စာဖတ္ပရိသတ္အားလုံး မဂ္လာပါေနာ္။ လူသားအားလုံး က်န္းမာေပ်ာ္ရႊင္တဲ့ ဘဝကိုလိုခ်င္ၾကပါတယ္။ ဒါ့ေၾကာင့္လည္း က်န္းမာေရးကို ဂ႐ုစိုက္ၾကရတာပါ။ေသြးတိုးတာ ေသြးေၾကာပိတ္တာေတြကို သက္ေသာေစဖို႔အတြက္ သဘာဝေဆးနည္းကို ေ၀မွ်ေပးပါရေစ
ေသြးေၾကာပိတ္တာဟာ ႏွလုံးေသြးေၾကာဆိုင္ရာေရာဂါျဖစ္ေပၚေစနိုင္ပါတယ္။ ဒါ့ေၾကာင့္ ေသြးေၾကာပိတ္တာကို ေျဖရွင္းဖို႔လိုပါတယ္။ ဒါ့အျပင္ ဒီသဘာဝေဆးဟာ အေအးမိဖ်ားနာတာနဲ႔ တျခားကူးစက္ေရာဂါကို ႀကိဳတင္ကာကြယ္ေပးနိုင္မွာျဖစ္ပါတယ္။
ပါဝင္ပစၥည္းမ်ား
ေရ ၂ လီတာ
ၾကက္သြန္ျဖဴ ၄ မႊာ
သံပုယိုသီး ၄ လုံး (အခြံမႏႊာပါႏွင့္)
ဂ်င္း ၁ လက္မ ခြဲ
ျပဳလုပ္နည္း
ၾကက္သြန္ျဖဴကို အခြံႏႊာၿပီး ပါးပါးလွီးပါ။ သံပုယိုသီးကို အခြံမႏႊာဘဲ ပါးပါးလွီးလိုက္ပါ။
ၿပီးရင္ ပါဝင္ပစၥည္းအားလုံးကို ေဖ်ာ္စက္ထဲထည့္ၿပီးေဖ်ာ္ပါ။ ဂ်င္းကိုလည္း ပါးပါးလွီးထည့္ၿပီး ေဖ်ာ္စက္ကိုလွည့္လိုက္ပါ။ အခုေတာ့ ေရ ၂ လီတာကို အိုးထဲထည့္ၿပီး ဆူေအာင္တည္ရပါမယ္။
ၿပီးရင္ ဆူေနတဲ့ေရထဲကို ေစာေစာက ႀကိတ္ထားတဲ့အရာေတြကို ထည့္လိုက္ပါ။ အပူရွိန္ေလၽွာ့ၿပီး ၅ မိနစ္ ၁၀ မိနစ္ေလာက္ တည္ပါ။
ၿပီးရင္ မီးဖိုေပၚကခ်ၿပီး အေအးခံပါ။
ၿပီးရင္ အဲဒီအရည္ကို ေသခ်ာေမႊေပးၿပီး ခရားတစ္လုံးထဲထည့္ကာ ေရခဲေသတၱာထဲထည့္ထားပါ။ တစ္ေန႔ကို ၂ ႀကိမ္ စားပြဲတင္ဇြန္း ၂ ဇြန္းစာ ေသာက္ေပးပါ။ အစာမစားခင္ ၂ နာရီအလိုမွာ ေသာက္ေပးရမွာျဖစ္ပါတယ္။
မွတ္ခ်က္ = ေဆးမေသာက္ခင္မွာ အရည္ကို ေသခ်ာေမႊေပးပါ။ ဂ်င္းေတြက အနည္ထိုင္ၿပီး ေအာက္ေျခမွာ ေရာက္ေနတတ္လို႔ျဖစ္ပါတယ္။
ၾကက္သြန္ျဖဴေၾကာင့္ ခံတြင္းနံ့ဆိုးမွာ စိတ္မပူပါနဲ႔ေနာ္။ ေသြးလႊတ္ေၾကာကို သန႔္စင္ေပးၿပီး ေသြးေၾကာပိတ္တာကို သက္သာေစမွာျဖစ္ပါတယ္။
ခရက္ဒစ္ myhealth
Unicode
