အရွက်မှအစ အမြစ်အဆုံး ပဉ္စငါးပါးစလုံးဆေးဖက်ဝင်သည့် သြဇာပင်
သြဇာပင်သည် မြန်မာနိုင်ငံဒေသ အနှံ့အပြားတွင် ပေါက်ရောက်လေ့ရှိပြီး အလယ်ပိုင်း ဒေသများ၌ အလေ့ကျပေါက်သည်ကို တွေ့ရသည်။
မြန်မာ ဆေးကျမ်းများအရ သြဇာသီးသည် အေး၍ သွေးအားကိုတိုးပွားစေသည်။ နှလုံးကို များစွာအကျိုးပြု၍ ပူလောင်ခြင်း၊ လေပူရောဂါနှင့် သွေးအန်ရောဂါများကို ပယ်ဖျောက်နိုင်စွမ်းရှိသည်။
သြဇာရွက်ကို ကြိတ်၍စားခြင်းဖြင့် သန်ကျစေပြီး အရွက်ကို ချေ၍ရှူပေးပါက အမူးအမော် သက်သာစေသည်။ သြဇာသီးအစိမ်းသည် ချုပ်သော သတ္တိရှိသဖြင့် ဝမ်းသွားခြင်း၊ ဝမ်းသက်ခြင်းများ အတွက် ကောင်း၏။
ဝမ်းကိုက်ရောဂါ၊ လေနာရောဂါနှင့် အစာအိမ် မကောင်းခြင်းတို့ကိုလည်း ပျောက်ကင်းစေနိုင်သည်။
သြဇာသီးအစေ့ကို အမှုန့်ပြုလုပ်ကာ အနာများပေါ် ဖြူးပေးပါက ပိုးများသေ၍ ပျောက်ကင်းစေနိုင်ပြီး သြဇာပင်မှ အမြစ်ကို သွေး၍ သောက်ပါက ဆီးချို၊ ဆီးချုပ်ရောဂါများကို ပျောက်ကင်းစေနိုင်ကြောင်း သိရသည်။
Credit to ေေဆေးဖက်ဝင်အပင်မျြား
Zawgyi
အရွက်မှအစ အမြစ်အဆုံး ပဉ္စငါးပါးစလုံး ဆေးဖက်ဝင်သည့် သြဇာပင်
သြဇာပင်သည် မြန်မာနိုင်ငံဒေသ အနှံ့အပြားတွင် ပေါက်ရောက်လေ့ရှိပြီး အလယ်ပိုင်း ဒေသများ၌ အလေ့ကျပေါက်သည်ကို တွေ့ရသည်။
မြန်မာ ဆေးကျမ်းများအရ သြဇာသီးသည် အေး၍ သွေးအားကိုတိုးပွားစေသည်။ နှလုံးကို များစွာအကျိုးပြု၍ ပူလောင်ခြင်း၊ လေပူရောဂါနှင့် သွေးအန်ရောဂါများကို ပယ်ဖျောက်နိုင်စွမ်းရှိသည်။
သြဇာရွက်ကို ကြိတ်၍စားခြင်းဖြင့် သန်ကျစေပြီး အရွက်ကို ချေ၍ရှူပေးပါက အမူးအမော် သက်သာစေသည်။ သြဇာသီးအစိမ်းသည် ချုပ်သော သတ္တိရှိသဖြင့် ဝမ်းသွားခြင်း၊ ဝမ်းသက်ခြင်းများ အတွက် ကောင်း၏။
ဝမ်းကိုက်ရောဂါ၊ လေနာရောဂါနှင့် အစာအိမ် မကောင်းခြင်းတို့ကိုလည်း ပျောက်ကင်းစေနိုင်သည်။
သြဇာသီးအစေ့ကို အမှုန့်ပြုလုပ်ကာ အနာများပေါ် ဖြူးပေးပါက ပိုးများသေ၍ ပျောက်ကင်းစေနိုင်ပြီ..း သြဇာပင်မှ အမြစ်ကို သွေး၍ သောက်ပါက ဆီးချို၊ ဆီးချုပ်ရောဂါများကို ပျောက်ကင်းစေနိုင်ကြောင်း သိရသည်။
Credit to ဆေးဖက်ဝင်အပင်မျြာ