ဆံသားက ခြောက်သွေ့ပြီး ဖွာနေရင် ဆံပင်ကျွတ်တာ၊ ငြိတာတွေ ခဏခဏ ဖြစ်မှာပါပဲ။ ဆံသားလည်း ပျက်စီးစေပါတယ်။
How to maintain dry and damaged hair to make it shine.
ဒါကြောင့် ခြောက်သွေ့ပြီးဖွာနေတဲ့ဆံသားကို ပြန်လည်ကောင်းမွန်လာအောင်၊ လှပလာအောင်၊ ဆံသားတောက်ပြောင်လာအောင် ပြန်လည်ထိန်းသိမ်းနည်းကို မျှဝေပေးလိုက်ပါတယ်။
မှန်ကန်တဲ့ Product ကိုရွေးချယ်ပါ ။
ကိုယ့်ဆံသားက ခြောက်သွေ့ပြီး ဖွာနေတယ်ဆိုရင် moisture လိုအပ်နေတာဖြစ်လို့ shampoo ရွေးချယ်တဲ့အခါမှာလည်း ပျက်စီးနေတဲ့ဆံသားအတွက် ထုတ်ထားတာမျိုး၊ moisture ပြန်ဖြည့်ပေးနိုင်တဲ့ shampoo ကောင်းကောင်းကို ရွေးသုံးပါ။
ခေါင်းခဏခဏမလျှော်ပါနဲ့..
ခေါင်းခဏခဏလျှော်ရင် ဆံသားက dehydrated ဖြစ်ပြီး ဆံသားဖွာတာ၊ ခြောက်သွေ့တာတွေ ဖြစ်လာပါတယ်။ ဒါကြောင့် ခဏခဏမလျှော်ပါနဲ့။ တစ်ပတ်မှာ ၁ ကြိမ်၊ ၂ ကြိမ် ထက် ပိုမလျှော်ပါနဲ့။
ခေါင်းလျှော်ပြီးတိုင်းမှာ conditioner or treatment သုံးပေးဖို့ မမေ့ပါနဲ့။ ခေါင်းလျှော်တဲ့အခါ ရေနွေးနဲ့ လုံးဝမလျှော်ပါနဲ့။
အပူများတာတွေရှောင်ပါ
ဆံပင်ကောက်စက်၊ ဖြောင့်စက် စတာတွေက အပူချောင်းတွေဖြစ်လို့ ဆံသားခြောက်သွေ့ ပျက်စီးတာတွေ ပိုဖြစ်စေပါတယ်။ ဒါကြောင့် ဆံသားပြန်လည်ကောင်းမွန်ပြီး တောက်ပြောင်တာမျိုး လိုချင်ရင် အပူချောင်းတွေ ရှောင်ပေးပါ။
Dryer မှုတ်တဲ့အခါမှာလည်း လေပူမသုံးပဲ လေအေးပဲ သုံးပေးပါ။ နေပူထဲထွက်ရင် ထီး၊ ဦးထုပ် အကာအကွယ်မပါပဲ မသွားပါနဲ့..။
Hair Masks & Oils
ဆံသားခြောက်သွေ့ပြီး ဖွာနေတယ်၊ ဆံသားပြန်ကောင်းပြီး ကြည့်လိုက်တာနဲ့ moisture ပြည့်ဝပြီး တောက်ပြောင်နေတဲ့ ဆံသားလေး လိုချင်တယ်ဆိုရင်တော့ hair masks နဲ့ hair oils တွေကို မဖြစ်မနေ သုံးကိုသုံးရပါမယ်။
တစ်ပတ်တစ်ကြိမ် ကိုယ်အဆင်ပြေတဲ့ hair mask ကောင်းကောင်းလေး သုံးပေးပါ။
ဆံသားကို hair oil လိမ်းဖို့လည်း မမေ့ပါနဲ့။ ခေါင်းလျှော်တဲ့အခါမှာ မခြောက်တစ်ခြောက် ဖြစ်နေချိန် hair oil လိမ်းပါ..။
ဆံပင်အောက်ဖျားလေးတွေကိုတော့ နေ့တိုင်းလိမ်းပေးပါ..။ ခေါင်းမလျှော်ခင်မှာ တစ်ခေါင်းလုံးကို hair oil ဥပမာ သံလွင်ဆီ လိမ်းတာမျိုးလည်း လုပ်ပေးရင် အရမ်းကောင်းပါတယ်။
ဒီအချက်တွေကိုသာ အမြဲတမ်း ပုံမှန်လုပ်ပေးမယ်ဆိုရင် ဆံသားခြောက်သွေ့ပြီး ဖွာနေတာတွေ မရှိတော့ပဲ ဆံသားတောက်ပြောင်လာမယ်၊ ပြန်လည်ကောင်းမွန်လာပါမယ်။ခရက္ဒစ္