ခံတြင္းနံ႔ဆုိးျခင္းကို ျဖစ္ေစတတ္တဲ့ အဓိက အေၾကာင္းအရင္း ၄ ခ်က္
ခံတြင္းနံ႔ဆိုးတာက အေတာ့္ကို ကသိကေအာက္ ျဖစ္ေစပါတယ္။ ခံတြင္းနံ႔ဆိုးေနတဲ့အခါမွာ ကိုယ္တုိင္က သတိမထားမိရင္ တျခားသူေတြကို စိတ္အေႏွာင့္အယွက္ ျဖစ္ေနတတ္ၿပီး ကိုယ္တိုင္ သတိထားမိတဲ့အခါမွာလည္း ကိုယ့္ကိုယ္ကို မလံုမလဲျဖစ္တာနဲ႔ စကားေျပာဖို႔ အခက္အအခဲ ျဖစ္တာ စတာေတြကို ရင္ဆိုင္ရမွာပါ။
ဒီလိုမ်ိဳး ခံတြင္းနံ႔ဆိုးရတဲ့ အေၾကာင္းအရင္းေတြကေတာ့ ဒီမွာပါ။
(၁) သြားမတိုက္လို႔
တစ္ေန႔ကို သြားက မနက္ တစ္ႀကိမ္ ညအိပ္ရာဝင္ခါနီးရင္ တစ္ႀကိမ္ ႏွစ္ႀကိမ္တိုက္ရမယ္ဆိုတာ လူတိုင္း သိၾကတာပါပဲ။
ဒီလို ပံုမွန္တိုက္ရမွာကိုေတာင္ ပ်င္းရိၿပီး မတိုက္မိရင္ေတာ့ သြားေတြက ညစ္ပတ္ေနၿပီး ခံတြင္း အနံ႔ဆိုးေနမွာပါ။
(၂) သြားေက်ာက္တည္ေနလို႔
သြားေတြမွာ ေက်ာက္ေတြ တည္ေနတတ္ပါတယ္။ ဒီလို ေက်ာက္တည္ေနတဲ့ သြားေတြေၾကာင့္ သြားတိုက္ရင္ေတာင္မွ ခံတြင္း အန႔ံဆိုးေနတတ္ပါတယ္။
ဒါေၾကာင့္ သြားသန္႔ရွင္းေရးကို ေျခာက္လ တစ္ႀကိမ္ သြားေဆးခန္းမွာ သြားေရာက္ျပဳလုပ္တာက အေကာင္းဆံုးပါပဲ။
(၃) သြားေတြ မညီညာလို႔
အံနဲ႔ သြားနဲ႔ အံဝင္ဂြင္က် မျဖစ္တဲ့သူေတြ ရွိပါတယ္။ သူတို႔ေတြကေတာ့ သြားေတြ မညီမညာျဖစ္ေနၿပီး ထပ္ေနတာေတြ ျဖစ္ေနတတ္ပါတယ္။
ဒါေၾကာင့္ ပံုမွန္လို သြားတိုက္ရင္ေတာင္ အညစ္အေၾကးေတြကို အကုန္ မဖယ္ရွားႏိုင္ျဖစ္တတ္ပါတယ္။
ဒါေၾကာင့္ သြားေက်ာက္တည္တာေတြလည္း ျဖစ္တတ္ၿပီး ခံတြင္းနံ႔ဆိုးေနတတ္ပါတယ္။ ဒီအတြက္ကေတာ့ သြားညွိကုသမႈ ခံယူလိုက္ရင္ေတာ့ အေကာင္းဆံုးေပါ့ေနာ္။
(၄) အစားအေသာက္ေတြေၾကာင့္
ၾကက္သြန္နီ၊ ၾကက္သြန္ျဖဴစတဲ့ အရာေတြကို စားသံုးမိရင္လည္း ခံတြင္းနံ႔ဆိုးေနမွာပါ။ အနံ႔ျပင္းေစတဲ့ အစားအေသာက္ေတြကို ႀကိဳက္ရင္ေတာင္ ခံတြင္းနံ႔ မဆိုးေစဖို႔ သတိထား စားသံုးသင့္ပါတယ္။
ဒါမွမဟုတ္ရင္ ခံတြင္းနံ႔ကို ထိန္းညွိေပးတဲ့ ပူရွိန္းေတြ ပီေကေတြကို အျမဲေဆာင္ထားသင့္ပါတယ္ေနာ္။
Kham
