Health Care

မျက်နှာလေးနုပျိုတင်းရင်းနေစေဖို့ COLLAGEN ဓာတ်ဖြည့်တင်းပေးတဲ့ သဘာဝပေါင်းတင်နည်း (၃)မျိုး

Collagen ဆိုတာကတော့ အရေပြားဖွဲ့စည်းမှုမှာ လေးပုံပုံရင် သုံးပုံပါဝင်တဲ့ ပရိုတင်းဓာတ်ဖြစ်ပါတယ်။

ဒီဓာတ်က မျက်နှာအသားအရေကို တင်းရင်းစေပါတယ်။ အရေးကြောင်းတွေကို လျှော့ချပေးပါတယ်။ ။

Collagen ဓာတ်ဟာ အသက်အရွယ်အိုမင်းလာတာနဲ့အမျှ လျော့ကျလာပါတယ်။ Collagen ဓာတ်များပြားစေဖို့ Collagen ပါဝင်တဲ့ ဆေးတွေသောက်လို့ရပါတယ်။

ဒါ့အပြင် Collagen Supplementတွေ မသောက်ချင်ဘူးဆိုရင်တော့ အသက်ကြီးတဲ့အချိန်မှာတောင် မျက်နှာလေးနုပျိုတင်းရင်းနေစေဖို့ ကိုယ့်အိမ်မှာပဲ အလွယ်တကူရနိုင်တဲ့ပစ္စည်းတွေနဲ့ Mask လုပ်နိုင်ပါတယ်။

Collagen ဓာတ်ဖြည့်တင်းပေးတဲ့ ပေါင်းတင်နည်းတွေကတော့….

၁။ ကြက်ဥသုံးပြီး ပေါင်းတင်နည်း

ကြက်ဥမှာ ပရိုတင်းဓာတ်များစွာပါပြီး အသားအရေကို တင်းရင်းစေပြီး ညီညာစေပါတယ်။

ပေါင်းတင်ဖို့ ကြက်ဥအကာကို အမြှုပ်ထတဲ့အထိမွှေပေးပါ။

သင့်မျက်နှာပေါ်လိမ်းပေးပါ။ နာရီဝက်ထားပေးပါ။

ခြောက်တာနဲ့ ခွာချပြီးရေနဲ့ဆေးချပါ။

ဒီနည်းက ချွေးပေါက်ကျဉ်းစေပြီး ပျက်စီးသွားတဲ့ဆဲတွေကို ပြန်တည်ဆောက်ပေးပါတယ်။

Collagen ထုတ်နှုန်းကို လှုံ့ဆော်ပေးပါတယ်။

၂။ ထောပတ်သီးနဲ့ပေါင်းတင်နည်း

မုန်လာဥနီတစ်ဝက် ပြုတ်ထားပါ။ ပြီးတာနဲ့ အတုံးလေးတွေလှီးပါ။ Milk Cream တစ်ဇွန်းထည့်ပါ။

မုန်လာဥနီနဲ့ ထောပတ်သီးကို ကြိတ်ပေးပါ။

ထောပတ်သီး လေးပုံပုံရင် တစ်ပုံကို ယူပါ။ ပါဝင်ပစ္စည်းသုံးမျိုးကို ရောလိုက်ပါ။

သင့်မျက်နှာပေါ်ကို ဘရပ်ရှ်နုနုလေးနဲ့ ဒါမှမဟုတ်လက်နဲ့ လိမ်းလိုက်ပါ။

၁၅ မိနစ်ကနေ နာရီဝက်ထိထားပေးပါ။ ပြီးတာနဲ့ ရေနဲ့ဆေးပါ။

ထောပတ်သီးမှာ ပါတဲ့ဗီတာမင်အီးနဲ့ မုန်လာဥနီမှာပါတဲ့ ဘီတာကယ်ရိုတင်းဓာတ်တွေက Collagen ဓာတ်တိုးပွားစေပါတယ်။

၃။ ထောပတ်သီးနဲ့ ကီဝီသီး Mask

ကီဝီသီးမှာပါဝင်တဲ့ ဗီတာမင်စီက Collagen ထုတ်လုပ်ရာမှာ အထောက်အကူပြုပါတယ်။

ကီဝီသီးနဲ့ ထောပတ်သီးကို ကြိတ်လိုက်ပါ။ ကီဝီသီးတစ်ဝက်နဲ့ ထောပတ်သီး လေးပုံပုံရင် တစ်ပုံကို ရောပါ။ ပြီးတာနဲ့ ဒီအရောကို မျက်နှာပေါ်လိမ်းပါ။

နာရီဝက်ထားပြီး ရေဆေးချပါ။ တစ်ပတ်မှာ တစ်ကြိမ်ပြုလုပ်နိုင်ပါတယ် ။  ။

Credit