Health Care

မွေးကင်းစကလေးတွေကို သန့်ရှင်းရေးလုပ်ပေးတာနဲ့ ပတ်သက်ပြီး မိဘအများစု သတိမထားမိတဲ့အချက် (၈) ချက်

ကလေးတွေရဲ့ကျန်းမာရေးအတွက် ရေချိုးပေးတဲ့နည်းလမ်းက အရေးပါပါတယ်။ ကလေးတွေကို ရေချိုးပေးတဲ့အခါ မိဘအများစု သတိမထားမိတဲ့အချက်တွေ ရှိပါတယ်။

၁။ ကလေးတွေကို တစ်ရက်တစ်ခါ ရေချိုးပေးသင့်လား။

မိဘအများစုကတော့ ကလေးတွေကို တစ်ရက်တစ်ခါ ရေချိုးပေးကြပါတယ်။ ဒါပေမယ့် ကလေးတွေကို ၃ ရက်တစ်ခါ ရေချိုးပေးရင်လည်း လုံလောက်ပါတယ်။ ကလေးတွေရဲ့ အသားအရေက လူကြီးတွေထက် အများကြီးနူးညံ့ပြီး ထိခိုက်လွယ်တာကြောင့် ကလေးပေါ်မှာ မူတည်ပြီး ရေချိုးပေးနိုင်ပါတယ်။

ကလေးတွေကို ရေမချိုးပေးဖြစ်ရင် ခြေထောက်နဲ့ လက်ကို သန့်ရှင်းရေးလုပ်ပေးတာ၊ မျက်နှာကို သန့်ရှင်းရေးလုပ်ပေးတာ၊ အခြားအစိတ်အပိုင်းတွေကို သန့်ရှင်းရေးလုပ်ပေးတာတွေကို ပြုလုပ်နိုင်ပါတယ်။

၂။ ကလေးကို ဘယ်လိုရေချိုးပေးသင့်လဲ။

မွေးကင်းစကလေးတွေရဲ့အသားအရေက အရမ်းထိလွယ်ရှလွယ်ဖြစ်တာကြောင့် ရေချိုးပေးတဲ့အခါ နူးညံ့တဲ့ဖော့လေးတွေကိုသုံးသင့်ပါတယ်။ ဖော့လေးတွေက သန့်ရှင်းရေးလုပ်ရတာ၊ ကိုင်ရတာ လွယ်ကူပါတယ်။

၃။ ကလေးတွေကို ရေချိုးပေးတဲ့အခါ ဘယ်နေရာတွေကို သတိထားပြီး သန့်ရှင်းပေးသင့်လဲ။

ကလေးလေးတွေကို ရေချိုးပေးတဲ့အခါ ချိုင်းကြားနေရာ၊ ပေါင်ခြံနေရာ၊ နားအနောက်၊ လည်ပင်းနဲ့ မျိုးပွားအင်္ဂါနေရာတွေကို အထူးသတိထားပြီး သန့်ရှင်းရေးလုပ်ပေးသင့်ပါတယ်။ သန့်ရှင်းရေးလုပ်ပြီးတဲ့အခါမှာလည်း ခြောက်သွေ့အောင် ပြုလုပ်ပေးပါ။

၄။ ကလေးရဲ့မျက်လုံးနဲ့ နားထဲကို ခေါင်းလျှော်ရည်တွေ၊ ရေတွေမဝင်အောင် ဘယ်လိုကာကွယ်မလဲ။

ကလေးကို ခေါင်းလျှော်ပေးတဲ့အခါ ဦးခေါင်းနေရာကို သင့်ရဲ့လက်ချောင်းလေးတွေနဲ့ ဖြည်းဖြည်းချင်းနှိပ်နယ်ပြီး ခေါင်းလျှော်ပေးပါ။ ကလေးရဲ့နဖူးမှာ လက်ကို ကာပြီးရေချိုးပေးရင် ခေါင်းလျှော်ရည်တွေ၊ ရေတွေက မျက်လုံးနဲ့ နားထဲကို မဝင်တော့ပါဘူး။

