အလွပေရးရာ

ဆံကေသာ ခြောက်သွေ့ပျက်စီးနေရင် ဒီလိုလေးစမ်းကြည့်ပါ

ဦးရေပြားခြောက်သွေ့ပြီး ဆံသားခြောက်သွေ့တဲ့သူတွေအဖို့ နည်းလမ်းကောင်းတစ်ခုကို မျှဝေပေးချင်ပါတယ်။ ဆံသား ခြောက်သွေ့ပြီဆိုရင်တော့

ဆံကေသာ ထိန်းသိမ်းရခက်ခဲခြင်း၊ ဆံပင်အဖျားနှစ်ခွဖြစ်ခြင်း၊ ကြမ်းတမ်းခြင်း၊ပျက်စီးလွယ်ခြင်းတို့ ဖြစ်တတ်ပါတယ်။

ဆံကေသာ ခြောက်သွေ့ပျက်စီးရတဲ့အကြောင်းရင်း

အဓိကအားဖြင့်တော့ ပတ်ဝန်းကျင်ကလေထုညစ်ညမ်းမှု၊ နေရောင်ခြည်ထိတွေ့မှု၊ ဖုန်နဲ့ အညစ်အကြေးတွေ၊ ရေကူးကန်မှာပါတဲ့ ကလိုရင်းတွေ၊

ဆားငန်ရေတွေဟာ သင့်ဆံကေသာကို ခြောက်သွေ့ကြမ်းတမ်းစေပါတယ်။ ဒါ့အပြင် ဆံပင်ပုံသွင်းစက်တွေ၊ ဟော်မုန်း မတည်ငြိမ်မှုတွေ၊ ကယ်လ်ဆီယမ်ဓာတ်ချို့တဲ့တာတွေကြောင့်လည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။

ဆံကေသာ ခြောက်သွေ့ကြမ်းတမ်းတာကို သက်သာအောင်လုပ်လို့ရသလား

ရပါတယ်။ ခေါင်းမလျှော်ခင် ဆံပင်ကို အုန်းဆီလိမ်းပြီး ၁ နာရီလောက် ထားပေးထားကာ ခေါင်းလျှော်ချနိုင်ပါတယ်။

သံလွင်ဆီကိုလည်း သုံးနိုင်ပါတယ်။ ဆံပင်အဖျားလေးတွေကို အဆီ၊ Serum လိမ်းပေးပါ။ ခေါင်းလျှော်တိုင်းမှာ ပေါင်းဆေးသုံးပေးပါ။

သဘာဝပေါင်းတင်နည်း

ခြောက်သွေ့ပျက်စီးနေတဲ့ ဆံကေသာနဲ့ ဆံသားအရောင်မွှဲတာတွေအတွက် ပျားရည်ကို သုံးနိုင်ပါတယ်။ ပျားရည်ဟာ ဆံကေသာကို ပျော့ပြောင်း နူးညံ့စေပါတယ်။

ပျားရည် ခွက်တစ်ဝက်ကို အသုံးပြုရပါမယ်။ ဆံပင်အရမ်းခြောက်ရင်တော့ ပျားရည်နဲ့ အတူ သံလွင်ဆီကိုပါ ထည့်နိုင်ပါတယ်။

အသုံးပြုပုံကတော့ ဒီလိုပါ။

အရင်ဆုံး ဆံပင်ကို ရေစိုအောင်လုပ်ပေးပါ။ ပြီးရင်ပျားရည်လိမ်းလိုက်ပြီး ဆံပင်အရင်းကနေ အဖျားထိ နှံ့အောင်လိမ်းပေးပါ။

အဲဒီနောက် ဖြည်းဖြည်းချင်း နှိပ်နယ်ပေးပါ။ ပြီးရင် မိနစ် ၃၀ လောက်ထားပြီး ခေါင်းလျှော်ရည် ပေါင်းဆေးတို့နဲ့ ခေါင်းလျှော်လိုက်ပါ။

