Health Care
ဆန်ဆေးရေကိုအလဟသမလွှင့်ပစ်သင့်တဲ့အကြောင်းအရင်း(၂)မျိုး
အလှအပချစ်မြတ်နိုးတဲ့ပျိုမေလေးတို့ရေမင်္ဂလာပါနော်ထမင်းချက်တိုင်းဆန်ဆေးတဲ့အခါရရှိလာတဲ့ဆန်ဆေးရေကို အလဟဿမလွှင့်ပစ်သင့်တဲ့အကြောင်းအရင်း(၂)မျိုး-
ရှိပါတယ်ရေကိုချွေတာဖို့နဲ့ အလှအပအတွက် အသုံးပြုဖို့အတွက်ပဲဖြစ်ပါတယ်မျက်နှာသစ်တိုင်းဆန်ဆေးရေနဲ့မျက်နှာသစ်ပေးမယ်ဆိုရင်အသားအရေကစိုပြေဝင်းပနေမှာ
မယုံမရှိနဲ့နော်အဆင်သင့်ဖြစ်ပြီဆိုရင်ဆန်ဆေးရေကိုအလှအတွက်ဘယ်လိုအသုံးပြုသင့်လဲဆိုတာကိုအတူတူဆက်ဖတ်ကြည့်လိုက်ရအောင်မျက်နှာသစ်ဆေးအဖြစ်အသုံးပြုနိုင်ခြင်း
မျက်နှာအသားအရေလည်း နူးညံ့ပျော့ပျောင်းပြီး ကြည်လင်တောက်ပချင်တယ်ဆိုရင်တော့ ဆန်ဆေးရေအသုံးပြုပါဝါဂွမ်းစလေးပေါ်သို့ဆန်ဆေးရေအနည်းငယ်ဆွတ်လိုက်ပြီး
မျက်နှာအနှံ့ ညင်သာစွာ သုတ်လိမ်းပြီးနှိပ်နယ်ပေးရမှာပါထို့နောက်မျက်နှာသုတ်ပုဝါနဲ့မျက်နှာမသစ်ဘဲဒီအတိုင်းထားပြီး လေသလပ်ခံပေးလိုက်ပါနေ့တိုင်းမလုပ်ပေးနိုင်ရင်တောင်
တစ်ပတ် နှစ်ကြိမ်ခန့် ပြုလုပ်ပေးရုံနဲ့တင်အသားအရေကို ဗီတာမင်နဲ့သတ္တုဓာတ်တွေ ထောက်ပံ့ပေးနိုင်ပါတယ်တိုနာအဖြစ်အသုံးပြုနိုင်ခြင်းသုံးနေကျ တိုနာကုန်သွားလို့စိတ်မ
ညစ်လိုက်ပါနဲ့ဆန်ဆေးရေကကမ္ဘာ့အကောင်းဆုံးတိုနာတစ်ခုပါပဲမျက်နှာသစ်ဆေးနဲ့မျက်နှာစင်စင်သစ်ပြီးတဲ့အခါ ဝါဂွမ်းစကိုဆန်ဆေးရေဆွတ်ပြီးမျက်နှာပေါ် သုတ်လိမ်းပေးလိုက်ပါ။
ဆန်ဆေးရေကအသားအရေကိုတင်းရင်းစေပြီးချွေးပေါက်များကိုကျဉ်းစေကာအသားအရေချောမွေ့ဖို့နဲ့တောက်ပြောင်နေဖို့ကူညီပေးပါလိမ့်မယ်။ယဝက်ခြံနှင့်အမဲစက်များကို
ဖယ်ရှားပေးခြင်းမျက်နှာပေါ်ကဝက်ခြံတွေအနီစက်တွေအမဲစက်တွေဖုတွေကြောင့်စိတ်ညစ်နေပါသလားဒါဆိုရင်တော့ ဆန်ဆေးရေနဲ့ နေ့တိုင်းမျက်နှာသစ်ပေးလိုက်ပါမျက်နှာပေါ်က
