ဒီစာက အမျိုးသမီးတွေ သီးသန့်ဖတ်ဖို့အတွက်ပါ…
စိတ်ပင်ပန်းမှုတွေ၊ ဝမ်းနည်းမှုတွေ၊ မခံချိမခံသာဖြစ်မှုတွေကြောင့် မိန်းကလေးတွေရဲ့ ဓမ္မတာလာချိန်က နောက်ကျတာမျိုး၊ ရာသီစလာပြီဆိုရင်လည်း မခံရက်နိုင်လောက်အောင် ဗိုက်အောင့်တာမျိုး၊ ကိုက်ခဲနေတာမျိုးတွေ ဖြစ်လာတတ်ပါတယ်။
ဓမ္မတာဆိုတာ လစဉ်ပုံမှန် ဖြစ်တာ အကောင်းဆုံးဆိုပေမဲ့ ပုံမှန်အချိန်ဆို တစ်ပတ်စော၊ တစ်ပတ်နောက်ကျကတော့ ဖြစ်တတ်ကြပါတယ်။
ဒါပေမဲ့ အခုလိုအချိန်မှာတော့ မိန်းကလေးတော်တော်များများ ဓမ္မာလာချိန်က တစ်ပတ်ထက်ပိုပြီး နောက်ကျနေကြပါတယ်။
ဒါဟာ စိတ်ဖိစီးမှုတွေကြောင့်လည်း ဖြစ်နိုင်သလို အစားအသောက်တွေေ၊ အနေအထိုင်တွေ ကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ဒီကာလမှာတော့ ရာသီထိန်တာဟာ စိတ်ဖိစီးမှုကြောင့် ပိုဖြစ်နိုင်ပါတယ်။ ဘယ်အကြောင်းကြောင့်ဖြစ်ဖြစ် မိန်းကလေးတွေအနေနဲ့ ဓမ္မတာမလာခင်နဲ့ လာနေတဲ့အချိန်မှာ ဂရုစိုက်သင့်တာလေးတွေကို ပြောပြပေးသွားပါ့မယ်။
ဓမ္မာတာလာတာ ပုံမှန်ထက်နောက်ကျနေပြီဆိုရင်
အနားယူပါ
စိတ်ဖိစီးမှုတွေ၊ စိတ်ပင်ပန်းမှုတွေကြောင့် ရာသီထိန်တတ်တာမို့ ကိုယ့်ရဲ့ လစဉ် ဓမ္မတာလာမယ့်ရက် မတိုင်ခင် အနည်းငယ် အနားယူပေးပါ။ စိတ်ကို Relax ဖြစ်အောင် Relax song လေးတွေ နားထောင်ပေးတာမျိုးလုပ်ပေးပါ။
အကြံပြုချက်တစ်ခုအနေနဲ့ Cannon in D ( Pachelbel’s Canon )ရဲ့ Original song လေး နားထောင်ပေးတာမျိုး ဒါမှမဟုတ် Piano version နားထောင်ပေးတာမျိုးလေးလုပ်ပေးပါ။
ဒီလို Relax song လေးတွေကို ညအိပ်ခါနီးနားထောင်ပေးခြင်းဖြင့်လည်း နှစ်ခြိုက်စွာအိပ်ပျော်စေနိုင်သလို စိတ်ကိုလည်း Relax ဖြစ်စေနိုင်ပါတယ်။
အိပ်ရေးဝအောင်အိပ်ပါ
အိပ်ဖို့အတွက်အချိန်ကို ညမှ အိပ်တာမျိုးမဟုတ်ပဲ ရရင်ရသလိုလေး အိပ်ပေးပါ။
အစားအသောက်ကို ဂရုစိုက်ပေးပါ
ဒီလိုအချိန်မှာ ကော်ဖီသောက်တာမျိုး အေးတဲ့အစားအစာစားတာမျိုး ရှောင်ရှားပေးပါ။ သံဓါတ်ကြွယ်ဝတဲ့အစားအစာမျိုး ပူပူနွေးနွေး အစားအစာစားတာမျိုးလုပ်ပေးပါ။
ဓမ္မတာလာချိန် အရမ်းကိုက်ခဲတာမျိုးဆိုရင်
