Knowledge

အိမ်မှာအလွယ်တကူ ပြုလုပ်လို့ရတဲ့ အရသာရှိတဲ့ ရေခဲချောင်း ရေခဲမုန့်လုပ်နည်း..

အိမ်မှာအလွယ်တကူ ပြုလုပ်လို့ရတဲ့ အရသာရှိတဲ့ ရေခဲချောင်း ရေခဲမုန့်လုပ်နည်း

ပူပြင်းတဲ့ နွေရာသီဥတု တဖြည်းဖြည်း ရောက်လာပြီဆိုတော့ အိမ်မှာ ကိုယ်ကြိုက် နှစ်သက်သော ရေခဲမုန့် ရေခဲချောင်း လုပ်နည်းတွေကို မျှဝေပေးမယ်။မိမိ အားလပ်ရက်မှာတွင် လုပ်စား နိုင်ပါတယ်။

1, သီးစုံ ရေခဲချောင်း လုပ်နည်း

အရင်ဆုံး မိမိ ကြိုက်နှစ်သက်သော သစ်သီးကို အခွန်ခွာပြီး အတုံးတုံးလေးလုပ်ပါ။

ရေသန့် တစ်ပန်းကန်ထည့်ပြီး အထဲကို သကြားဖြူရော ထည့်လိုက်ပါ။ (အချိုကတော့ ကိုယ်နှစ်သက် သလို ထည့်နိုင်ပါတယ်။)

သစ်သီးကို ကြိတ်ဖို့ သက်သက် တစ်ခုလုပ်ပြီး ကြိတ်ပါ။

ပြီးတော့ သစ်သီးကို အတုံး လုပ်ထားတာကို သစ်သီးအရည်နှင့် ရောပြီး ရေခဲချောင်းလုပ်တဲ့ Mold ထဲ ထည့်လိုက်ပါ။

နောက်ဆုံးမှာ ရောခဲ သေတ္တာထဲသို့ ခဲသွားအောင် ထည့်လိုက်ပါ။

2, နွားနို့ ရေခဲချောင်း

နွားနို့ကို အိုးထဲထည့်ပြီး ကောက်ညှင်းမှုန့် နှင့် သကြားထဲပြီး ချက်လိုက်ပါ။

ချက်သည့် အခါလည်း ကောက်ညှင်းမှုန့်ကို လုံံးမသွားအောင် မွှေပေးပါ။

နွားနို့ ဆူလာရင်လည်း မီးကို ချက်ချင်း မပိတ်လိုက်ပါနဲ့။ ၂ မှ ၃ မိနစ်အတွင်း မွေပြီးမှသာ ပိတ်ပါ။

နွားနို့ကို ရေခဲချောင်း မှိုထဲသို့ ထည့်ပြီး ရေခဲသေတ္တာသို့ ၄ နာရီခန့် အအေးခံ ပေးပါ။

ရေခဲ ချောင်းကို ရေခဲ သေတ္တာမှ ထုပ်ပြီး ရေခဲချောင်း Mold ကနေ ခနထားပြီး ရေခဲချောင်း ကိုထုပ်ပါ။ ( နွားနို့ထဲကို ကောက်ညှင်းမှုန့် ထည့်ရောလိုက်ရင် အရမ်းကို စားကောင်းပါတယ်။)

3,သရက်သီး ရေခဲချောင်း

( လုပ်နည်း နှစ်နည်း ရှိပါတယ်) သရက်သီးကို အခွန်ခွာပြီး အတုံတုံး လုပ်ပြီးတော့မှ ဘာမှ မရောထားသော ဒိန်ချဉ်ထဲသို့ ထည့်ရောပြီး ရေခဲချောင်း မှို ထဲသို့ထည့်ပြီး ရေခဲ သေတ္တာထဲသို့ အအေးခံ လိုက်ပါ။

နောက် တစ်နည်းကတော့ သရက်သီးကို အခွန်ခွာပြီး ကြိတ်စက်နှင့် ကြိတ်ပြီး ဒိန်ချဉ်ထဲသို့ ထည့်ရော လိုက်ပြီး ရေခဲချောင်း မှိုထဲသို့ပြီး ရေခဲ သေတ္တာထဲ ထည့်လိုက်ပါ။ အားလုံးပဲ အားလပ်ချိန် စမ်းလုပ် နိုင်ပါတယ်။ Crd to oraginal