စိတ်ရှုပ်စရာကောင်းတဲ့ ဗောက်တွေကို တစ်ခါတည်းနဲ့ အရှင်းပျောက်စေမယ့် နည်းလမ်း ၃ ခု
ဗောက်ဖြစ်ပြီ ဆိုတာနဲ့ ဦးရေပြားက ယားယံပြီး စိတ်အနှောင့်အယှက် ဖြစ်စရာပါပဲ။ ခေါင်းကုတ်လိုက်တာနဲ့ အမှုန်တွေကျလာပြီး တစ်ယောက်တည်း နှင်းကျနေသလိုပါပဲ။ ။
ဒီဗောက်တွေက ကိုယ့်ကိုကိုယ် ယုံကြည်မှုကို ကျဆင်းစေပြီး တခြားသူတွေ မမြင်အောင် ကြိုးစားရတာကြောင့် သင်ပင်ပန်းနေမှာပါ။
ဒီတစ်ခေါက်မှာတော့ ဗောက်ပျောက်ခေါင်းလျှော်ရည် ဆွဲသုံးစရာမလိုဘဲ တစ်ကြိမ်လုပ်ရုံနဲ့ ဗောက်တွေကို အရှင်းပျောက်စေမယ့် နည်းလမ်း (၃) ခုကို ဝေမျှပါရစေ။
၁။ အုန်းဆီ + သံပယိုရည်
အုန်းဆီက ဦးရေပြားခြောက်တာကြောင့် ဖြစ်တဲ့ ဗောက်တွေကို သက်သာစေပြီး ဦးရေပြားကို အစိုဓာတ်ပေးပါတယ်။
သံပယိုရည်မှာ ပါဝင်တဲ့ Citric Acid က ဗောက်ရှင်းစေပါတယ်။ အုန်းဆီ ၂ ဇွန်းကနေ သုံးဇွန်းထည့်ပြီး သံပယိုရည် ညှစ်ထည့်ပေးရပါမယ်။
ပြီးနောက် ဂွမ်းလုံးကို ယူကာ ဒီအရောထဲ နှစ်ပေးရပါမယ်။ ပြီးနောက် ဒီဝါဂွမ်းလုံးနဲ့ ဗောက်ရှိတဲ့ နေရာတွေကို ပွတ်ပေးရပါမယ်။
ပြီးရင်တော့ မိနစ် ၃၀ ကနေ ၁ နာရီ ထားပြီး ခေါင်းလျှော်ပေးရပါမယ်။ ။
၂။ မုန့်ဖုတ်ဆိုဒါ + ရေ
ဒီနည်းလမ်းက ဦးရေပြား အဆီပြန်တာကို သက်သာစေပြီး ဗောက်သက်သာစေပါတယ်။
pH Level မြင့်တာကြောင့် ဗောက်ကို လျှော့ချပေးပါတယ်။ မုန့်ဖုတ်ဆိုဒါနဲ့ ရေကို ရောပြီး အနှစ်ထူပျစ်ပျစ်လေးရအောင် လုပ်ပေးရပါမယ်။
ဒီအနှစ်ကို ဦးရေပြားပေါ် ပွတ်ပြီးနောက် ၁ မိနစ် ကြာတဲ့အခါ ခေါင်းလျှော်ပေးရပါမယ်။
၃။ ဒိန်ချဉ်
ဒိန်ချဉ်က ဗောက်သက်သာစေပြီး ဦးရေပြားနဲ့ ဆံကေသာကို အစိုဓာတ်ပေးပါတယ်။ ဒိန်ချဉ်ကို ဦးရေပြားပေါ် လိမ်းပေးရပါမယ်။
လိမ်းပြီးနောက် မိနစ် ၃၀ ထားရပါမယ်။ မိနစ် ၃၀ ပြီးနောက်မှာတော့ ရေနဲ့ ဆေးချပေးရပါမယ်။ ။
