ၾကားသိရသမွ်

က်မက ႏိုင္ငံျခားမွာ အိမ္ေဖာ္ လုပ္ပါတယ္ တေနကုန္အလုပ္လုပ္ရပါတယ္..တခါတေလ ႏွိပ္စက္ ခံရပါတယ္…

ကျမက နိုင်ငံခြားမှာ အိမ်ဖော် လုပ်ပါတယ် တနေကုန် အလုပ် လုပ်ရ ပါတယ်..။

အရမ်းကောင်းလို့ ~ (ပြန်လည် မျှဝေသည်)

ကျမက နိုင်ငံခြားမှာ အိမ်ဖော် လုပ်ပါတယ် တနေကုန် အလုပ် လုပ်ရ ပါတယ် ပင်ပန်းပါတယ်

တခါတလေ နှိပ်စက် ခံရပါတယ် တခါတလေ အဆဲအဆို ခံရပါတယ်အခန့်မသင့်ရင် အသတ်ခံရ နိုင်ပါတယ် မုဒိန်းကျင့် ခံရနိုင်တယ်…

ဒါပေမယ့် ပိုက်ဆံရတယ်ရှင့် ကျမအိမ်ကို ငွေပို့နိုင်တယ်ကျမ ပင်ပန်းလည်း ကျမဆင်းရဲလည်း ကျမငိုကြွေးနေလည်း ကျမ ညည်းညူ နေလည်း ကျမအိမ်က လူတွေ ထမင်း ဝဝ စားနိုင်တယ်

အိပ်ရေး ဝဝ အိပ်နိုင်တယ် ညဘက် တီဗွီကြည့်ရင်း ပန်ကာလေးနဲ့ အေးအေးလူလူ ကော်ဖီသောက် နေနိုင်တယ် ကျမ ကျေနပ်တယ်။

“သခင်မျိုးဟေ့ တို့ဗမာ” ဆိုတဲ့ ဆောင်ပုဒ် ကျမ ကြားဖူးတယ် ကျမ ပြုံးမိတယ်..

ကျမတို့ ဘဝတွေ အတွက်တော့ ခွေးရဲ့ သခင် ဖြစ်ဖို့တောင်ခွေးစာ မတတ်နိုင်လို့ မမွေးနိုင်ဘူးလေ ထားပါ..

ဆောင်ပုဒ်တွေ အောက်မှာ ကျမ အငတ် မခံနိုင်ဘူး ကျမ မိသားစုကိုလည်း အငတ် မထားနိုင်ဘူး

ဒါပေမယ့် ကျမဒီဆောင်ပုဒ်လေးကို အရမ်းပင်ပန်းလာတဲ့ နေ့တွေမှာ နှုတ်က တိုးတိုးလေး ရွတ်ဆိုနေတုန်းပဲ။

” ထုတ်ကုန် နှစ်ဆ တိုးမြှင့်ကြ ” တဲ့ သိပ် မှန်တယ် ရှင့်

ကျမတို့နိုင်ငံမှာ အပေါဆုံးထုတ်ကုန်က လူပဲကမ္ဘာတလွှား ရောက်နေတဲ့ ကျမတို့ လူမျိုးတွေသန်းနဲ့ချီ ရှိတယ် ။

ကြုံရာကျပန်း လုပ်နေကြရတာ တချို့လည်း ငွေ စုမိတယ် တချို့လည်း အသတ်ခံရတယ်တချို့လည်းဘဝတွေ ပျက်ကြတယ် တချို့လည်း အဆင်ပြေ ကြတယ်။

” သယံဇာတပေါတဲ့ ဒို့ရဲ့တိုင်းပြည် ” တဲ့ ကျမ ပြုံးမိတယ် ။

ကျမတို့ ဒေသမှာ တောတွေ တောင်တွေ တွင်းတွေမှ အများကြီးဒါတွေ ကျမတို့ မပိုင်ဘူး ကျမတို့နဲ့ မဆိုင်ဘူး လူမျိုးခြားတွေနဲ့သာ ဆိုင်တယ်

“တို့မြေကို တစ်လက်မ အထိမခံ”ဆိုတဲ့ဆောင်ပုဒ်အောက်မှာလက်မလောက်ကို လာမပြောနဲ့ မိုင်လိုက် ခြံစည်းရိုး ခတ်ကြပြီး လုံခြုံရေးပါ ချပေးထားတာ