ဓမ္မတာပုံမှန်လာချိန်တောင် ကိုက်ခဲတတ်တဲ့ ကိုယ်တို့အမျိုးသမီးလေးတွေဟာ အခုလိုမျိုး ပုံမှန်ထက်နောက်ကျတဲ့ ဓမ္မတာလာချိန်မှာ ပုံမှန်ထက်ကို ပိုပြီး ကိုက်ခဲတတ်ကြပါတယ်။
တစ်ယောက်နဲ့ တစ်ယောက် ကိုက်ခဲတတ်တဲ့ ပုံစံမျိုး မတူညီပေမဲ့ ကိုယ်တို့အမျိုးသမီးတွေ ကိုက်ခဲတဲ့အချိန်ဟာ တော်တော်ကြီး ခံစားရခက်တာပါပဲ။
ဆေးသောက်ခြင်း
ဓမ္မတာလာလို့ ဆေးသောက်ကြမယ်ဆိုရင် EVE, Eposoftတို့လို evening oil ပါတဲ့ ဆေးမျိုး သောက်ပေးတာကောင်းပါတယ်။ Vitamin E ပါတဲ့ ဆေးလေးတွေသောက်ပေးပါ။
မိန်းကလေးတွေ ဓမ္မတာလာခါနီးနဲ့ ဓမ္မတာလာနေတဲ့အချိန်မှာ ပိုပြီး စိတ်ထိခိုက်လွယ်၊ စိတ်တိုလွယ်တာကြောင့် ပတ်ဝန်းကျင်က မိသားစု၊ သူငယ်ချင်းတွေ နဲ့ ချစ်သူ ကြင်ဖော်အနေနဲ့ အရင်ကထက် ပိုပြီးဂရုစိုက်ပေးကြပါ။
သူတို့ စိတ်တိုလို့ ကိုယ်လည်းစိတ်တိုတာမျိုးမဟုတ်ပဲ စိတ်ရှည်ရှည်လေးထားပြီး ကိုယ့်အမျိုးသမီး၊ ချစ်သူလေးအပေါ်ဆက်ဆံပေးကြဖို့ လိုအပ်ပါတယ်။
အမျိုးသမီးလေးတွေလည်း စိတ်ကျန်းမာရေးကို ဂရုစိုက်ပြီး စိတ်ကိုလည်း အနားပေးရင်း ကျန်းမာရေးကိုလည်း ဂရုစိုက်ကြပါ။
Credit #yathar magazine
Zawgyi
ဒီစာက အမ်ိဳးသမီးေတြ သီးသန႔္ဖတ္ဖို႔အတြက္ပါ….
စိတ္ပင္ပန္းမႈေတြ၊ ဝမ္းနည္းမႈေတြ၊ မခံခ်ိမခံသာျဖစ္မႈေတြေၾကာင့္ မိန္းကေလးေတြရဲ႕ ဓမၼတာလာခ်ိန္က ေနာက္က်တာမ်ိဳး၊ ရာသီစလာၿပီဆိုရင္လည္း မခံရက္နိုင္ေလာက္ေအာင္ ဗိုက္ေအာင့္တာမ်ိဳး၊ ကိုက္ခဲေနတာမ်ိဳးေတြ ျဖစ္လာတတ္ပါတယ္။
ဓမၼတာဆိုတာ လစဥ္ပုံမွန္ ျဖစ္တာ အေကာင္းဆုံးဆိုေပမဲ့ ပုံမွန္အခ်ိန္ဆို တစ္ပတ္ေစာ၊ တစ္ပတ္ေနာက္က်ကေတာ့ ျဖစ္တတ္ၾကပါတယ္။
ဒါေပမဲ့ အခုလိုအခ်ိန္မွာေတာ့ မိန္းကေလးေတာ္ေတာ္မ်ားမ်ား ဓမၼာလာခ်ိန္က တစ္ပတ္ထက္ပိုၿပီး ေနာက္က်ေနၾကပါတယ္။ ဒါဟာ စိတ္ဖိစီးမႈေတြေၾကာင့္လည္း ျဖစ္နိုင္သလို အစားအေသာက္ေတြေ၊ အေနအထိုင္ေတြ ေၾကာင့္လည္း ျဖစ္နိုင္ပါတယ္။
ဒီကာလမွာေတာ့ ရာသီထိန္တာဟာ စိတ္ဖိစီးမႈေၾကာင့္ ပိုျဖစ္နိုင္ပါတယ္။ ဘယ္အေၾကာင္းေၾကာင့္ျဖစ္ျဖစ္ မိန္းကေလးေတြအေနနဲ႕ ဓမၼတာမလာခင္နဲ႕ လာေနတဲ့အခ်ိန္မွာ ဂ႐ုစိုက္သင့္တာေလးေတြကို ေျပာျပေပးသြားပါ့မယ္။
ဓမၼာတာလာတာ ပုံမွန္ထက္ေနာက္က်ေနၿပီဆိုရင္
အနားယူပါ