စိတ္ရႈပ္စရာေကာင္းတဲ့ ေဗာက္ေတြကို တစ္ခါတည္းနဲ႔ အရွင္းေပ်ာက္ေစမယ့္ နည္းလမ္း (၃) ခု
ေဗာက္ျဖစ္ၿပီ ဆိုတာနဲ႔ ဦးေရျပားက ယားယံၿပီး စိတ္အေႏွာင့္အယွက္ ျဖစ္စရာပါပဲ။ ေခါင္းကုတ္လိုက္တာနဲ႔ အမႈန္ေတြက်လာၿပီး တစ္ေယာက္တည္း ႏွင္းက်ေနသလိုပါပဲ။
ဒီေဗာက္ေတြက ကိုယ့္ကိုကိုယ္ ယုံၾကည္မႈကို က်ဆင္းေစၿပီး တျခားသူေတြ မျမင္ေအာင္ ႀကိဳးစားရတာေၾကာင့္ သင္ပင္ပန္းေနမွာပါ။
ဒီတစ္ေခါက္မွာေတာ့ ေဗာက္ေပ်ာက္ေခါင္းေလွ်ာ္ရည္ ဆြဲသုံးစရာမလိုဘဲ တစ္ႀကိမ္လုပ္႐ုံနဲ႔ ေဗာက္ေတြကို အရွင္းေပ်ာက္ေစမယ့္ နည္းလမ္း (၃) ခုကို ေဝမွ်ပါရေစ။ ။
၁။ အုန္းဆီ + သံပယိုရည္
အုန္းဆီက ဦးေရျပားေျခာက္တာေၾကာင့္ ျဖစ္တဲ့ ေဗာက္ေတြကို သက္သာေစၿပီး ဦးေရျပားကို အစိုဓာတ္ေပးပါတယ္။
သံပယိုရည္မွာ ပါဝင္တဲ့ Citric Acid က ေဗာက္ရွင္းေစပါတယ္။ အုန္းဆီ ၂ ဇြန္းကေန သုံးဇြန္းထည့္ၿပီး သံပယိုရည္ ညႇစ္ထည့္ေပးရပါမယ္။ ။
ၿပီးေနာက္ ဂြမ္းလုံးကို ယူကာ ဒီအေရာထဲ ႏွစ္ေပးရပါမယ္။ ၿပီးေနာက္ ဒီဝါဂြမ္းလုံးနဲ႔ ေဗာက္ရွိတဲ့ ေနရာေတြကို ပြတ္ေပးရပါမယ္။
ၿပီးရင္ေတာ့ မိနစ္ ၃၀ ကေန ၁ နာရီ ထားၿပီး ေခါင္းေလွ်ာ္ေပးရပါမယ္။ ။
၂။ မုန႔္ဖုတ္ဆိုဒါ + ေရ
ဒီနည္းလမ္းက ဦးေရျပား အဆီျပန္တာကို သက္သာေစၿပီး ေဗာက္သက္သာေစပါတယ္။
pH Level ျမင့္တာေၾကာင့္ ေဗာက္ကို ေလွ်ာ့ခ်ေပးပါတယ္။ မုန႔္ဖုတ္ဆိုဒါနဲ႔ ေရကို ေရာၿပီး အႏွစ္ထူပ်စ္ပ်စ္ေလးရေအာင္ လုပ္ေပးရပါမယ္။
ဒီအႏွစ္ကို ဦးေရျပားေပၚ ပြတ္ၿပီးေနာက္ ၁ မိနစ္ ၾကာတဲ့အခါ ေခါင္းေလွ်ာ္ေပးရပါမယ္။
၃။ ဒိန္ခ်ဥ္
ဒိန္ခ်ဥ္က ေဗာက္သက္သာေစၿပီး ဦးေရျပားနဲ႔ ဆံေကသာကို အစိုဓာတ္ေပးပါတယ္။ ဒိန္ခ်ဥ္ကို ဦးေရျပားေပၚ လိမ္းေပးရပါမယ္။
လိမ္းၿပီးေနာက္ မိနစ္ ၃၀ ထားရပါမယ္။ မိနစ္ ၃၀ ၿပီးေနာက္မွာေတာ့ ေရနဲ႔ ေဆးခ်ေပးရပါမယ္။ ။