါ်မှာ နေရတဲ့တံမြက်စည်းလေးဖြစ်ရင်သိပ်ကောင်းမှာ သူ့ဘဝကျတော့နေလဲမပူကြမ်းတဲ့

ကျောက်စရစ်တွေနဲ့မတွေ့ရကျင်ကြီးကျင်ငယ်နဲ့မဆုံနဲ့..သူ့ဘဝသာယာနေမှာဘဲဆိုပြီးသူ့မိတ်ဆွေ အိမ်ပေါ်လှည်းခံရတဲ့တံမြက်စည်းကို အားကျနေတယ်တဲ့။

နောက်ပြီး သူကအိမ်ပေါ်မှာနေရတော့သူက သင်းပျံ့တဲ့ရနံ့တွေနဲ့နေရမှာပဲငါလိုဘဝမကြမ်းလောက်ဘူးငါလဲသူ့လိုဘဝရောက်ရင်သိပ်ကောင်းမှာပဲဆိုပြီး….

အမြဲတွေးပြီးနေတတ်တယ်တဲ့။ဒါနဲ့တစ်နေ့ သူ့သူငယ်ချင်းတံမြက်စည်းကိုလှေခါးနားမှာ ဆုံမိကြတယ်တဲ့။စကားပြောဖြစ်ကြတယ်ပေါ့။

အိမ်အောက်မြေကြီးမှာအလှည်းခံရတဲ့တံမြက်စည်းက”သူငယ်ချင်း မင်းဘဝကသိပ်သာယာတာပဲကွာ။ငါ့လိုမကြမ်းတမ်းဘူးမကောင်းတဲ့ရနံ့တွေနဲ့ မထိတွေရဘူး။မင်းဘဝကသိပ်ပျော်စရာကောင်းမှာပဲလို့ပြောရှာသတဲ့…”မင်းလိုဘဝမျိုးနေချင်လိုက်တာ”လို့ ခဏခဏပြောသတဲ့။

ဒါနဲ့အိမ်ပေါ်က…တံမြက်စည်းကပြန်ပြောလိုက်တာက” တကယ်တော့ အပြင်မြင်ရင်တော့သာယာတယ်မင်းထင်ချင်ထင်လိမ့်မယ်မသာယာပါဘူးကွာ။လင်မယားချင်းရန်ဖြစ်လဲငါ့ကိုဆွဲပြီး ရိုက်ကြတယ်။တယောက်နဲ့တယောက်ဆွဲကြ လုကြတယ်။

သားသမီးရိုက်ပြီးဆိုလဲငါ့ကိုအသုံးပြုတယ်။ဒါနဲ့တယောက်နဲ့တယောက်ဆွဲကြလုကြပြန်ရောငါ့ဘဝက မင်းလိုမကြမ်းတမ်းပေမဲ့နေ့စဉ် နားငြီးရသလို နာကျင်တဲ့ဝေဒနာခံစားရတယ် စိတ်ရှုပ်ရတယ်။

ငါက ပင်ပန်းတာမခံရပေမဲ့စိတ်ရှုပ်စရာကြီးပါ။နောက်ပြီးငါ့ကိုဘယ်နားမှာထားတာလဲမင်းသိလား ခြေနင်းခုံနားမှာထားတာဟိုလူလာလဲ တိုက်သွားနင်းသွား နဲ့ မင်းကွာသေချင်စော်ကိုနံရော”လို့ပြောပြလိုက်တော့…

အိမ်အောက်တံမြက်စည်းကသူ့ဘဝသူကျေနပ်သလိုခံစားခံစားရသွားတယ်တဲ့။သူကတွေးလိုက်သည်မှာကဪ.. အပြင်ပုံသဏ္ဌာန်လှပေမဲ့..ဘဝဒုက္ခထွေထွေကငါ့ထက်များလှပါလားတကယ်တော့ ငါ့ဘဝက ကြမ်းပေမဲ့သူ့လောက်မဆိုးသေးပါလားလို့ တွေးပြီးခေါင်းငုံ့ကာ သူငယ်ချင်းနှစ်ယောက်သူ့နေရာသူပြန်ကြသတဲ့။

ပုံပြင်လေးကတော့ ဒါပါပဲ။လောကလူတွေလဲပုံပြင်လေးထဲကလိုအပြင်မှာကြမ်းလို့လဲ စိတ်မပျက်နဲ့အိမ်

ကောင်းကောင်းနဲ့နေနေရတယ်သင်းပျံ့တဲ့ရနံ့တွေကြားမှာနေနေရတယ်ဆိုပေမဲ့လဲ အားမကျနဲ့ အပြင်လှပြီးအတွင်းပုတ်တာတွေအများကြီးပါ။

တကယ်တော့…ကိုယ်ရထားတဲ့ဘဝလေးကိုအကျိုးရှိရှိပေးဆပ်ပြီး လောကကိုအလှဆင်ခွင့်ရနေတာလေးကိုကကျေနပ်စရာဖြစ်အောင်ကြိုးစားပြီးနေထိုင်သင့်ပါတယ်။

အပြင်မှာကြမ်းပေမဲ့ အတွင်းမှာ..သင်းပျံ့တဲ့ရနံ့ရှိအောင်ကြိုးစားပြီးနေထိုင်မယ်ဆိုရင်..ဘဝဟာသာယာပါတယ်။

credit – original writer

Zawgyi

တံမြက်စည်းပုံပြင်ကပေးတဲ့ ဘဝသင်ခန်းစာ

(လုံးဝ good တယ္ဗ်ာ) ဖတ်လိုက်ရတာ စိတ်ချမ်းသာလိုက်တာ

တစ်ခါတုန်းက တံမြက်စည်းသည်ကြီးက တံမြက်စည်းနှစ်ချောင်းကိုရောင်းချခဲ့တယ်။ဝယ်တဲ့သူက တစ်ချောင်းကိုအိမ်ပေါ်မှာလှည်းဖို့နဲ့ တစ်ချောင်းကမြေကြီးမှာ လှည်းဖို့ဆိုပြီး ဝယ်ခဲ့တာပေါ့။

