Knowledge

နှစ်ရှည်လများ စွဲကပ်နေတဲ့ အိပ်မပျော်တဲ့ ရောဂါတွေ ပျောက်ကင်းစေတဲ့နည်း

နှစ်ရှည်လများ စွဲကပ်နေတဲ့ အိပ်မပျော်တဲ့ ရောဂါတွေ ပျောက်ကင်းစေတဲ့နည်း..

မြန်မာဆေး မြန်မာဆေးပညာ အိပ်မပျော် သောရောဂါနင့် မြန်မာဆေး

တောင်ကြာဥအရင့် ၁ ပိသာ

ဘုမ္မရာဇာမြစ် ၁၂ ကျပ်

ဒန့်ကျွဲရွက် ၂၀။

မဲဇလီမြစ် ၁၂။

ကြာဝတ္ဆံ ၂။

ကြာညှောက် ၁၂။

ကံကော်ဝတ်ဆံ ၂၀။

ဆီးစေ့အဆံ ၂၀။

တောင်ကြာဥမှာ ကြက် သွေးရောင်နဲ့ အဝါရောင် နှစ်မျိုး ရှိပါတယ်။ အဝါရောင်ကိုသုံးရန် ဖြစ်ပါတယ်။

ကြာညှာက် ဆိုတာ ကတော့ကြာစေ့အရင့်ကိုခွဲလိုက်တဲ့အခါ အစေ့ရွက်နှစ်ခုကြားကအမြစ်ဖြစ်လာမယ့် အညှောက်ကလေးကို ဆိုပါတယ်။

ဆီးစေ့အဆံကတော့ မြန်မာဆီးသီး အစေ့ကို ခွဲလိုက်လို့ အတွင်းမှာတွေ့ရတဲ့ အဆံကလေးတွေကို ဆိုပါတယ်..။

ဆေးတဖုံစာ ဖော်ရမှာမတတ်နိင်ရင်လည်း အဖုံဝက်စာ အချိုကျ ဖောစားလို့ရပါတယ်။

ဆေးမယ်တွေ အားလုံးစုပြီး တဲ့နောက် အမှုန့်ပြုပါ။ ဆေးမှုန့်အတိုင်းသောက်ရင် လည်းရပါတယ်။ဆေးမှုန်လက်ဖက်ရည်းဇွန်း တစ်ဇွန်းကို နွားနို့ ဒါမှမဟုတ် ပျားရည်နဲ့ အိပ်ရာဝင်သောက်ပေးပါ

။ဆေးမှုန့်ကခါးတဲ့ အရသာရှိပါတယ်။ဆေးကြောက်တွေအဖို့တော့ ပျားရည်နဲ့ ဆီးကင်းလောက်အလုံးလေးတွေလုံးပြီးသောက်နိုင်ပါတယ်။

ဒီဆေးဟာ သာမန်အိပ်မပျော်မှု့ကို သာမက နှစ်ရှည်လများ စွဲကပ်နေတဲ့အိပ်မပျော်တဲ့ ရောဂါတွေတောင် ပျောက်ကင်းစေပါတယ်။

အနောက်တိုင်း အိပ်ဆေးများ လို နောက်တစ်နေ့ အိပ်ရာထမှာ နုံးမနေဘဲ အိပ်ရာထပြီးတဲ့နောက် စိတ်ရွှင်လန်း ပေါ့ပါးစေပါတယ်။

ဆေးနည်း ကတော့ ဒေါက်တာအောင်နိုင် (ဆေးသုတေသန)စားအုပ်မှ ကောက်နုတ်ဖေါ်ပြလိုက်ရခြင်း ဖြစ်ပါတယ်..။

အိပ်ဆေးအနေနဲ့ သီးခြားဖော်စပ် သုံးလိုသူများ အတွက်တော့ အစိုးရတိုင်းရင်းဆေးကောင်စီဝင် ဆရာရာကြီး ဦးဉာဏ်လွင်ရဲ့ ဆေးနည်းကို ဆရာကြီးရဲ့ ခွင့်ပြုချက်အရ ပြောပြပါ့မယ်။

အဲဒီဆေးနဲ့ ရန်ကုန်မြို့ စိတ်ရောဂါ ကုဆေးရုံက အရက်ဖြတ်လူနာများ ကောင်းကောင်းအိပ်စက်နိုင်ရေးအတွက် သုတေသနပြုသုံးစွဲကြည့်ရာမှာ အလာအလာအလွန် ကောင်းမွန်ကြောင်း တွေ့ရပါတယ်။ ။

အဲဒီသုတေသနတွေ့ရှိချက်များကို ၁၉၉၀ ပြည့်နှစ် ဒီဇင်ဘာလက ကျင်ပခဲ့တဲ့မြန်မာနိုင်ငံ ဆေးသုတေသန ညီလာခံ စာတမ်းဖတ်ပွဲမှာဖတ်ကြားတင်တွင်းခဲ့ပြီးဖြစ်ပါတယ်။

ဆရာကြီးရေးသားထားသော စားအုပ်မှ ပြန်လည်မျှဝေလိုက်ရခြင်းဖြစ်ပါတယ်..

လက်တွေ့အသုံးပြုတဲ့ အခါမှာ ပိုမို ကောင်းမွန်ပါကြောင်းတင်ပြလိုက်ရပါတယ်။ ။

ယခု ကျနော် ဖေါ်ထားတဲ့ ဆေးကတော့ ကလေးငယ်များ အတက် ရောဂါ ဆေးပေးကြည့်တဲ့အခါ တစ်နေ့တစ်ခြား အတက်ရောဂါ သက်သာလာသည်ကို တွေ့ရှိလာတာကြောင့် မျှဝေးလိုက်ရခြင်းဖြစ်ပါတယ်။ ။

ဦးဝင်းမြင့် နေပြည်တော် အလော ၀၉၉၇၉၂၉၀၈၆၈