Knowledge

အရေပြားရောဂါများအတွက် အစွမ်းထက်တဲ့ ကြိတ်မှန်ရွက်

အရေပြားရောဂါများအတွက် အစွမ်းထက်တဲ့ ကြိတ်မှန်ရွက်

ပွေး၊ ဝဲ၊ ညှင်း၊ နှင်းခူ၊ အနာစိမ်း၊ ထိခိုက်ဒဏ်ရာ၊ မီးလောင်ဒဏ်ရာ စသည့် အရေပြားပေါ်မှ အနာရောဂါအမျိုးမျိုးအတွက် ကြိတ်မှန်ရွက်ဖြင့် ပျောက်ကင်းအောင် ကုသနည်းကို မျှဝေပေးလိုက်ပါတယ်။ကြိတ်မှန်ရွက်ကို အင်္ဂလိပ်လို Eclipta Alba လို့ ခေါ်ပါတယ်။ နေရာဒေသ အနှံ့မှာ ပေါက်ကြပါတယ်။

(၁) ယားနာ၊ ပွေး၊ ဝဲ၊ ညှင်း၊ နှင်းခူ စသည့် ယားနာနှင့်အနာစိမ်းများပေါက်လျှင် ကြိတ်မှန်ရွက် လက်တစ်ဆုပ်ခန့်ကို ရေစင်အောင်ဆေးကာ ကြိတ်၍ အရည်ညှစ်ယူပါ။

(၂) ၎င်းသတ္တုရည်ဖြင့် အနာပေါ်ကို တစ်နေ့ ၃ ကြိမ် လိမ်းပေးပါ။

(၃) ကြိတ်မှန်ရွက်ကို ပြုတ်၍ ၎င်းပြုတ်ရည်ဖြင့် အနာကို ဆေးကြော သန့်စင်ပေးပါ။

(၄) ရေယုန်ပေါက်လျှင် ကြိတ်မှန်ရွက်နှင့် နနွင်းကို ဆတူကြိတ်၍ ရေယုန်ပေါ်ကို တစ်နေ့ ၂ ကြိမ် လိမ်းပေးထားပါ။

(၅) မီးလောင်ဒဏ်ရာ၊ ရေနွေးအပူလောင်ဒဏ်ရာ၊ အရေပြားပေါ်မှ အဖြူကွက်ဒဏ်ရာများဖြစ်လျှင်..

ကြိတ်မှန်ရွက်နှင့် ပင်စိမ်းရွက်တို့ကို ဆတူရောကြိတ်၍ ၎င်းသတ္တုရည်ကို တစ်နေ့ ၂ ကြိမ် လိမ်းပေးပါ။လွယ်ကူသက်သာ၍ ထိရောက်စွာ ပျောက်ကင်းစေနိုင်မည့် သဘာဝဆေးနည်းဖြင့် အနာရောဂါများကို ကုသနိုင်ကြပါစေနော်။ လူသားတိုင်း အနာရောဂါကင်းရှင်းနိုင်ကြပါစေ။

Credit

အေရျပားေရာဂါမ်ားအတြက္ အစြမ္းထက္တဲ့ ႀကိတ္မွန္႐ြက္

ေပြး၊ ဝဲ၊ ညႇင္း၊ ႏွင္းခူ၊ အနာစိမ္း၊ ထိခိုက္ဒဏ္ရာ၊ မီးေလာင္ဒဏ္ရာ စသည့္ အေရျပားေပၚမွ အနာေရာဂါအမ်ိဳးမ်ိဳးအတြက္ ႀကိတ္မွန္႐ြက္ျဖင့္ ေပ်ာက္ကင္းေအာင္ ကုသနည္းကို မွ်ေဝေပးလိုက္ပါတယ္။ႀကိတ္မွန္႐ြက္ကို အဂၤလိပ္လို Eclipta Alba လို႔ ေခၚပါတယ္။ ေနရာေဒသ အႏွံ႔မွာ ေပါက္ၾကပါတယ္။

(၁) ယားနာ၊ ေပြး၊ ဝဲ၊ ညႇင္း၊ ႏွင္းခူ စသည့္ ယားနာႏွင့္အနာစိမ္းမ်ားေပါက္လွ်င္ ႀကိတ္မွန္႐ြက္ လက္တစ္ဆုပ္ခန႔္ကို ေရစင္ေအာင္ေဆးကာ ႀကိတ္၍ အရည္ညႇစ္ယူပါ။

(၂) ၎သတၱဳရည္ျဖင့္ အနာေပၚကို တစ္ေန႔ ၃ ႀကိမ္ လိမ္းေပးပါ။

(၃) ႀကိတ္မွန္႐ြက္ကို ျပဳတ္၍ ၎ျပဳတ္ရည္ျဖင့္ အနာကို ေဆးေၾကာ သန႔္စင္ေပးပါ။

(၄) ေရယုန္ေပါက္လွ်င္ ႀကိတ္မွန္႐ြက္ႏွင့္ နႏြင္းကို ဆတူႀကိတ္၍ ေရယုန္ေပၚကို တစ္ေန႔ ၂ ႀကိမ္ လိမ္းေပးထားပါ။

(၅) မီးေလာင္ဒဏ္ရာ၊ ေရေႏြးအပူေလာင္ဒဏ္ရာ၊ အေရျပားေပၚမွ အျဖဴကြက္ဒဏ္ရာမ်ားျဖစ္လွ်င္..

ႀကိတ္မွန္႐ြက္ႏွင့္ ပင္စိမ္း႐ြက္တို႔ကို ဆတူေရာႀကိတ္၍ ၎သတၱဳရည္ကို တစ္ေန႔ ၂ ႀကိမ္ လိမ္းေပးပါ။လြယ္ကူသက္သာ၍ ထိေရာက္စြာ ေပ်ာက္ကင္းေစႏိုင္မည့္ သဘာဝေဆးနည္းျဖင့္ အနာေရာဂါမ်ားကို ကုသႏိုင္ၾကပါေစေနာ္။ လူသားတိုင္း အနာေရာဂါကင္းရွင္းႏိုင္ၾကပါေစ။

Credit