Unicode
ခံတွင်းနံ့ဆိုးခြင်းကို ဖြစ်စေတတ်တဲ့ အဓိက အကြောင်းအရင်း ၄ ချက်
ခံတွင်းနံ့ဆိုးတာက အတော့်ကို ကသိကအောက် ဖြစ်စေပါတယ်။ ခံတွင်းနံ့ဆိုးနေတဲ့အခါမှာ ကိုယ်တိုင်က သတိမထားမိရင် တခြားသူတွေကို စိတ်အနှောင့်အယှက် ဖြစ်နေတတ်ပြီး ကိုယ်တိုင် သတိထားမိတဲ့အခါမှာလည်း ကိုယ့်ကိုယ်ကို မလုံမလဲဖြစ်တာနဲ့ စကားပြောဖို့ အခက်အအခဲ ဖြစ်တာ စတာတွေကို ရင်ဆိုင်ရမှာပါ။
ဒီလိုမျိုး ခံတွင်းနံ့ဆိုးရတဲ့ အကြောင်းအရင်းတွေကတော့ ဒီမှာပါ။
(၁) သွားမတိုက်လို့
တစ်နေ့ကို သွားက မနက် တစ်ကြိမ် ညအိပ်ရာဝင်ခါနီးရင် တစ်ကြိမ် နှစ်ကြိမ်တိုက်ရမယ်ဆိုတာ လူတိုင်း သိကြတာပါပဲ။
ဒီလို ပုံမှန်တိုက်ရမှာကိုတောင် ပျင်းရိပြီး မတိုက်မိရင်တော့ သွားတွေက ညစ်ပတ်နေပြီး ခံတွင်း အနံ့ဆိုးနေမှာပါ။
(၂) သွားကျောက်တည်နေလို့
သွားတွေမှာ ကျောက်တွေ တည်နေတတ်ပါတယ်။ ဒီလို ကျောက်တည်နေတဲ့ သွားတွေကြောင့် သွားတိုက်ရင်တောင်မှ ခံတွင်း အနံ့ဆိုးနေတတ်ပါတယ်။
ဒါကြောင့် သွားသန့်ရှင်းရေးကို ခြောက်လ တစ်ကြိမ် သွားဆေးခန်းမှာ သွားရောက်ပြုလုပ်တာက အကောင်းဆုံးပါပဲ။
(၃) သွားတွေ မညီညာလို့
အံနဲ့ သွားနဲ့ အံဝင်ဂွင်ကျ မဖြစ်တဲ့သူတွေ ရှိပါတယ်။ သူတို့တွေကတော့ သွားတွေ မညီမညာဖြစ်နေပြီး ထပ်နေတာတွေ ဖြစ်နေတတ်ပါတယ်။
ဒါကြောင့် ပုံမှန်လို သွားတိုက်ရင်တောင် အညစ်အကြေးတွေကို အကုန် မဖယ်ရှားနိုင်ဖြစ်တတ်ပါတယ်။
ဒါကြောင့် သွားကျောက်တည်တာတွေလည်း ဖြစ်တတ်ပြီး ခံတွင်းနံ့ဆိုးနေတတ်ပါတယ်။ ဒီအတွက်ကတော့ သွားညှိကုသမှု ခံယူလိုက်ရင်တော့ အကောင်းဆုံးပေါ့နော်။
(၄) အစားအသောက်တွေကြောင့်
ကြက်သွန်နီ၊ ကြက်သွန်ဖြူစတဲ့ အရာတွေကို စားသုံးမိရင်လည်း ခံတွင်းနံ့ဆိုးနေမှာပါ။ အနံ့ပြင်းစေတဲ့ အစားအသောက်တွေကို ကြိုက်ရင်တောင် ခံတွင်းနံ့ မဆိုးစေဖို့ သတိထား စားသုံးသင့်ပါတယ်။
ဒါမှမဟုတ်ရင် ခံတွင်းနံ့ကို ထိန်းညှိပေးတဲ့ ပူရှိန်းတွေ ပီကေတွေကို အမြဲဆောင်ထားသင့်ပါတယ်နော်။
Kham