ဒါမှမဟုတ် ကလေးတွေရေချိုးရင်အသုံးပြုဖို့ ထုတ်လုပ်ထားတဲ့ ဦးထုပ်လေးတွေကိုလည်း အသုံးပြုနိုင်ပါတယ်။

၅။ ကလေးတွေရဲ့မျက်လုံးကို သန့်ရှင်းရေးလုပ်နည်း

အရင်ဆုံး သင့်ရဲ့လက်ကို သေချာဆေးပြီး သန့်ရှင်းတဲ့အဝတ်နဲ့ ခြောက်သွေ့အောင်သုတ်ပါ။ အဲဒီနောက် သာမန်အပူချိန်ရှိတဲ့ရေထဲကို သန့်ရှင်းတဲ့ ပိတ်စလေးခဏလောက်နှစ်ပြီး ကလေးရဲ့မျက်ဝတ်တွေကို သန့်ရှင်းရေးလုပ်ပေးပါ။ ကလေးရဲ့မျက်လုံးတစ်ဖက်အတွက် ပိတ်စတစ်စကိုသာ အသုံးပြုပါ။

၆။ ကလေးတွေရဲ့နှာခေါင်းကို သန့်ရှင်းရေးလုပ်နည်း

ကလေးတွေရဲ့နှာခေါင်းထဲမှာ သန့်ရှင်းစေဖို့ အထူးထုတ်လုပ်ထားတဲ့ နှာခေါင်းသန့်ရှင်းရေး ကိရိယာလေးတွေကို အသုံးပြုပါ။ တစ်ရှူး၊ နားကြပ်တံနဲ့ အခြားအရာတွေကို ကလေးရဲ့နှာခေါင်းကို သန့်ရှင်းရေးလုပ်ဖို့အတွက် အသုံးမပြုသင့်ပါဘူး။

၇။ ကလေးတွေရဲ့ နားထဲကို သန့်ရှင်းရေးလုပ်နည်း

နားက သူ့ဘာသာသူ သန့်ရှင်းရေးလုပ်ပါတယ်။ နားထဲမှာ နာကျင်တာ၊ ပိတ်မိ‌နေတာ၊ မသက်မသာ ဖြစ်နေတဲ့အချိန်မှသာ သန့်ရှင်းရေးလုပ်သင့်ပါတယ်။

ကလေးတွေရဲ့နားထဲကို သန့်ရှင်းရေးလုပ်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ နားဖာချေးဖယ်ရှားပေးတဲ့ ဆေးရည်ကို ထည့်တာပါ။ ဒါပေမယ့် အဲဒါကိုလည်း ဆရာဝန်ရဲ့ခွင့်ပြုချက်နဲ့သာ အသုံးပြုသင့်ပါတယ်။

၈။ ကလေးတွေကို လက်သည်းဘယ်လိုညှပ်ပေးမလဲ။

ကလေးတွေရဲ့လက်သည်းက အရှည်မြန်တာကြောင့် ပုံမှန်ညှပ်ပေးဖို့ လိုအပ်ပါတယ်။ အဲဒါကြောင့် ကလေးတွေအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ လက်သည်းညှပ်ကိုသာ အသုံးပြုပါ။ ကလေးရဲ့လက်သည်းညှပ်နဲ့ လူကြီးရဲ့လက်သည်းညှပ်ကို ရောပြီးမသုံးသင့်ပါဘူး။

Zombie (lovemedia)

ကေလးေတြရဲ႕က်န္းမာေရးအတြက္ ေရခ်ိဳးေပးတဲ့နည္းလမ္းက အေရးပါပါတယ္။ ကေလးေတြကို ေရခ်ိဳးေပးတဲ့အခါ မိဘအမ်ားစု သတိမထားမိတဲ့အခ်က္ေတြ ရွိပါတယ္။

