ၾကားသိရသမွ်








Shoon (Cele Daily)

unicode

ကမ္ဘာပေါ်တွင်အသက်အငယ်ဆုံးသောကလေးအဖေအဖြစ် မှတ်တမ်းဝင်သွားခဲ့သည့် အသက်၁၃နှစ်အရွယ်လူငယ်လေး

ကမ္ဘာ့စံချိန်မှတ်တမ်းများဟုဆိုသော် အချို့သောမှတ်တမ်းတွေဟာ ကောင်းမွန်သောမှတ်တမ်းတွေမဟုတ်ဘဲ ဆိုးရွားလှသောမှတ်တမ်းများလည်းဖြစ်နေတတ်ပါတယ်။

အမှန်တကယ်တွင်တော့ အသက်၁၃နှစ်အရွယ်ဆိုသည်မှာ လောကကြီးအကြောင်းကိုသေချာစွာမသိသေးဘဲပျော်ရွင်စွာ ဆော့ကစားနေရမည့်ကလေးအရွယ်သာဖြစ်ပါတယ်

ယခုတွင်တော့ အသက်၁၃နှစ်အရွယ်ကလေးတစ်ဦးဟာ သူ၏အသက်၁၆နှစ်အရွယ်ကောင်မလေးနှင့် စူးစမ်းပြီးစမ်းသပ်ကြရာမှ ကိုယ်ဝန်ရှိသွားခဲ့တယလို့သိရပါတယ်။

ထိုအခါမိဘတွေကိုလည်း ကိုယ်ဝန်ရှိနေတာကိုမပြောရဲဘဲ ဖုံးကွယ်ထားခဲ့သောကြောင့် မိဘများကကိုယ်ဝန်ရင့်မာကြီးမှ သိလိုက်ရတာဖြစ်ပါတယ်။

ထို့ကြောင့်ကလေးငယ်ကိုမွေးဖွားခဲ့ရပြီးနောက်မှာတော့ အသက်၁၃နှစ်အရွယ်ဖြင့်ကလေးအဖေဖြစ်လာခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ကလေးအဖေအဖြစ်ပါမှတ်တမ်းဝင်သွားခဲ့ရပါတယ်..။

Shoon (Cele Daily)