ကျမတို့ ဒေသမှာ ရှိတဲ့ အရာတွေနဲ့ ကျမတို့ အေးအေးဆေးဆေး ထိုင်စားလို့ ရပါလျက်နဲ့ ကျမတို့ ငတ်နေရတယ် ။

မတတ်နိုင်ဘူးလေ” ပြည်ပအားကိုး ပုဆိန်ရိုး ” ဆိုပေမယ့် အားကိုးစရာ ရောင်းစရာ ဆိုလို့ ပြည်ပပဲ ရှိတာကိုး…

ပြည်တွင်းမှာ အားကိုးစရာဆိုတာလည်း သူတို့ တသိုက်ပဲ ရှိတာဆိုတော့..

ဆိုတော့ ပေါ့လေ… ကျမတို့ ဒေသကနေ အိမ်ဖော် ထွက်လုပ်ကြတဲ့အလုပ်ကြမ်း ထွက်လုပ်ကြတဲ့ သူတွေထောင် နဲ့ ချီ ရှိတယ်ရှင့် အချိန်တန်အိမ်ကို ငွေပို့ကြတယ်

အဲဒီငွေနဲ့ ကျမတို့ဒေသ အဆင်ပြေကြတယ် ဘာတဲ့ ” ပြည့်အင်အားသည် ပြည်တွင်းမှာသာ ရှိသည်” တဲ့

ကျမတို့ရွာမှာ ကလေးငယ်တွေနဲ့ အဖိုးအဖွားတွေပဲ ကျန်ခဲ့တယ်..။

” လူ့စွမ်းအား အရင်းအမြစ်”တဲ့ ကြားဖူးတယ် လုပ်နိုင်ကိုင်နိုင် တွေးနိုင်ခေါ်နိုင်တဲ့
အရွယ်ကောင်းတွေ အကုန် အပြင်မှာကျန်ခဲ့တဲ့ လူတွေကလည်းသင်ထားတဲ့ ပညာရပ်တွေကို ထပ်မံ လေ့လာပြီးအပြင်ထွက်ဖို့ ပြင်နေကြတာ ဒု နဲ့ ဒေး

“ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကြီး” ကို ဘယ်လို တည်ဆောက်ကြမလဲ ရှင့်
ဒီ အဖိုးအဖွားတွေ လူမမည်ကလေးတွေ နဲ့။

ရွာလုံးကျွတ် ထိုင်းမှာ အလုပ်သွားလုပ်ကြတယ်ရွာကို ပိုက်ဆံ ပြန်ပို့ပြီးရွာလုံးကျွတ်ပဲ ထိုင်းကပစ္စည်းတွေပြန်ဝယ်သုံးကြတယ်

“ဝင်ငွေ လည်ပတ်စီးဆင်းမှု” တဲ့ သင်ဖူးတယ်ဘယ်က ရပြီး ဘယ်ကို ပြန်လည်ပတ်မှာလဲ ရှင့်..

ကျမလား ..ကျမ ဘွဲ့ရတယ် ရှင့် ” ပညာရေး ဝေးသည် မရှိ”ဆိုတဲ့ဆောင်ပုဒ်အောက်မှာ
အဝေးသင်ဘွဲ့ ရခဲ့ပါတယ်

ကျမတို့ လူမျိုးတွေရဲ့ထုံးစံအတိုင်း ဘွဲ့ယူပြီးမိဘကျေးဇူး ကျမ ဆပ်ခဲ့ပါတယ်ဘွဲ့ဓာတ်ပုံလား
ရှိတယ်ရှင့် အိမ်မှာ ချိတ်ထားတယ်

ကျမလား မရှက်ဖူးရှင့်ဆရာဝန်ဘွဲ့ အင်ဂျင်နီယာဘွဲ့ ရတွေတောင်ဒီမှာအလုပ်မျိုးစုံ လုပ်နေကြတာပါ “ပညာရေးဆိုတာ ပြန်မရတဲ့ ရင်းနှီးမြှ ုပ်နှံမှု”ပေါ့

သင်ပေးလိုက်ပြီး အကုန်အပြင်ထွက်ကြတာ သူပြောတာလည်း မှန်ပါတယ်။

ကျမလား အမျိုးချစ်တာပေါ့ရှင် ကျမလူမျိုး ကျမဘာသာကိုချစ်တာပေါ့ ကျမခံယူထားတဲ့မျိုးချစ်စိတ်က ကျမလူမျိုးတွေငတ်နေတာကိုကျွေးချင်တယ်