မြေကြီးမှာ အလှည်းခံရတဲ့တံမြက်စည်းကနေ့စဉ်နေ့တိုင်း ဖှုန်တွေနဲ့လုံးပန်းကျင်ကြီးကျင်ငယ်တွေနဲ့ထိရကြမ်းတမ်းတဲ့ကျောက်စရစ်တွေနဲ့လဲ ကြုံရဆုံရတော့သူ့ဘဝဟာ ကြမ်းသထက်ကြမ်းလာတယ်တဲ့။

ဒီဟာကိုကြည့်ပြီးသူ့ဘဝသူ အားငယ်တတ်လာတယ်။အိမ်ပေါ်မှာ နေရတဲ့တံမြက်စည်းလေးဖြစ်ရင်သိပ်ကောင်းမှာ သူ့ဘဝကျတော့နေလဲမပူကြမ်းတဲ့

ကျောက်စရစ်တွေနဲ့မတွေ့ရကျင်ကြီးကျင်ငယ်နဲ့မဆုံနဲ့..သူ့ဘဝသာယာနေမှာဘဲဆိုပြီးသူ့မိတ်ဆွေ အိမ်ပေါ်လှည်းခံရတဲ့တံမြက်စည်းကို အားကျနေတယ်တဲ့။

နောက်ပြီး သူကအိမ်ပေါ်မှာနေရတော့သူက သင်းပျံ့တဲ့ရနံ့တွေနဲ့နေရမှာပဲငါလိုဘဝမကြမ်းလောက်ဘူးငါလဲသူ့လိုဘဝရောက်ရင်သိပ်ကောင်းမှာပဲဆိုပြီး….အမြဲတွေးပြီးနေတတ်တယ်တဲ့။

ဒါနဲ့တစ်နေ့ သူ့သူငယ်ချင်းတံမြက်စည်းကိုလှေခါးနားမှာ ဆုံမိကြတယ်တဲ့။စကားပြောဖြစ်ကြတယ်ပေါ့။

အိမ်အောက်မြေကြီးမှာအလှည်းခံရတဲ့တံမြက်စည်းက”သူငယ်ချင်း မင်းဘဝကသိပ်သာယာတာပဲကွာ။ငါ့လိုမကြမ်းတမ်းဘူးမကောင်းတဲ့ရနံ့တွေနဲ့ မထိတွေရဘူး။မင်းဘဝကသိပ်ပျော်စရာကောင်းမှာပဲလို့ပြောရှာသတဲ့…”မင်းလိုဘဝမျိုးနေချင်လိုက်တာ”လို့ ခဏခဏပြောသတဲ့။

ဒါနဲ့အိမ်ပေါ်က…တံမြက်စည်းကပြန်ပြောလိုက်တာက” တကယ်တော့ အပြင်မြင်ရင်တော့သာယာတယ်မင်းထင်ချင်ထင်လိမ့်မယ်မသာယာပါဘူးကွာ။လင်မယားချင်းရန်ဖြစ်လဲငါ့ကိုဆွဲပြီး ရိုက်ကြတယ်။တယောက်နဲ့တယောက်ဆွဲကြ လုကြတယ်။

သားသမီးရိုက်ပြီးဆိုလဲငါ့ကိုအသုံးပြုတယ်။ဒါနဲ့တယောက်နဲ့တယောက်ဆွဲကြလုကြပြန်ရောငါ့ဘဝက မင်းလိုမကြမ်းတမ်းပေမဲ့နေ့စဉ် နားငြီးရသလို နာကျင်တဲ့ဝေဒနာခံစားရတယ် စိတ်ရှုပ်ရတယ်။ငါက ပင်ပန်းတာမခံရပေမဲ့စိတ်ရှုပ်စရာကြီးပါ။

နောက်ပြီးငါ့ကိုဘယ်နားမှာထားတာလဲမင်းသိလား ခြေနင်းခုံနားမှာထားတာဟိုလူလာလဲ တိုက်သြားနင်းသွား နဲ့ မင်းကွာသေချင်စော်ကိုနံရော”လို့ပြောပြလိုက်တော့…

အိမ်အောက်တံမြက်စည်းကသူ့ဘဝသူကျေနပ်သလိုခံစားခံစားရသွားတယ်တဲ့။သူကတွေးလိုက်သည်မှာကဪ.. အပြင်ပုံသဏ္ဌာန်လှပေမဲ့..ဘဝဒုက္ခထွေထွေကငါ့ထက်များလှပါလားတကယ်တော့ ငါ့ဘဝက ကြမ်းပေမဲ့သူ့လောက်မဆိုးသေးပါလားလို့ တွေးပြီးခေါင်းငုံ့ကာ သူငယ်ချင်းနှစ်ယောက်သူ့နေရာသူပြန်ကြသတဲ့။

ပုံပြင်လေးကတော့ ဒါပါပဲ။လောကလူတွေလဲပုံပြင်လေးထဲကလိုအပြင်မှာကြမ်းလို့လဲ စိတ်မပျက်နဲ့အိမ်ကောင်းကောင်းနဲ့နေနေရတယ်သင်းပျံ့တဲ့ရနံ့တွေကြားမှာနေနေရတယ်ဆိုပေမဲ့လဲ အားမကျနဲ့ အပြင်လှပြီးအတွင်းပုတ်တာတွေအများကြီးပါ။