မိုင်စတိုင်မြန်မာ

Zawgyi

ဦးေရျပားေျခာက္ေသြ႕ၿပီး ဆံသားေျခာက္ေသြ႕တဲ့သူေတြအဖို႔ နည္းလမ္းေကာင္းတစ္ခုကို မွ်ေဝေပးခ်င္ပါတယ္။ ဆံသား ေျခာက္ေသြ႕ၿပီဆိုရင္ေတာ့

ဆံေကသာ ထိန္းသိမ္းရခက္ခဲျခင္း၊ ဆံပင္အဖ်ားႏွစ္ခြျဖစ္ျခင္း၊ ၾကမ္းတမ္းျခင္း၊ပ်က္စီးလြယ္ျခင္းတို႔ ျဖစ္တတ္ပါတယ္။

ဆံေကသာ ေျခာက္ေသြ႕ပ်က္စီးရတဲ့အေၾကာင္းရင္း

အဓိကအားျဖင့္ေတာ့ ပတ္ဝန္းက်င္ကေလထုညစ္ညမ္းမႈ၊ ေနေရာင္ျခည္ထိေတြ႕မႈ၊ ဖုန္နဲ႔ အညစ္အေၾကးေတြ၊ ေရကူးကန္မွာပါတဲ့ ကလိုရင္းေတြ၊

ဆားငန္ေရေတြဟာ သင့္ဆံေကသာကို ေျခာက္ေသြ႕ၾကမ္းတမ္းေစပါတယ္။ ဒါ့အျပင္ ဆံပင္ပုံသြင္းစက္ေတြ၊ ေဟာ္မုန္း မတည္ၿငိမ္မႈေတြ၊ ကယ္လ္ဆီယမ္ဓာတ္ခ်ိဳ႕တဲ့တာေတြေၾကာင့္လည္း တစ္ခုအပါအဝင္ျဖစ္ပါတယ္။

ဆံေကသာ ေျခာက္ေသြ႕ၾကမ္းတမ္းတာကို သက္သာေအာင္လုပ္လို႔ရသလား

ရပါတယ္။ ေခါင္းမေလွ်ာ္ခင္ ဆံပင္ကို အုန္းဆီလိမ္းၿပီး ၁ နာရီေလာက္ ထားေပးထားကာ ေခါင္းေလွ်ာ္ခ်ႏိုင္ပါတယ္။

သံလြင္ဆီကိုလည္း သုံးႏိုင္ပါတယ္။ ဆံပင္အဖ်ားေလးေတြကို အဆီ၊ Serum လိမ္းေပးပါ။ ေခါင္းေလွ်ာ္တိုင္းမွာ ေပါင္းေဆးသုံးေပးပါ။

သဘာဝေပါင္းတင္နည္း

ေျခာက္ေသြ႕ပ်က္စီးေနတဲ့ ဆံေကသာနဲ႔ ဆံသားအေရာင္မႊဲတာေတြအတြက္ ပ်ားရည္ကို သုံးႏိုင္ပါတယ္။ ပ်ားရည္ဟာ ဆံေကသာကို ေပ်ာ့ေျပာင္း ႏူးညံ့ေစပါတယ္။

ပ်ားရည္ ခြက္တစ္ဝက္ကို အသုံးျပဳရပါမယ္။ ဆံပင္အရမ္းေျခာက္ရင္ေတာ့ ပ်ားရည္နဲ႔ အတူ သံလြင္ဆီကိုပါ ထည့္ႏိုင္ပါတယ္။

အသုံးျပဳပုံကေတာ့ ဒီလိုပါ။

အရင္ဆုံး ဆံပင္ကို ေရစိုေအာင္လုပ္ေပးပါ။ ၿပီးရင္ပ်ားရည္လိမ္းလိုက္ၿပီး ဆံပင္အရင္းကေန အဖ်ားထိ ႏွံ႔ေအာင္လိမ္းေပးပါ။

အဲဒီေနာက္ ျဖည္းျဖည္းခ်င္း ႏွိပ္နယ္ေပးပါ။ ၿပီးရင္ မိနစ္ ၃၀ ေလာက္ထားၿပီး ေခါင္းေလွ်ာ္ရည္ ေပါင္းေဆးတို႔နဲ႔ ေခါင္းေလွ်ာ္လိုက္ပါ။

မိုင္စတိုင္ျမန္မာ