စိတ္ဖိစီးမႈေတြ၊ စိတ္ပင္ပန္းမႈေတြေၾကာင့္ ရာသီထိန္တတ္တာမို႔ ကိုယ့္ရဲ႕ လစဥ္ ဓမၼတာလာမယ့္ရက္ မတိုင္ခင္ အနည္းငယ္ အနားယူေပးပါ။ စိတ္ကို Relax ျဖစ္ေအာင္ Relax song ေလးေတြ နားေထာင္ေပးတာမ်ိဳးလုပ္ေပးပါ။
အႀကံျပဳခ်က္တစ္ခုအေနနဲ႕ Cannon in D ( Pachelbel’s Canon )ရဲ႕ Original song ေလး နားေထာင္ေပးတာမ်ိဳး ဒါမွမဟုတ္ Piano version နားေထာင္ေပးတာမ်ိဳးေလးလုပ္ေပးပါ။
ဒီလို Relax song ေလးေတြကို ညအိပ္ခါနီးနားေထာင္ေပးျခင္းျဖင့္လည္း ႏွစ္ၿခိဳက္စြာအိပ္ေပ်ာ္ေစနိုင္သလို စိတ္ကိုလည္း Relax ျဖစ္ေစနိုင္ပါတယ္။
အိပ္ေရးဝေအာင္အိပ္ပါ
အိပ္ဖို႔အတြက္အခ်ိန္ကို ညမွ အိပ္တာမ်ိဳးမဟုတ္ပဲ ရရင္ရသလိုေလး အိပ္ေပးပါ။
အစားအေသာက္ကို ဂ႐ုစိုက္ေပးပါ
ဒီလိုအခ်ိန္မွာ ေကာ္ဖီေသာက္တာမ်ိဳး ေအးတဲ့အစားအစာစားတာမ်ိဳး ေရွာင္ရွားေပးပါ။ သံဓါတ္ႂကြယ္ဝတဲ့အစားအစာမ်ိဳး ပူပူႏြေးႏြေး အစားအစာစားတာမ်ိဳးလုပ္ေပးပါ။
ဓမၼတာလာခ်ိန္ အရမ္းကိုက္ခဲတာမ်ိဳးဆိုရင္
ဓမၼတာပုံမွန္လာခ်ိန္ေတာင္ ကိုက္ခဲတတ္တဲ့ ကိုယ္တို႔အမ်ိဳးသမီးေလးေတြဟာ အခုလိုမ်ိဳး ပုံမွန္ထက္ေနာက္က်တဲ့ ဓမၼတာလာခ်ိန္မွာ ပုံမွန္ထက္ကို ပိုၿပီး ကိုက္ခဲတတ္ၾကပါတယ္။
တစ္ေယာက္နဲ႕ တစ္ေယာက္ ကိုက္ခဲတတ္တဲ့ ပုံစံမ်ိဳး မတူညီေပမဲ့ ကိုယ္တို႔အမ်ိဳးသမီးေတြ ကိုက္ခဲတဲ့အခ်ိန္ဟာ ေတာ္ေတာ္ႀကီး ခံစားရခက္တာပါပဲ။
ေဆးေသာက္ျခင္း
ဓမၼတာလာလို႔ ေဆးေသာက္ၾကမယ္ဆိုရင္ EVE, Eposoftတို႔လို evening oil ပါတဲ့ ေဆးမ်ိဳး ေသာက္ေပးတာေကာင္းပါတယ္။ Vitamin E ပါတဲ့ ေဆးေလးေတြေသာက္ေပးပါ။
မိန္းကေလးေတြ ဓမၼတာလာခါနီးနဲ႕ ဓမၼတာလာေနတဲ့အခ်ိန္မွာ ပိုၿပီး စိတ္ထိခိုက္လြယ္၊ စိတ္တိုလြယ္တာေၾကာင့္ ပတ္ဝန္းက်င္က မိသားစု၊ သူငယ္ခ်င္းေတြ နဲ႕ ခ်စ္သူ ၾကင္ေဖာ္အေနနဲ႕ အရင္ကထက္ ပိုၿပီးဂ႐ုစိုက္ေပးၾကပါ။
သူတို႔ စိတ္တိုလို႔ ကိုယ္လည္းစိတ္တိုတာမ်ိဳးမဟုတ္ပဲ စိတ္ရွည္ရွည္ေလးထားၿပီး ကိုယ့္အမ်ိဳးသမီး၊ ခ်စ္သူေလးအေပၚဆက္ဆံေပးၾကဖို႔ လိုအပ္ပါတယ္။
အမ်ိဳးသမီးေလးေတြလည္း စိတ္က်န္းမာေရးကို ဂ႐ုစိုက္ၿပီး စိတ္ကိုလည္း အနားေပးရင္း က်န္းမာေရးကိုလည္း ဂ႐ုစိုက္ၾကပါ။
Credit #yathar magazine



