Unicode Version
အိုး အ တွင်း စိုက် ပျိုး ပင် များ အ တွက် မြေရော စပ် နည်း
၁။ မြေ ဆွေး ဆို တာ သစ် ရွက် တို့ မြေ နဲ့ အ တူ ဆွေး မြေ့ ရော နှော သွား သော မြေ ဟု ယေ ဘူ ယျ ခေါ် ရင် ရ ပါ တယ်။ အာ့ လို မြေ ဆွေး မ ရ ပါ က သစ် ရွက် များ ဖုံး လွှမ်း ခံ ရ သော မြေ ကို အ ပေါ် ယံသုံးလက်မထုလောက်လွှာ၍ ကီလို ၁၀၀လောက် ယူပါ။(ဘိလပ်မြေ အိတ်တစ်လုံး ကီလို ၅၀ရှိပါသည်)
၂။ ဆန်ဆေးရည် ပထမဆေးသောရေကို ဗူး(သို့)မြေအိုးတွင် ထည့်၍ အနည်းဆုံး သုံးရက် ထားပါ။၇လီတာမွ၁၀လီတာ။
၃။ထန်းလျက် အမည်း (အရက်ချက်ရာတွင်သုံး ) အမည်းမရပါက ရေသာ ထန်းလျက်၂၅ကျပ်သားလောက်ကို နှစ်လီတာလောက်ရအောင်ရေစပ် ၍ကြိုပါ။ဗူးထဲထည့်၍ သုံးရက်လောက် သိမ်းထားပါ။မြေ ကီလို ၁၀၀လောက် အ သုံးပြုရပါသည်။
၄။ နွားချေး လင်းနို့ချေး ကြက်ချေး ခိုချေးသင့်ရာတိရိစ္ဆာန်ချေးကို ခြေထားပါ။ နှစ်ပြည်မှ လေးပြည့်အထိ ထည့်သုံးနိုင်ပါသည်။အလွယ်မရ မထည့်နဲ့ပေါ့။ဟောင်း/သစ် နှစ်မျိုးလုံး သုံးလို့ရပါသည်။
ထို့ပြင် ပြာ နို့ဆီဗူး ၃ မွ ၅ ဗူး ၊ထုံး နို့ဆီဗူး ၂ မှ ၄ ဗူး ကြက်ဥ ဘဲဥခွံများညှက်စွာထောင်းထားပါ။ ၂၀ မွ ၄၀ခြံ သစ်သီး အမှည့်လွန်များလည်း ခြေ၍ ထည့်နိုင်ပါသည် ။ဥပမာ – သဘောင်္သီး၊ပန်းသီး၊ နာနတ်သီး၊ ငှက်ပျော်သီး စေသာ အမှည့်လွန်သစ်သီး/ ပုပ် စသည်များ သင့်သလိုထည့်နိုင်ပါသည်။
မရက မထည့်ရုံသာ။ဆွေးမြေ့နေသော မည်သည့်သစ်ရွက်မြေဆွေးမဆိုရပါတယ်။ ၂ပြည် မွ ၅ပြည်ထိ ထည့်နိုင်ပါသည်။ထိုစီမံထားသော အရာတို့ကို နှံ့အောင် သမ၍ငှက်ပျောရွက်ဆိုလျှင် ပိုကောင်း အုပ်ပေးထားပါ။မည့်သည့် အရွက်နှင့်မဆိုတစ်ပတ်ဆယ်ရက်ခန့် အုပ်ပေးပါ။
ဆယ်ရက်ပြည့်လျှင် စိုက် ပျိုးရန် မြေရပါပြီ။ ထို သမ၍နှပ်ထားသောမြေအားပြန်လည် ရောမွှေသမ၍ လိုသလို စိုက်ပျိုးနိုင်ပါသည်။ အောင်မြင်ဖြစ်ထွန်းကြပါစေ။