Unicode
တကယ်တော့ သာသနာ့နယ်မြေဆိုတာ ကာမဂုဏ်တွေနဲ့ ဝေးလေကောင်းလေးပါ။ဒါမို့ ရှေးဆရာတော်ကြီးများဟာ ဒီလိုမျိုး ဘုန်းကြီးကျောင်းတွေမှာ မင်္ဂလာပွဲ ပြုလုပ်ခွင့်ပေးဖို့ မပြောနဲ့ လူတွေနဲ့ ရော နှောရမှာကို ကြောက်ကြပါတယ်။
အကြောင်းအား လျော်စွာ စကားပြောခွင့် ကြုံလာရင်လည်း လောကီအကြောင်းတွေ မပြောဘဲ တရားစကားကိုသာ ပြောလေ့ရှိကြတယ်။
ဘုရားရှင်က လူတွေနဲ့ ရောနှောပြီး မနေထိုင်ကြဖို့ ဆူဆူညံညံ မလုပ်ဘဲ တိတ်တိတ်ဆိတ်ဆိတ် နေထိုင်ကြဖို့ဆုံးမထားပါလျက် ယနေ့ခေတ်မှာတော့
အကျင့်သိက္ခာကို လေးစားမှုမရှိ၊ ငွေမျက်နှာသာ ကြည့်တဲ့ အချို့ဘုန်းကြီးတွေဟာ သာသနာနဲ့မအပ် စပ်တဲ့ မင်္ဂလာပွဲကိုတောင် ဘုန်းကြီးကျောင်းတွေမှာ ခွင့်ပြုလာကြတယ်။
တကယ်တော့ ကျောင်းအလှူ ရှင်တွေဟာ မိမိတို့လှူဒါန်းထားတဲ့ ကျောင်းတွေမှာ မင်္ဂလာပွဲတွေကျင်းပဖို့ ၊သီချင်း နားထောင်၊ ဇာတ် ကားကြည့်ဖို့ အစရှိတဲ့ ကာမဂုဏ် ခံစားဖို့အတွက် လှူဒါန်းထားကြတာ မဟုတ်ဘူး။
ပရိယတ် ပဋိပတ် သာသနာအလုပ်တွေကို ချမ်းသာစွာ အားထုတ်နိုင်ဖို့ရန် ရည်ရွယ်ပြီး လှူဒါန်းထားကြတာ ဖြစ်တယ်။ယနေ့ခေတ်
အသိဉာဏ်နည်းပါးတဲ့ လူတွေကလည်း မင်္ဂလာခန်းမငှားရင် ငွေအကုန် ဤအကျများလို့ ဘုန်းကြီးလည်း အလှူငွေရ ကိုယ့်အတွက်လည်း အကုန်အကျနည်းတယ်လို့ အပေါ်ယံ လေးတွေးပြီး ဘုန်းကြီးကျောင်းတွေမှာ မင်္ဂလာပွဲတွေ လုပ်လာကြတယ်။
အဲဒီလိုလုပ်တော့ ဘာဖြစ်လာလဲဆိုတော့ အသိဉာဏ်ပညာကြီးမားတဲ့ လူကြီးလူကောင်းများနဲ့ ဘာသာခြားတို့ရဲ့ ကဲ့ရဲ့ပြစ်တင်ခြင်းကို ခံလာရပါတယ်။နောက်ပြီး ရှင်ငယ် ရဟန်းငယ်တွေရဲ့ သဒ္ဓါ တရားတွေ ကျဆင်းလာပြီး ကာမဂုဏ်ခံစားလိုတဲ့ စိတ်တွေဘက်၊
ယိမ်းယိုင်လာနိုင်တယ်။ ဒီလိုမျိုး ကာမဂုဏ်ခံစားဖို့ အားပေးတဲ့ အာရုံတွေနဲ့ ကျောင်းမှာ တကြိမ်ပြီး တကြိမ်ကြုံတွေ့လာပါက သဒ္ဓါ တရားအားနည်းကြတဲ့ ရှင်ရဟန်းတွေအဖို့ အခွင့်သာရင် လူထွက်ဖို့သာ ကြိုစားကြပါလိမ့်မယ်။
ဒီတော့ ဘုန်းကြီးကျောင်းမှာ မင်္ဂလာပွဲတွေ ပြုလုပ်ခြင်းဟာ ကာမဂုဏ်ခံစားတဲ့ အဆင်းရူပါရုံတွေ၊ သီချင်းသံ သဒ္ဒါရုံတွေကို တွေ့မြင့်ကြားသိ။.
ခံစားနေရလို့ ရဟန်တော်များရဲ့ သီလကို ထိခိုက်ညစ်နွမ်းစေနိုင်ပြီး လူထွက်သွားနိုင်လောက်တဲ့ အနေအထာမျိုးထိ ဖြစ်သွားနိုင်ခြင်း၊ သာသနာကို ထိခိုက်ညစ်နွမ်းစေခြင်းကို ဖြစ်စေပါတယ်။
နောက်ပြီ သာသနာမှာ ရဟန်းတပါးဟာ ဝိနည်းတော်တွေကို ခဏခဏ လွန်းကျူးမယ်။ အခုလို မင်္ဂလာပွဲတွေပြုလုပ်ကာလူတွေနဲ့ ရောနှောပြီး၊
နေမယ်ဆိုရင် သံဃဘောင်မှ နှင်ထုတ်ခံရတဲ့ အပြစ်ထရှိပါတယ်။ရဟန်းဆိုတာ ပရိယတ် ပဋိပတ် သာသနာရေးကိစ္စမှတပါး လောကီကိစ္စတွေမှာ လူတွေနဲ့ ရောရောနှောနှော မနေရပါဘူး။
ဒါကြောင့် ဘုန်းကြီးကျောင်းမှာ မင်္ဂလာပွဲတွေ ပြုလုပ်ခြင်းကို လုံးဝ မပြုလုပ်သင့်ပါကြောင်း အသိပေးပြောကြားလိုက်ပါတယ်။အနာရောဂါကင်း၍ ကိုယ်စိတ်နှစ်ဖြာ ဘေးရန်ကွာ ချမ်းသာကြပါစေ။
C r d