ကျမလူမျိုးတွေ ပညာမတတ်ကြတာကို ပညာသင်ပေးချင်တယ် မတရားမှုပေါင်းစုံကိုခါးစည်းခံနေရတာကို ကယ်တင်ပေးချင်တယ်

အဲ့အတွက်ကျမအလုပ်လုပ်တယ် မျိုးချစ်ဘာသာချစ်ဆိုပြီး သူများလူမျိုး သူများဘာသာကိုအလကားနေအော်ဆဲနေမယ့်အစား ကျမ ကျွန်သွားခံလိုက်တယ်

ပိုက်ဆံရမှ ကျမမိသားစု အဆင်ပြေမယ်လေ ကျမမိသားစု အဆင်ပြေမှကျမလူမျိုးကို ထောက်ပံ့လို့ ရမယ် ဒါကျမခံယူချက်ပဲ

“မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး”ဆောင်ပုဒ်အောက်မှာ အမျိုးတွေအကုန်လုံး ဘီလီယံနဲ့ချီ ချမ်းသာသွားကြတာ ဘယ်သူတွေလဲ ကျမလား

နိုင်ငံရေးတွေဘာတွေ သိပ် မသိဘူးရှင့်သယံဇာတတွေ ကာကွယ်ပေးနေတယ်ပြောပြီးရောင်းရောင်းစားသွားတာ ဘယ်သူတွေလည်း သိချင်တာ ရောင်းရတဲ့ဟာတွေ ဘယ်သူတွေရပြီးဘာတွေ လုပ်ကြလည်း သိချင်တာ

အမျိုးဘာသာ သာသနာလို့ ဖင်ကုန်းအော် နေကြပြီး တပြည်လုံးကတရားဝင် ခွင့်ပြုချက်နဲ့ဆောက်ထားတဲ့ ဘာသာခြားအဆောက်အအုံတွေကို ဘယ်သူ ခွင့်ပြုခဲ့တာလဲ

လူမျိုးခြား ဘာသာခြား ထိပ်ပိုင်း အချင်းချင်းတွေနဲ့တော့ သူတို့ချင်း လက်ဝါးရိုက်ပေါင်းစားနေပြီး အောက်ခြေမှာ သတ်ဖြတ်နေကြတာ ဘာ့ကြောင့်လဲ

ငြိမ်းချမ်းရေး ဆိုတဲ့ ဆောင်ပုဒ်အမျိုးမျိုးတွေ အောက်မှာ ကျမ တသက်မက တိုက်လို့ခိုက်လို့
မပြီးနိုင်ကြတာ ဘာ့ကြောင့်လဲ..။

ကြောက်စရာ ကောင်းလောက်အောင် မတရားချမ်းသာနေတဲ့ လူတစ်စုကဘယ်လို ချမ်းသာလာတာလဲ

အပေါ်မှာ ကျမပြောထားတဲ့ သုံးစားလို့ မရတဲ့ ဆောင်ပုဒ်တွေကိုဘယ်သူ ရေးခဲ့တာလဲ ဒါလေးပါဘဲ ပြောရရင်တော့ အများကြီးပေါ့ရှင်…….

လောလောဆယ်တော့ ကျမအမေ နေမကောင်းဘူးတဲ့ “စားရိတ်မျှပေး ကျန်းမာရေး” ဆိုတဲ့ဆေးရုံမှာ ဆေးထိုးအပ် မရှိ ဂွမ်းမရှိလို့ မြို့ပေါ်ထိ တက် ကု ရမှာ ကျမပိုက်ဆံ ပို့ရဦးမယ်

ဒါကြောင့် ကျမ အလုပ်လုပ်လိုက်ဦးမယ်.။

credit to orginal

Zawgy5

က်မက နိုင္ငံျခားမွာ အိမ္ေဖာ္ လုပ္ပါတယ္ တေနကုန္ အလုပ္ လုပ္ရ ပါတယ္….

