Knowledge

အပူေၾကာင့္ ျဖစ္ေနတဲ့ ေရာဂါေတြ မွန္သမၽွကို ခ်က္ခ်င္းသက္သာေစတဲ့ ဆရာေလးရဲ့နည္းလမ္း

အပူေၾကာင့္ ျဖစ္ေနတဲ့ ေရာဂါေတြ မွန္သမၽွကို ခ်က္ခ်င္းသက္သာေစတဲ့ ဆရာေလးရဲ့နည္းလမ္း

အပူေတြ အထက္တက္ေနလား လြယ္လြယ္ေလးပါ တကယ္လုပ္ၾကည့္ေစခ်င္ပါတယ္။ ေပ်ာက္ေစခ်င္လြန္းလို႔ ျပန္တင္ေပးပါတယ္ေနာ္။ အနည္းဆုံးသုံးရက္ စမ္းျဖစ္ေအာင္ စမ္းၾကည့္ပါအုံး။

အပူထုတ္ၿပီးရင္ေတာ့ ေရမခ်ိဳးရေတာ့ဘူးေနာ္။ သတိထားအုံး။ အပူေတြ အထက္တက္ေနလား လြယ္လြယ္ေလးပါ ။ ။

အပူေတြေအာင္းလို႔ ဖေနာင့္နာေနတဲ့အခါ ၊ ရိုးရိုးအပူေအာင္းလို႔ ခါးနာေနတဲ့အခါ၊ ေျခေထာက္ေရစိုလို႔ အပူေတြ အေပၚတက္ၿပီး ေခါင္းကိုက္ေနတဲ့အခါ၊အပူေတြ အေပၚတက္ၿပီး သြားနာေနတဲ့အခါ၊

အပူအပုတ္အစပ္ေတြမ်ားၿပီး ေနရထိုင္ရတာ မအီမသာျဖစ္ေနတဲ့အခါ၊ ေျခဖဝါးေတြ ကြဲေနတဲ့အခါ ဆရာေလး ေတြ႕ရွိထားတဲ့ နည္းအသစ္ေလးကိုအသုံးခ်ၿပီး သက္သာ ေပ်ာက္ကင္းေစရန္ တင္ေပးလိုက္ပါတယ္ေနာ္။

ေျပာရရင္ ဆရာေလးက ေတာ္ေတာ္ေလးကို လၽွာရွည္တယ္..။ စမ္းသပ္ ေလ့လာခ်င္တဲ့ စိတ္ေတြရွိပါတယ္။ဆရာေလးက အသက္သာ ၅၀ေက်ာ္လာလိုက္တာ ဖ်ားနာတာ သိပ္မရွိသေလာက္ပါဘဲ။

ငယ္ထဲက ဒီေန႔ထိ မ်က္ေစ့က်ိမ္းတယ္ဆိုတာ ဘာမွန္းမသိဘူး မ်က္က်ိမ္းေရတို႔ထားတဲ့လက္ကိုင္ပဝါနဲ႔ တို႔တာေတာင္ မကူးပါဘူး။တစ္ခါမွကို မ်က္ေစ့ေတာင္ မက်ိမ္းဘူးတာ။

ေအးဒါေပမဲ့ အသက္ႀကီးလာေတာ့ ဝလာေရာ ေျခေထာက္က အေပၚဝိတ္ကို မခံနိုင္တာေရာ၊ ေျခဆီမထြက္တာေရာေၾကာင့္ ေျခဖေနာင့္ေတြ အထိုင္အထက် နာေနပါေလေရာ

ဒါေပမဲ့လူေျပာသူေျပာနဲ႔ ေျခဖဝါးႏွစ္ဖက္ကို ဆားနဲ႔နာရီဝက္ေလာက္ ပြတ္ၿပီး ခါးဝတ္နဲ႔ ေလလုံေအာင္ပတ္ၿပီး ေျခဖဝါး ေခၽြးထုတ္ေပးတဲ့အခါ ဖေနာင့္နာတာ သက္သာလာပါတယ္။