၁။ ကေလးေတြကို တစ္ရက္တစ္ခါ ေရခ်ိဳးေပးသင့္လား။

မိဘအမ်ားစုကေတာ့ ကေလးေတြကို တစ္ရက္တစ္ခါ ေရခ်ိဳးေပးၾကပါတယ္။ ဒါေပမယ့္ ကေလးေတြကို ၃ ရက္တစ္ခါ ေရခ်ိဳးေပးရင္လည္း လုံေလာက္ပါတယ္။ ကေလးေတြရဲ႕ အသားအေရက လူႀကီးေတြထက္ အမ်ားႀကီးႏူးညံ့ၿပီး ထိခိုက္လြယ္တာေၾကာင့္ ကေလးေပၚမွာ မူတည္ၿပီး ေရခ်ိဳးေပးႏိုင္ပါတယ္။

ကေလးေတြကို ေရမခ်ိဳးေပးျဖစ္ရင္ ေျခေထာက္နဲ႔ လက္ကို သန႔္ရွင္းေရးလုပ္ေပးတာ၊ မ်က္ႏွာကို သန႔္ရွင္းေရးလုပ္ေပးတာ၊ အျခားအစိတ္အပိုင္းေတြကို သန႔္ရွင္းေရးလုပ္ေပးတာေတြကို ျပဳလုပ္ႏိုင္ပါတယ္။

၂။ ကေလးကို ဘယ္လိုေရခ်ိဳးေပးသင့္လဲ။

ေမြးကင္းစကေလးေတြရဲ႕အသားအေရက အရမ္းထိလြယ္ရွလြယ္ျဖစ္တာေၾကာင့္ ေရခ်ိဳးေပးတဲ့အခါ ႏူးညံ့တဲ့ေဖာ့ေလးေတြကိုသုံးသင့္ပါတယ္။ ေဖာ့ေလးေတြက သန႔္ရွင္းေရးလုပ္ရတာ၊ ကိုင္ရတာ လြယ္ကူပါတယ္။

၃။ ကေလးေတြကို ေရခ်ိဳးေပးတဲ့အခါ ဘယ္ေနရာေတြကို သတိထားၿပီး သန႔္ရွင္းေပးသင့္လဲ။

ကေလးေလးေတြကို ေရခ်ိဳးေပးတဲ့အခါ ခ်ိဳင္းၾကားေနရာ၊ ေပါင္ၿခံေနရာ၊ နားအေနာက္၊ လည္ပင္းနဲ႔ မ်ိဳးပြားအဂၤါေနရာေတြကို အထူးသတိထားၿပီး သန႔္ရွင္းေရးလုပ္ေပးသင့္ပါတယ္။ သန႔္ရွင္းေရးလုပ္ၿပီးတဲ့အခါမွာလည္း ေျခာက္ေသြ႕ေအာင္ ျပဳလုပ္ေပးပါ။

၄။ ကေလးရဲ႕မ်က္လုံးနဲ႔ နားထဲကို ေခါင္းေလွ်ာ္ရည္ေတြ၊ ေရေတြမဝင္ေအာင္ ဘယ္လိုကာကြယ္မလဲ။

ကေလးကို ေခါင္းေလွ်ာ္ေပးတဲ့အခါ ဦးေခါင္းေနရာကို သင့္ရဲ႕လက္ေခ်ာင္းေလးေတြနဲ႔ ျဖည္းျဖည္းခ်င္းႏွိပ္နယ္ၿပီး ေခါင္းေလွ်ာ္ေပးပါ။ ကေလးရဲ႕နဖူးမွာ လက္ကို ကာၿပီးေရခ်ိဳးေပးရင္ ေခါင္းေလွ်ာ္ရည္ေတြ၊ ေရေတြက မ်က္လုံးနဲ႔ နားထဲကို မဝင္ေတာ့ပါဘူး။