အရမ္းေကာင္းလို႔ ~ (ျပန္လည္ မၽွေဝသည္)

က်မက နိုင္ငံျခားမွာ အိမ္ေဖာ္ လုပ္ပါတယ္ တေနကုန္ အလုပ္ လုပ္ရ ပါတယ္ ပင္ပန္းပါတယ္

တခါတေလ ႏွိပ္စက္ ခံရပါတယ္ တခါတေလ အဆဲအဆို ခံရပါတယ္အခန႔္မသင့္ရင္ အသတ္ခံရ နိုင္ပါတယ္ မုဒိန္းက်င့္ ခံရနိုင္တယ္…

ဒါေပမယ့္ ပိုက္ဆံရတယ္ရွင့္ က်မအိမ္ကို ေငြပို႔နိုင္တယ္က်မ ပင္ပန္းလည္း က်မဆင္းရဲလည္း က်မငိုေႂကြးေနလည္း က်မ ညည္းညဴ ေနလည္း က်မအိမ္က လူေတြ ထမင္း ဝဝ စားနိုင္တယ္

အိပ္ေရး ဝဝ အိပ္နိုင္တယ္ ညဘက္ တီဗြီၾကည့္ရင္း ပန္ကာေလးနဲ႔ ေအးေအးလူလူ ေကာ္ဖီေသာက္ ေနနိုင္တယ္ က်မ ေက်နပ္တယ္။

“သခင္မ်ိဳးေဟ့ တို႔ဗမာ” ဆိုတဲ့ ေဆာင္ပုဒ္ က်မ ၾကားဖူးတယ္ က်မ ျပဳံးမိတယ္..။

က်မတို႔ ဘဝေတြ အတြက္ေတာ့ ေခြးရဲ့ သခင္ ျဖစ္ဖို႔ေတာင္ေခြးစာ မတတ္နိုင္လို႔ မေမြးနိုင္ဘူးေလ ထားပါ..

ေဆာင္ပုဒ္ေတြ ေအာက္မွာ က်မ အငတ္ မခံနိုင္ဘူး က်မ မိသားစုကိုလည္း အငတ္ မထားနိုင္ဘူး

ဒါေပမယ့္ က်မဒီေဆာင္ပုဒ္ေလးကို အရမ္းပင္ပန္းလာတဲ့ ေန႔ေတြမွာ ႏႈတ္က တိုးတိုးေလး ရြတ္ဆိုေနတုန္းပဲ။

” ထုတ္ကုန္ ႏွစ္ဆ တိုးျမႇင့္ၾက ” တဲ့ သိပ္ မွန္တယ္ ရွင့္

က်မတို႔နိုင္ငံမွာ အေပါဆုံးထုတ္ကုန္က လူပဲကမၻာတလႊား ေရာက္ေနတဲ့ က်မတို႔ လူမ်ိဳးေတြသန္းနဲ႔ခ်ီ ရွိတယ္ ။

ၾကဳံရာက်ပန္း လုပ္ေနၾကရတာ တခ်ိဳ႕လည္း ေငြ စုမိတယ္ တခ်ိဳ႕လည္း အသတ္ခံရတယ္တခ်ိဳ႕လည္းဘဝေတြ ပ်က္ၾကတယ္ တခ်ိဳ႕လည္း အဆင္ေၿပ ၾကတယ္။

” သယံဇာတေပါတဲ့ ဒို႔ရဲ့တိုင္းျပည္ ” တဲ့ က်မ ျပဳံးမိတယ္

က်မတို႔ ေဒသမွာ ေတာေတြ ေတာင္ေတြ တြင္းေတြမွ အမ်ားႀကီးဒါေတြ က်မတို႔ မပိုင္ဘူး က်မတို႔နဲ႔ မဆိုင္ဘူး လူမ်ိဳးျခားေတြနဲ႔သာ ဆိုင္တယ္

“တို႔ေျမကို တစ္လက္မ အထိမခံ”ဆိုတဲ့ေဆာင္ပုဒ္ေအာက္မွာလက္မေလာက္ကို လာမေျပာနဲ႔ မိုင္လိုက္ ၿခံစည္းရိုး ခတ္ၾကၿပီး လုံျခဳံေရးပါ ခ်ေပးထားတာ

က်မတို႔ ေဒသမွာ ရွိတဲ့ အရာေတြနဲ႔ က်မတို႔ ေအးေအးေဆးေဆး ထိုင္စားလို႔ ရပါလ်က္နဲ႔ က်မတို႔ ငတ္ေနရတယ္

မတတ္နိုင္ဘူးေလ” ျပည္ပအားကိုး ပုဆိန္ရိုး ” ဆိုေပမယ့္ အားကိုးစရာ ေရာင္းစရာ ဆိုလို႔ ျပည္ပပဲ ရွိတာကိုး…

ျပည္တြင္းမွာ အားကိုးစရာဆိုတာလည္း သူတို႔ တသိုက္ပဲ ရွိတာဆိုေတာ့…..

