Knowledge

နေအိမ်၏မျက်နှာကျက်ပေါ်တွင် နေ့စဉ် ဆူညံသံများကြားရသဖြင့် ကယ်ဆယ်ရေးကိုအကူအညီတောင်းရာမှ ထိတ်လန့်အံသြဖွယ်ရာကို တွေ့ရှိခဲ့သည့်ဖြစ်ရပ်..

နေအိမ်၏မျက်နှာကျက်ပေါ်တွင် နေ့စဉ် ဆူညံသံများကြားရသဖြင့် ကယ်ဆယ်ရေးကိုအကူအညီတောင်းရာမှ ထိတ်လန့်အံသြဖွယ်ရာကို တွေ့ရှိခဲ့သည့်ဖြစ်ရပ်

ကမ္ဘာကြီးတစ်ခုလုံးတွင် ထူးဆန်းအံသြဖွယ်ကောင်းသော အကြောင်းအရာများသည် နေ့စဉ်နှင့်အမျှ မြင်တွေ့ကြားသိနေရပေသည်။ ယခုတွင်လည်း သြစတေးလျနိုင်ငံရှိ နေအိမ်တစ်အိမ်တွင် မြွေအရေခွံများစွားကို တွေ့ရှိခဲ့ရပေသည်။သြစတေးလျနိုင်ငံဟာ မြွေအလွန်ပေါသော နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါတယ်။

ယခုနေအိမ်တွင် အိမ်ရှင်များဟာ မျက်နှာကျက်ပေါ်တွင် ဆူညံသံများကို နေ့စဉ်ကြားလာခဲ့ရပါတယ်။ထို့ကြောင့် ကယ်ဆယ်ရေးသမားများကို အကြောင်းကြားကာ မျက်နှာကျက်အားဖွင့်ကြည့်ပေးရန် အကူအညီတောင်းခံခဲ့ပါတယ်။

ကယ်ဆယ်ရေးသမားဟာလည်း လာရောက်ကြည့်ရှုပေးသည့်အခါတွင် မျက်နှာကျက်ပေါ်၌ အံ့သြစရာကောင်းအောင် မြွေအရေခွံ၅၀ကျော်ကို တွေ့ရှိခဲ့ရပါတယ်။မြွေများကိုတော့တွေ့ရှိခဲ့ခြင်းမရှိခဲ့ပါဘူး။ကယ်ဆယ်ရေးသမား၏ ပြောကြားချက်အရ မြွေများဟာ အဆိပ်ပြင်းမြွေမဖြစ်နိုင်ဟု ဆိုခဲ့ပါတယ်။

စာဖတ်သူတို့အနေနှင့်လည်း နေအိမ်ပတ်ဝန်းကျင်များကို အမြဲသတိထားကြည့်ရှုပါလို့ တိုက်တွန်းချင်မိပါတယ်။

crd






crd