Knowledge

မျက်လှည့်ဆရာအဘိုးအိုက မြေးမလေးကို ပေးတဲ့သင်ခန်းစာ

မျက်လှည့်ဆရာအဘိုးအိုက မြေးမလေးကို ပေးတဲ့သင်ခန်းစာ

တစ်ခါတုန်းကရွာကြီးတစ်ရွာမှ..ာ ထူဆန်းတဲ့အဘိုးအိုတစ်ယောက် ရှိတယ် ။ သူ့မှာသိပ်လှတဲ့မြေးမလေး တစ်ယောက်လည်းရှိတယ် ။

အဘိုးအိုဟာ ကျွမ်းကျင်ပြီးသိပ်တော် သိပ်ထက်မြတ်လှတဲ့ မျက်လှည့်ပညာကို ပိုင်ဆိုင်ထားပါတယ် ။ အဲ့ဒီပညာရပ်နဲ့ပဲ အသက်မွေးဝမ်းကြောင်းပြုခဲ့တယ် ။ သူ့မြေမလေးကိုလည်း အဲ့ဒီပညာတွေသင်ပေးခဲ့တယ် ။

တစ်နေ့မှာတော့ လူစည်ကားတဲ့နေရာမှာ မျက်လှည့်ပြတာပေါ့ ။ ပန်းပွင့်ကနေ ငွေစက္ကူဖြစ်တာတွေ ၊ ကြိုးကနေမြွေဖြစ်သွားတာတွေ စတဲ့ပြကွက်မျိုးစုံကို ပြနေတာပေါ့ ။ အားလုံးပြပြီးပြီ ဆိုရင် ပရိသတ်ကပေးတဲ့ငွေကိုပဲယူတယ် ။

ဒါပေမယ့် အခုတကြိမ်ပြတဲ့ပြပွဲမှာ အဘိုးအိုက ထူးဆန်းတဲ့ စကားတစ်ခွန်းကိုပြောခဲ့တယ် ။ ” မျက်လှည့်ပညာဆိုတာ မှော်ပညာမဟုတ်သလို တန်ခိုးစွမ်းအားတွေမရှိပါဘူး ။ လိမ်တာလည်းမဟုတ်ပါဘူး ။ မျက်လှည့်ပညာမှာ လျို့ဝှက်ချက်တွေရှိတယ် ။ အဲ့ဒီလျို့ဝှက်ချက်တွေကိုမသိလို့သာ ခင်ဗျားတို့လာကြည့်ကြတာဖြစ်တယ် ။ ဒီနေ့မျက်လှည့်ပညာရဲ့ လျို့ဝှက်ချက်တွေကို ပြောပြပါမယ် ။ ”

ပရိသတ်ကြီးဟာ အင်မတန်မှစိတ်ဝင်စားသွားတယ်။ ကြိုးကနေ ဘယ်လိုမြွေဖြစ်သွားတယ် ။ ပန်းကနေဘယ်လိုငွေစက္ကူတွေ ဖြစ်သွားတယ် စသည်ဖြင့်ပေါ့ ခဏကြာတော့အဘိုးအိုဟာ လျို့ဝှက်ချက်တွေကို အကုန်ရှင်းပြသွားခဲ့တယ် ။

ပရိသတ်လည်းပြောတုန်း ခဏတော့စိတ်ဝင်စားတာပေါ့။ သိလည်းသွားရော သြော်ဒီလိုလုပ်တာလား ဒါလေးများဟု မျက်လှည့်ပညာကို စိတ်မဝင်စားတော့ဘူးပေါ့ ။

နောက်တစ်နေ့ မြေးလေးကိုခေါ်ပြီး မျက်လှည့်သွားပြတာပေါ့။ ဒါပေမယ့် ပရိသတ်တစ်ယောက်မှ မလာချေတော့ဘူး ။ အဘိုးအိုက” မြေးလေးရေ ပရိသတ်တစ်ယောက်မှ မလာပါလား? ဘာကြောင့်လဲ..? ” ” အဘိုးကမနေ့ကပွဲမှ..ာ လျို့ဝှက်ချက်တွေ အကုန်ပြောပြလိုက်တာကိုး ဘယ်သူကစိတ်ဝင်စားတော့မှာလဲ ။ ”

” အေးဟုတ်တယ်မြေးလေး အဘိုးအိုတစ်သက်လုံး ကျွေးမွေးခဲ့တဲ့ပညာ အခုတော့လျို့ဝှက်ချက်လည်းပြလိုက်ရော ဘယ်သူကမှ စိတ်မဝင်စားတော့ဘူး။ တန်ဖိုးလည်း မရှိတော့ဘူး ။ ”

” မြေးလေးလည်းမှတ်ထားပါ။ လျို့ဝှက်ချက်ဖြစ်တဲ့ မြေးလေးရဲ့ခန္ဓာကိုယ်အလှကိုလည်း ဘယ်သူကိုမှမပြရဘူးကွဲ့ ။ လျို့ဝှက်ထားရမယ် ။ ဒါဆိုမြေးလေးရဲ့ မိန်းကလေးအလှဟာ တန်ဖိုးကြီးတယ်ကွဲ့ ။ ”

” ဒူးဖော်ပေါင်ဖော် ရင်သားတွေပေါ်နေရင် ဘယ်သူမှစိတ်မဝင်စားတော့ဘဲ တန်ဖိုးမရှိဖြစ်သွားလိမ့်မယ် ။ ပြတုန်းခဏပဲ သူတို့ကတန်ဖိုးထားကြတာ ဒါကြောင့်အဝတ်စားကို လုံလုံခြုံခြုံ ဝတ်ပါ ။ ”

အဘိုးအိုဟာ သူ့ပညာနဲ့ရင်းပြီးတော့ မြေးလေးကိုဆုံးမခဲ့တယ် ။ Acc ထဲကညီမငယ်တို့ တစ်တွေလဲသိရှိနားလည်နိုင်ပါစေ ။ အဘိုးအိုရဲ့ဆုံးမစကားကို နားလည်နိုင်ပါစေ ။အားလုံးသော အမျိုးသမီးအပေါင်းတို့လဲ ကိုယ့်တန်ဖိုးကို ကိုယ်တိုင်ထိမ်းသိမ်းနိုင်ကြပါစေ..။

Credit