ဆိုေတာ့ ေပါ့ေလ… က်မတို႔ ေဒသကေန အိမ္ေဖာ္ ထြက္လုပ္ၾကတဲ့အလုပ္ၾကမ္း ထြက္လုပ္ၾကတဲ့ သူေတြေထာင္ နဲ႔ ခ်ီ ရွိတယ္ရွင့္ အခ်ိန္တန္အိမ္ကို ေငြပို႔ၾကတယ္

အဲဒီေငြနဲ႔ က်မတို႔ေဒသ အဆင္ေျပၾကတယ္ ဘာတဲ့ ” ျပည့္အင္အားသည္ ျပည္တြင္းမွာသာ ရွိသည္” တဲ့

က်မတို႔ရြာမွာ ကေလးငယ္ေတြနဲ႔ အဖိုးအဖြားေတြပဲ က်န္ခဲ့တယ္ ။

” လူ႔စြမ္းအား အရင္းအျမစ္”တဲ့ ၾကားဖူးတယ္ လုပ္နိုင္ကိုင္နိုင္ ေတြးနိုင္ေခၚနိုင္တဲ့
အရြယ္ေကာင္းေတြ အကုန္ အျပင္မွာက်န္ခဲ့တဲ့ လူေတြကလည္းသင္ထားတဲ့ ပညာရပ္ေတြကို ထပ္မံ ေလ့လာၿပီးအျပင္ထြက္ဖို႔ ျပင္ေနၾကတာ ဒု နဲ႔ ေဒး

“ေခတ္မီဖြံ့ၿဖိဳးတိုးတက္ေသာ နိုင္ငံေတာ္သစ္ႀကီး” ကို ဘယ္လို တည္ေဆာက္ၾကမလဲ ရွင့္
ဒီ အဖိုးအဖြားေတြ လူမမည္ကေလးေတြ နဲ႔။

ရြာလုံးကၽြတ္ ထိုင္းမွာ အလုပ္သြားလုပ္ၾကတယ္ရြာကို ပိုက္ဆံ ျပန္ပို႔ၿပီးရြာလုံးကၽြတ္ပဲ ထိုင္းကပစၥည္းေတြျပန္ဝယ္သုံးၾကတယ္

“ဝင္ေငြ လည္ပတ္စီးဆင္းမႈ” တဲ့ သင္ဖူးတယ္ဘယ္က ရၿပီး ဘယ္ကို ျပန္လည္ပတ္မွာလဲ ရွင့္..

က်မလား ..က်မ ဘြဲ႕ရတယ္ ရွင့္ ” ပညာေရး ေဝးသည္ မရွိ”ဆိုတဲ့ေဆာင္ပုဒ္ေအာက္မွာ
အေဝးသင္ဘြဲ႕ ရခဲ့ပါတယ္

က်မတို႔ လူမ်ိဳးေတြရဲ့ထုံးစံအတိုင္း ဘြဲ႕ယူၿပီးမိဘေက်းဇူး က်မ ဆပ္ခဲ့ပါတယ္ဘြဲ႕ဓာတ္ပုံလား
ရွိတယ္ရွင့္ အိမ္မွာ ခ်ိတ္ထားတယ္

က်မလား မရွက္ဖူးရွင့္ဆရာဝန္ဘြဲ႕ အင္ဂ်င္နီယာဘြဲ႕ ရေတြေတာင္ဒီမွာအလုပ္မ်ိဳးစုံ လုပ္ေနၾကတာပါ “ပညာေရးဆိုတာ ျပန္မရတဲ့ ရင္းႏွီးျမႇ ုပ္ႏွံမႈ”ေပါ့

သင္ေပးလိုက္ၿပီး အကုန္အျပင္ထြက္ၾကတာ သူေျပာတာလည္း မွန္ပါတယ္။

က်မလား အမ်ိဳးခ်စ္တာေပါ့ရွင္ က်မလူမ်ိဳး က်မဘာသာကိုခ်စ္တာေပါ့ က်မခံယူထားတဲ့မ်ိဳးခ်စ္စိတ္က က်မလူမ်ိဳးေတြငတ္ေနတာကိုေကၽြးခ်င္တယ္

