သင့်အိိမ်မှာ (၃)မိနစ်ရေနွေးအိိုး အသုံးပြုနေရင် ၁၅ စက္ကန့်လောက် ဒီလိုစစ်ဆေးကြည့်ပါ ။
ကျွန်ေ တာ် နဲ့ တရုုတ်ရေနွေးအိိုး..
၃ မိိနစ်အိုးလို့ပြောလိုက်တာနဲ့ ဈေးကွက်ထဲမှာ ၃ထောင်တန်လောက် ရေနွေးအိုးတွေ မျက်လုံးထဲပြေးမြင်မိတယ်။တန်လည်း တန်တာကိုး…ကျွန်တော်လည််း ၃ထောင်တန်ပဲသုံးတယ်လေ။
အဲ့ပြဿနာက ကိိုယ်တွေ့မှကိိုယ်တွေ့စစ်စစ်….ဇာတ်လမ်းစပြောရရင်် တစ်ညပေါ့ဗျာ။ ရေနွေးသောက်မယ်ဆိိုပြီး ၃မိနစ်အိုးလေးကိို ခလုတ်တန်းဖွင့်လိုက်တာပေါ့။
အရင်ကလည်း အဲ့လိိုပဲ သုံးနေကြလေ။ Plug ကို တန်းထိုးထားပြီး ရေနွေးအိုးအတွက် သီးသန့် Socket တစ်ခု နဲ့ switch တစ်ခု ထားပေး ထားတာကိုး။
အိမ်မှာက RCBO ရော sub MCB တွေပါ ခံထားတော့ ဘာမှစိတ်မပူရဘူးလေ။
ရာဇာနေဝင်းလိိုပြောရရင် မျက်စိမှိတ်လို့ လက်နဲ့ကိိုင်တောင် မင်းအတွက်ဘေးကင်းဆဲ….ဟီး…. ဇာတ်လမ်းပြန်ဆက်ရရင်
မိိနစ်ပိုင်းလေးအတွင်းမှာပဲ ခွက်အောက်ကနေ မီးတောက်တွေ ဝုန်းခနဲ ထတောက်လာရော အဲ့မီးတောက်မြင်တော့မှ ခွက်ကိုယူပြီး ရေချိုးခန်းထဲ ပစ်ထည့်လိုက်တာပေါ့။
ဘယ်က စဖြစ်တာမှန်းမသိိတော့လောက်အောင်ကိို အတွေးတွေစုံသွားတယ်။ Shock ဖြစ်ရင်လည်း Breaker တွွေတန်းစီကျမှာလေနော့…ပြန်တွေးကြည့်တော့မှှ ရေနွေးအိုးထဲမှာ ရေရှိိ မရှိ သတိမထားမိဘဲ switch on မိလိုက်တာပဲဗျ။
စိိတ်နည်းနည်း ငြိမ်တော့မှ ရေနွေးအိုးလေးကို သွားပြန်ကောက်။ အဖုံးဖွင့်ကြည့်တော့မှ အပူပေးတဲဲ့ Heating Element က ထလောင်တာတဲ့ဗျား။
ရော်် အမှန်တကယ်ဆိုရင်် ရေနွေးအိုးမှာ ပူလာရင်ဖြတ်ဖိို့ Thermostat နှစ်ခုပါရတယ်ဗျ။
တစ်ခုက လက်ကိုင်က Switch မှာရေနွေးတွေဆူရင် အပူငွေ့တွေက လက်ကိိုင်က တဆင့် Thermostatကို ပိိတ်ပေးမှာ။ နောက်တစ်ခုုက အိုးဖင်မှာ… အိုးအရမ်းပူလာရင်် Auto ဖြတ်ပေးဖို့။
အဲ့တော့ ကျွန်တော့််အခြေအနေအရ…. ရေမရှိိရင်တောင် အိုးပူရင် အိုးဖင်က Thermostat က ဖြတ်ပေးရမှာလေ။ အခုတော့ Heating element က မီးထလောင်ရတယ်လိို့ မကြားဖူးပေါင်ဗျာ။အဲ့အခြေအနေကို သုံးသပ်ကြည့်ရင်
၁ ။ အိမ်မှာ လျှပ်စစ်ကို စိတ်ချရအောင် RCBO တွေ MCB တွေ တပ်ထားပေမယ့်် အပူကနေပြီးတော့ ဘေးကိုလိုက်လောင်မယ့် အနေအထားကို သူတို့ မကာကွယ်ပေးနိုင်ဘူး။
၂။ ရေနွေးအိုးတည်တာမှာလည်း ၃ မိနစ်နေရင် ပိတ်သွားလိမ့်မယ်ဆိုတဲ့ အတွေးမျိုးကို မယုံကြည်ရတာမျို..း။
၃။ Quality နိိမ့်တဲ့ ပစ္စည်းမျိုးတွေပဲ အဟုတ်ကြီးထင်ပြီး သုံးနေမိတာမျိုးပေါ့။
အဲ့တော့ ဒီ Post ကိို ဖတ်နေတဲ့အထဲမှာ အိိမ်ရှင်မတွေပါနေခဲ့ရင် အကြံတစ်ခုပေးချင်ပါတယ်။ ကိိုယ့်အိမ်က ၃မိနစ်အိုးကို ပြန်စမ်းကြည့်ပါ။ဘယ်လိုစမ်းရမလဲဆိုတော့….
၃ မိနစ်အိုးထဲ ဘာရေမှမထည့်ဘဲဲ ၁၅ စက္ကန့်လောက် ဖွင့် ထားကြည့်ပါ။သူ့အလိိုလိုပြန်ပိတ်သွားခဲ့ရင်တော့ အိုးပူရင် ပြန်ပိတ်ပါတယ်ဆိုပြီး စိိတ်ချလို့ရပါတယ်။
မပိိတ်ရင်တော့ Quality ကောင်းတာလေးတွေပဲ ထပ်ဝယ်သုံးကြပါလို့ အကြံပေးချင်ပါတယ်။
ဒီ Post ကိိုတင်ရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံမှာ လောင်သမျှမီးကို ဝိိုင်ယာရှော့ ဝိုင်ယာရှော့ဆိုပြီး ပြောခံနေရတာကို ခံပျင်းတာရယ် ။
ကိုယ်တွေလိုမျိုး အရည်းအသွေးမပြည့်မီတဲ့ပစ္စည်းတွေကို သုံးနေရတဲ့ အိမ်ထောင်စုတွွေ မီးဘေးအန္တရာယ်ကနေ ဝေးဖိို့အတွက်ပဲ ရည်ရွယ်ပါတယ်။
ပူပြင်းခြောက်သွေ့လာတဲ့ နွေရာသီမှာ အိိမ်တိုင်း အိမ်တိုင်း မီးဘေးကင်းကြပါစေ..။
ခရစ်ဒစ်