အနာအဆာတွေကို ဖယ်ရှားပေးတဲ့အပြင်ဝက်ခြံနဲ့တင်းတိပ်တွေထပ်မဖြစ်လာအောင်လည်းကူညီပေးပါတယ်နှင်းခူရောဂါအတွက်ကုသပေးခြင်းဆန်ဆေးရေရဲ့ကဆီဓာတ်ကနှင်းခူရောဂါကြောင့်အရေပြားယားယံခြင်းကိုသက်သာစေပါတယ် ။
သန့်စင်တဲ့ အဝတ်စကိုဆန်ဆေးရေထဲနှစ်လိုက်ပြီးနှင်းခူဖြစ်လို့ယားနေတဲ့နေရာကိုထိုအဝတ်စနဲ့အသာအယာပုတ်ပေးလိုက်ပါ၂မိနစ်ခန့်ပုတ်ပြီးတာနဲ့ခြောက်သွားအောင်
လေသလပ်ခံပေးလိုက်ပါ။နေလောင်ဒဏ်များကို သက်သာစေခြင်းနေလောင်ဒဏ်ကြောင့်အသားအရေနီမြန်းရောင်ရမ်းခြင်းကိုဆန်ဆေးရေကသက်သာအောင်စွမ်းဆောင်ပေးနိုင်ပါတယ်
ဆန်ဆေးရေဆွတ်ထားတဲ့ ဝါဂွမ်းစလေးကို နေလောင်ဒဏ်ခံစားနေရတဲ့နေရာပေါ်မှာသုတ်လိမ်းပေးလိုက်ရုံပါပဲအရေးအကြောင်းများမဖြစ်ပေါ်အောင်တားဆီးပေးခြင်းဆန်ဆေးရေ
လက်ဖက်ရည်ဇွန်းတစ်ဇွန်းကိုအုန်းဆီနှစ်စက်သုံးစက်ခန့်ဖြင့် ရောနှောထားလိုက်ပါထို့နောက်မျက်နှာနဲ့လည်ပင်းတစ်ဝိုက် သုတ်လိမ်းပြီးနှိပ်နယ်ပေးလိုက်ပါဒါဆိုရင်တော့မျက်နှာ
အသားအရေလေးကပါးရေတွန့်ခြင်းနဲ့အရေအကြောင်းအန္တရာယ်မှကင်းဝေးပြီးကလေးတစ်ယောက်ရဲ့အသားအရေ နူးညံ့နေမှာပဲဖြစ်ပါတယ်အုန်းဆီအစားဂျိုဂျိုးပါးအဆီကိုလည်းအသုံးပြုနိုင်ပါသေးတယ်
ဆံကေသာကျန်းမာသန်စွမ်းအောင်ကူညီပေးခြင်ခေါင်းလျှော်ပြီးသွားပြီ၊ Conditioner လည်း သုံးပြီးသွားပြီဆိုတာနဲ့ ဆန်ဆေးရေနဲ့ ထပ်လျှော်ပေးလိုက်ပါပြီးရင်ဦးရေပြားကို
နှိပ်နယ်ပေးလိုက်ပါပြီးမှရေနဲ့နောက်တစ်ခေါက်ပြန်လျှော်လိုက်ပါဒီနည်းလမ်းလေးကဆံကေသာကျန်းမာသန်စွမ်းစေတဲ့အပြင်ဆံကေသာတောက်ပြောင်အောင်လည်းကူညီပေး
ပါတယ်ဆန်ဆေးရေက အသားအရေအလှအပအတွက်ကောင်းကျိုးမြောက်မြားစွာပေးစွမ်းနိုင်တယ်ဆိုတာကိုသိပြီဆိုတော့ဒီနေ့ကစပြီးဆန်ဆေးရေကိုအလှအပအတွက်အသုံးပြုလိုက်ရအောင်။
Credit
Zawgyi
Credit