က်မလူမ်ိဳးေတြ ပညာမတတ္ၾကတာကို ပညာသင္ေပးခ်င္တယ္ မတရားမႈေပါင္းစုံကိုခါးစည္းခံေနရတာကို ကယ္တင္ေပးခ်င္တယ္

အဲ့အတြက္က်မအလုပ္လုပ္တယ္ မ်ိဳးခ်စ္ဘာသာခ်စ္ဆိုၿပီး သူမ်ားလူမ်ိဳး သူမ်ားဘာသာကိုအလကားေနေအာ္ဆဲေနမယ့္အစား က်မ ကၽြန္သြားခံလိုက္တယ္

ပိုက္ဆံရမွ က်မမိသားစု အဆင္ေျပမယ္ေလ က်မမိသားစု အဆင္ေျပမွက်မလူမ်ိဳးကို ေထာက္ပံ့လို႔ ရမယ္ ဒါက်မခံယူခ်က္ပဲ

“မ်ိဳးခ်စ္စိတ္ဓာတ္ ရွင္သန္ထက္ျမက္ေရး”ေဆာင္ပုဒ္ေအာက္မွာ အမ်ိဳးေတြအကုန္လုံး ဘီလီယံနဲ႔ခ်ီ ခ်မ္းသာသြားၾကတာ ဘယ္သူေတြလဲ က်မလား

နိုင္ငံေရးေတြဘာေတြ သိပ္ မသိဘူးရွင့္သယံဇာတေတြ ကာကြယ္ေပးေနတယ္ေျပာၿပီးေရာင္းေရာင္းစားသြားတာ ဘယ္သူေတြလည္း သိခ်င္တာ ေရာင္းရတဲ့ဟာေတြ ဘယ္သူေတြရၿပီးဘာေတြ လုပ္ၾကလည္း သိခ်င္တာ

အမ်ိဳးဘာသာ သာသနာလို႔ ဖင္ကုန္းေအာ္ ေနၾကၿပီး တျပည္လုံးကတရားဝင္ ခြင့္ျပဳခ်က္နဲ႔ေဆာက္ထားတဲ့ ဘာသာျခားအေဆာက္အအုံေတြကို ဘယ္သူ ခြင့္ျပဳခဲ့တာလဲ

လူမ်ိဳးျခား ဘာသာျခား ထိပ္ပိုင္း အခ်င္းခ်င္းေတြနဲ႔ေတာ့ သူတို႔ခ်င္း လက္ဝါးရိုက္ေပါင္းစားေနၿပီး ေအာက္ေျခမွာ သတ္ျဖတ္ေနၾကတာ ဘာ့ေၾကာင့္လဲ

ၿငိမ္းခ်မ္းေရး ဆိုတဲ့ ေဆာင္ပုဒ္အမ်ိဳးမ်ိဳးေတြ ေအာက္မွာ က်မ တသက္မက တိုက္လို႔ခိုက္လို႔
မၿပီးနိုင္ၾကတာ ဘာ့ေၾကာင့္လဲ

ေၾကာက္စရာ ေကာင္းေလာက္ေအာင္ မတရားခ်မ္းသာေနတဲ့ လူတစ္စုကဘယ္လို ခ်မ္းသာလာတာလဲ

အေပၚမွာ က်မေျပာထားတဲ့ သုံးစားလို႔ မရတဲ့ ေဆာင္ပုဒ္ေတြကိုဘယ္သူ ေရးခဲ့တာလဲ ဒါေလးပါဘဲ ေျပာရရင္ေတာ့ အမ်ားႀကီးေပါ့ရွင္…….

ေလာေလာဆယ္ေတာ့ က်မအေမ ေနမေကာင္းဘူးတဲ့ “စားရိတ္မၽွေပး က်န္းမာေရး” ဆိုတဲ့ေဆး႐ုံမွာ ေဆးထိုးအပ္ မရွိ ဂြမ္းမရွိလို႔ ၿမိဳ႕ေပၚထိ တက္ ကု ရမွာ က်မပိုက္ဆံ ပို႔ရဦးမယ္

ဒါေၾကာင့္ က်မ အလုပ္လုပ္လိုက္ဦးမယ္…..။

credit to orginal