အဲ့ဒီမွာ ဆရာေလး တစ္ခုသတိထားမိတာက ေျခဖဝါး ေခၽြးမ်ားမ်ားထြက္ဖို႔ အေရးႀကီးပါတယ္။ ခါးဝတ္နဲ႔ပတ္ၿပီး တစ္နာရီေလာက္ ေခၽြးထုတ္ထိုင္ေပမဲ့ ေခၽြးကလိုသေလာက္ မထြက္ပါဘူး။

အဓိကေလလုံဖို႔ပါဘဲ ေလလုံရင္ ေခၽြးမ်ားမ်ားထြက္နိုင္မယ္ဆိုေတာ့ ဆရာေလးက ႂကြတ္ႂကြတ္အိတ္ေတြနဲ႔ ေျခေထာက္ႏွစ္ဖက္လုံးကို လုံေအာင္ထုတ္ၿပီး တစ္နာရီေလာက္ တင္ပ်င္ေခြၿပီးထိုင္ၿပီးထလိုက္တဲ့အခါ ေခၽြေတြရႊဲနစ္ၿပီး ဖေနာင့္နာတာေတြ ေပ်ာက္ကုန္ပါတယ္။

သြားနာတဲ့ ဘုန္းဘုန္းကို အဲ့လိုနည္းစနစ္နဲ႔ လုပ္လိုက္တာ ေကာင္းသြားပါတယ္..။ ခါးနာတဲ့ ဆရာေလးလဲ ေကာင္းကုန္ပါေတာ့တယ္။

က်န္တဲ့အပူေတြ အေပၚတက္ေနတာေတြလဲ ေကာင္းမယ္လို႔ ဆရာေလး ထင္ပါတယ္။ငါးခါေလာက္ လုပ္ၿပီးတဲ့အခါေတာ့.. ေျခဖေနာင့္ကြဲတာေတြ ေပ်ာက္ၿပီး ေခ်ာမြတ္လာပါတယ္။

ဒါေၾကာင့္နည္းစနစ္အသစ္ ေျခဖဝါးဆားပြတ္ ႂကြတ္ႂကြတ္အိတ္ ထုတ္တဲ့နည္း စနစ္ေလးကို တင္ေပးလိုက္ပါတယ္ေနာ္။

Crd

Unicode Version

အပူကြောင့် ဖြစ်နေတဲ့ ရောဂါတွေ မှန်သမျှကို ချက်ချင်းသက်သာစေတဲ့ ဆရာလေးရဲ့နည်းလမ်း

အပူတွေ အထက်တက်နေလား လွယ်လွယ်လေးပါ တကယ်လုပ်ကြည့်စေချင်ပါတယ်။ ပျောက်စေချင်လွန်းလို့ ပြန်တင်ပေးပါတယ်နော်။ အနည်းဆုံးသုံးရက် စမ်းဖြစ်အောင် စမ်းကြည့်ပါအုံး။

အပူထုတ်ပြီးရင်တော့ ရေမချိုးရတော့ဘူးနော်။ သတိထားအုံး။ အပူတွေ အထက်တက်နေလား လွယ်လွယ်လေးပါ။

အပူတွေအောင်းလို့ ဖနောင့်နာနေတဲ့အခါ၊ ရိုးရိုးအပူအောင်းလို့ ခါးနာနေတဲ့အခါ၊ ခြေထောက်ရေစိုလို့ အပူတွေ အပေါ်တက်ပြီး ခေါင်းကိုက်နေတဲ့အခါ၊အပူတွေ အပေါ်တက်ပြီး သွားနာနေတဲ့အခါ၊