ဒါမွမဟုတ္ ကေလးေတြေရခ်ိဳးရင္အသုံးျပဳဖို႔ ထုတ္လုပ္ထားတဲ့ ဦးထုပ္ေလးေတြကိုလည္း အသုံးျပဳႏိုင္ပါတယ္။

၅။ ကေလးေတြရဲ႕မ်က္လုံးကို သန႔္ရွင္းေရးလုပ္နည္း

အရင္ဆုံး သင့္ရဲ႕လက္ကို ေသခ်ာေဆးၿပီး သန႔္ရွင္းတဲ့အဝတ္နဲ႔ ေျခာက္ေသြ႕ေအာင္သုတ္ပါ။ အဲဒီေနာက္ သာမန္အပူခ်ိန္ရွိတဲ့ေရထဲကို သန႔္ရွင္းတဲ့ ပိတ္စေလးခဏေလာက္ႏွစ္ၿပီး ကေလးရဲ႕မ်က္ဝတ္ေတြကို သန႔္ရွင္းေရးလုပ္ေပးပါ။ ကေလးရဲ႕မ်က္လုံးတစ္ဖက္အတြက္ ပိတ္စတစ္စကိုသာ အသုံးျပဳပါ။

၆။ ကေလးေတြရဲ႕ႏွာေခါင္းကို သန႔္ရွင္းေရးလုပ္နည္း

ကေလးေတြရဲ႕ႏွာေခါင္းထဲမွာ သန႔္ရွင္းေစဖို႔ အထူးထုတ္လုပ္ထားတဲ့ ႏွာေခါင္းသန႔္ရွင္းေရး ကိရိယာေလးေတြကို အသုံးျပဳပါ။ တစ္ရႉး၊ နားၾကပ္တံနဲ႔ အျခားအရာေတြကို ကေလးရဲ႕ႏွာေခါင္းကို သန႔္ရွင္းေရးလုပ္ဖို႔အတြက္ အသုံးမျပဳသင့္ပါဘူး။

၇။ ကေလးေတြရဲ႕ နားထဲကို သန႔္ရွင္းေရးလုပ္နည္း

နားက သူ႔ဘာသာသူ သန႔္ရွင္းေရးလုပ္ပါတယ္။ နားထဲမွာ နာက်င္တာ၊ ပိတ္မိ‌ေနတာ၊ မသက္မသာ ျဖစ္ေနတဲ့အခ်ိန္မွသာ သန႔္ရွင္းေရးလုပ္သင့္ပါတယ္။

ကေလးေတြရဲ႕နားထဲကို သန႔္ရွင္းေရးလုပ္ဖို႔ အေကာင္းဆုံးနည္းလမ္းကေတာ့ နားဖာေခ်းဖယ္ရွားေပးတဲ့ ေဆးရည္ကို ထည့္တာပါ။ ဒါေပမယ့္ အဲဒါကိုလည္း ဆရာဝန္ရဲ႕ခြင့္ျပဳခ်က္နဲ႔သာ အသုံးျပဳသင့္ပါတယ္။

၈။ ကေလးေတြကို လက္သည္းဘယ္လိုညႇပ္ေပးမလဲ

ကေလးေတြရဲ႕လက္သည္းက အရွည္ျမန္တာေၾကာင့္ ပုံမွန္ညႇပ္ေပးဖို႔ လိုအပ္ပါတယ္။ အဲဒါေၾကာင့္ ကေလးေတြအတြက္ သီးသန႔္ထုတ္လုပ္ထားတဲ့ လက္သည္းညႇပ္ကိုသာ အသုံးျပဳပါ။ ကေလးရဲ႕လက္သည္းညႇပ္နဲ႔ လူႀကီးရဲ႕လက္သည္းညႇပ္ကို ေရာၿပီးမသုံးသင့္ပါဘူး။

Zombie (lovemedia)