စာဖတ်ပရိသတ်အားလုံး မဂ်လာပါနော်။ လူသားအားလုံး ကျန်းမာပျော်ရွှင်တဲ့ ဘဝကိုလိုချင်ကြပါတယ်။ ဒါ့ကြောင့်လည်း ကျန်းမာရေးကို ဂရုစိုက်ကြရတာပါ။ သွေးတိုးတာ သွေးကြောပိတ်တာတွေကို သက်သောစေဖို့အတွက် သဘာဝဆေးနည်းကို ဝေမျှပေးပါရစေ
သွေးကြောပိတ်တာဟာ နှလုံးသွေးကြောဆိုင်ရာရောဂါဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါ့ကြောင့် သွေးကြောပိတ်တာကို ဖြေရှင်းဖို့လိုပါတယ်။ ဒါ့အပြင် ဒီသဘာဝဆေးဟာ အအေးမိဖျားနာတာနဲ့ တခြားကူးစက်ရောဂါကို ကြိုတင်ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။
ပါဝင်ပစ္စည်းများ
ရေ ၂ လီတာ
ကြက်သွန်ဖြူ ၄ မွှာ
သံပုယိုသီး ၄ လုံး (အခွံမနွှာပါနှင့်)
ဂျင်း ၁ လက်မ ခွဲ
ပြုလုပ်နည်း
ကြက်သွန်ဖြူကို အခွံနွှာပြီး ပါးပါးလှီးပါ။ သံပုယိုသီးကို အခွံမနွှာဘဲ ပါးပါးလှီးလိုက်ပါ။
ပြီးရင် ပါဝင်ပစ္စည်းအားလုံးကို ဖျော်စက်ထဲထည့်ပြီးဖျော်ပါ။ ဂျင်းကိုလည်း ပါးပါးလှီးထည့်ပြီး ဖျော်စက်ကိုလှည့်လိုက်ပါ။ အခုတော့ ရေ ၂ လီတာကို အိုးထဲထည့်ပြီး ဆူအောင်တည်ရပါမယ်။
ပြီးရင် ဆူနေတဲ့ရေထဲကို စောစောက ကြိတ်ထားတဲ့အရာတွေကို ထည့်လိုက်ပါ။ အပူရှိန်လျှော့ပြီး ၅ မိနစ် ၁၀ မိနစ်လောက် တည်ပါ။
ပြီးရင် မီးဖိုပေါ်ကချပြီး အအေးခံပါ။
ပြီးရင် အဲဒီအရည်ကို သေချာမွှေပေးပြီး ခရားတစ်လုံးထဲထည့်ကာ ရေခဲသေတ္တာထဲထည့်ထားပါ။ တစ်နေ့ကို ၂ ကြိမ် စားပွဲတင်ဇွန်း ၂ ဇွန်းစာ သောက်ပေးပါ။ အစာမစားခင် ၂ နာရီအလိုမှာ သောက်ပေးရမှာဖြစ်ပါတယ်။
မှတ်ချက် = ဆေးမသောက်ခင်မှာ အရည်ကို သေချာမွှေပေးပါ။ ဂျင်းတွေက အနည်ထိုင်ပြီး အောက်ခြေမှာ ရောက်နေတတ်လို့ဖြစ်ပါတယ်။
ကြက်သွန်ဖြူကြောင့် ခံတွင်းနံ့ဆိုးမှာ စိတ်မပူပါနဲ့နော်။ သွေးလွှတ်ကြောကို သန့်စင်ပေးပြီး သွေးကြောပိတ်တာကို သက်သာစေမှာဖြစ်ပါတယ်။
ခရက်ဒစ် myhealth