အပူအပုတ်အစပ်တွေများပြီး နေရထိုင်ရတာ မအီမသာဖြစ်နေတဲ့အခါ၊ ခြေဖဝါးတွေ ကွဲနေတဲ့အခါ ဆရာလေး တွေ့ရှိထားတဲ့ နည်းအသစ်လေးကိုအသုံးချပြီး သက်သာ ပျောက်ကင်းစေရန် တင်ပေးလိုက်ပါတယ်နော်။

ပြောရရင် ဆရာလေးက တော်တော်လေးကို လျှာရှည်တယ်။ စမ်းသပ် လေ့လာချင်တဲ့ စိတ်တွေရှိပါတယ်။ဆရာလေးက အသက်သာ ၅၀ကျော်လာလိုက်တာ ဖျားနာတာ သိပ်မရှိသလောက်ပါဘဲ။

ငယ်ထဲက ဒီနေ့ထိ မျက်စေ့ကျိမ်းတယ်ဆိုတာ ဘာမှန်းမသိဘူး မျက်ကျိမ်းရေတို့ထားတဲ့လက်ကိုင်ပဝါနဲ့ တို့တာတောင် မကူးပါဘူး။တစ်ခါမှကို မျက်စေ့တောင် မကျိမ်းဘူးတာ။

အေးဒါပေမဲ့ အသက်ကြီးလာတော့ ဝလာရော ခြေထောက်က အပေါ်ဝိတ်ကို မခံနိုင်တာရော၊ ခြေဆီမထွက်တာရောကြောင့် ခြေဖနောင့်တွေ အထိုင်အထကျ နာနေပါလေရော

ဒါပေမဲ့လူပြောသူပြောနဲ့ ခြေဖဝါးနှစ်ဖက်ကို ဆားနဲ့နာရီဝက်လောက် ပွတ်ပြီး ခါးဝတ်နဲ့ လေလုံအောင်ပတ်ပြီး ခြေဖဝါး ချွေးထုတ်ပေးတဲ့အခါ ဖနောင့်နာတာ သက်သာလာပါတယ်။

အဲ့ဒီမှာ ဆရာလေး တစ်ခုသတိထားမိတာက ခြေဖဝါး ချွေးများများထွက်ဖို့ အရေးကြီးပါတယ်။ ခါးဝတ်နဲ့ပတ်ပြီး တစ်နာရီလောက် ချွေးထုတ်ထိုင်ပေမဲ့ ချွေးကလိုသလောက် မထွက်ပါဘူး။

အဓိကလေလုံဖို့ပါဘဲ လေလုံရင် ချွေးများများထွက်နိုင်မယ်ဆိုတော့ ဆရာလေးက ကြွတ်ကြွတ်အိတ်တွေနဲ့ ခြေထောက်နှစ်ဖက်လုံးကို လုံအောင်ထုတ်ပြီး တစ်နာရီလောက် တင်ပျင်ခွေပြီးထိုင်ပြီးထလိုက်တဲ့အခါ ချွေတွေရွှဲနစ်ပြီး ဖနောင့်နာတာတွေ ပျောက်ကုန်ပါတယ်။

သွားနာတဲ့ ဘုန်းဘုန်းကို အဲ့လိုနည်းစနစ်နဲ့ လုပ်လိုက်တာ ကောင်းသွားပါတယ်။ ခါးနာတဲ့ ဆရာလေးလဲ ကောင်းကုန်ပါတော့တယ်။

ကျန်တဲ့အပူတွေ အပေါ်တက်နေတာတွေလဲ ကောင်းမယ်လို့ ဆရာလေး ထင်ပါတယ်။ငါးခါလောက် လုပ်ပြီးတဲ့အခါတော့ ခြေဖနောင့်ကွဲတာတွေ ပျောက်ပြီး ချောမွတ်လာပါတယ်။

ဒါကြောင့်နည်းစနစ်အသစ် ခြေဖဝါးဆားပွတ် ကြွတ်ကြွတ်အိတ် ထုတ်တဲ့နည်း စနစ်လေးကို တင်ပေးလိုက်ပါတယ်နော်။ ။

Crd