“ဒီအချက်တွေနဲ့ ငြိစွန်းနေရင် သင် နိုင်ငံခြားလာပြီး အလုပ် မလုပ်သင့်ပါဘူး…”
၁/ မိဘ အလိုလိုက်ခံရသော သားသမီးများ (လုပ်ငန်းခွင်မှာ မိဘမရှိဘူးလေ)
၂/ မောင်နှမများက အလိုလိုက်ခံရသော အငယ်ဆုံး လေးများ (သူစိမ်းတွေက ကိုယ့်ကိုယ် အစ်မတွေလိုအစ်ကိုတွေလို အလိုလိုက်မှာမဟုတ်ဘူး။)
၃/ စိတ်ခံစားချက်ကို လုပ်ငန်းခွင်အထိယူလာတတ်သောသူများ (ဟိုလူနဲ့ မတည့်လို့ အလုပ်ကို ကောင်းကောင်းမလုပ်၊ ဒီလူနဲ့မတည့်လို့ အလုပ်ကို ကောင်းကောင်းမလုပ်တတ်သောသူများ)
၄/ ဖျံကျတတ်တဲ့စိတ်နဲ့ လုပ်ဖော်ကိုင်ဖက်ကို အသုံးချတတ်သောသူများ
၅/ မြန်မာပြည်မှာတုန်းကလို ဟိုလူနဲ့ ပိုင်လို့ ဒီလူနဲ့ပိုင်လို့ အထက်ကို ပိုင်လို့ ဘာပိုင်လို့ ညာပိုင်လို့နဲ့ အလုပ်မှာ ရေသာခိုတတ်သောသူများ၊ ကလိမ်ကကျစ်များ
၄/ အလုပ်ကို အထင်းသေးတတ်ပြီးကိုယ့်လုပ်တဲ့အလုပ်ပေါ်မှာ ဂုဏ်ငယ်တယ်ယူဆပြီး အလုပ်ကို ဖြစ်ကတတ်ဆန်း တော်ရိ ရော်ရိ လုပ်တတ်သောသူများ
အဲလိုလူမျိုးတွေဟာ နိုင်ငံခြား လာပြိး အလုပ်မလုပ်သင့်ဘူး
ဒီမှာက အလုပ်သာ-၁ ၊ အလုပ်သာ -၂ ၊ အလုပ်သာ – ၃
၊ အလုပ်သာ – ၁၀ အိမ်သာ ထဲက လွဲလို့ နေရာတိုင်းမှာ အလုပ်သမားတွေနဲ့customer တွေကို စောင့်ကြည့်ဖို့
cctv တပ်ထားကြတယ်။
အလုပ်ကို အလုပ်နဲ့ တူအောင်လုပ်မှ သူတို့ သဘောကျတယ်။
သူတို့ ပါးစပ်ထဲ က Good job young man ၊ Good job အဲလို ထွက်လာရင်တော့ မင်းလုပ်တာ ကိုင်တာကို သူတို့ သဘောကျကြောင်း ပြတယ်။
ပြီးတော့ ဒီအချက်တွေ နဲ့ ငြိနေ ရင် လုံးဝ နိုင်ငံခြားမသွားပါနဲ့
အိပ်ရေး ပျက်တာ မခံ နိုင် ရင် ပြည်ပနိုင်ငံ မသွားပါနဲ့.
သည်းမခံ နိုင် ရင် ပြည်ပနိုင်ငံမသွားပါနဲ့ …stress မရ ချင် ရင် ပြည်ပနိုင်ငံ မသွားပါနဲ့ ….
အစားအစာ ဂျီးများလွန်းရင် ပြည်ပနိင်ငံ မလာပါနဲ့…
(တခါတလေ otဆင်းရရင် ညနက်အလုပ်ပြန်ရ မြန်မာအစားအစာ ဘယ်မှာ မှန်းမသိပါဘူး ကြက်ဥ မာမား ရေသောက် ဗိုက်မှောက်အိပ်)
ကိုယ့်အိမ်မှာလို ဇိမ်လေးနဲ့ထမင်းစားမှစားတတ်ရင်ထမင်းကိုမြန်မြန်ဆန်ဆန်မစားတတ်ရင် ပြည်ပနိုင်ငံ မသွားပါနဲ့ –
ပေါ့ပေါ့ နေ ပေါ့ပေါ့စား လုပ်ချင်ရင် ပြည်ပနိုင်ငံ မသွားပါနဲ့
မျက်ရည် မကျရင် ပြည်ပနိုင်ငံ မသွားပါနဲ့ (ရောက်သူ တိုင်း မျက်ရည် တစ်ခါ လောက် တော့ ကျ ဖူး ကျ လို့ပါ)
မိဘ ဆွေမျိုး ချစ်သူ ယောက်ကျား/မိန်းမ မခွဲနိုင် ရင် ပြည်ပနိုင်ငံမသွားပါနဲ့ ….
တစ်ယောက်တည်း မရပ်တည် မနေတတ် ရင် ပြည်ပနိုင်ငံမသွားပါနဲ့
( ကိုယ့်အဝတ် ကိုယ်လျှော် ကိုယ့်ထမင်း ကိုယ်ချက်စား ကိုတစ်ယောက်တည်း ရပ်တည် ရတာ ကို ဆို လို ပါတယ် ဘယ်သူမှ ကိုယ်အလုပ် လာ မလုပ် ပေးပါဘူး )
မနေတတ် မထိုင်တတ် အမြဲတမ်း ရန်ဖြစ်ချင်ရင် ပြည်ပနိုင်ငံမသွားပါနဲ့ ၊
သူဌေးသား သူဌေး သမီးလို ဘော်ကြော့ နေရမယ် ထင် ရင် ပြည်ပနိုင်ငံမသွားပါနဲ့ (အလုပ်ကို ကျွဲလိုနွားလို လုပ်ရလို့ပါ)
လမ်းမြန်မြန် မလျှောက်တတ်ရင် ပြည်ပနိုင်ငံမသွားပါနဲ့ (မြန်မြန် လုပ် မြန်မြန် စား အချိန်နဲ့ အလုပ်လုပ်နေရလို့ပါ)
အလုပ် တစ်ခုက မပြီးသေးဘူး၊ နောက်ထပ် အလုပ်တစ်ခု ထပ်ခိုင်းတာ မခံနိုင်ရင် ပြည်ပနိုင်ငံ မသွားပါနဲ့ 😊
သူများကိုပဲအားကျပြီး စိတ်ကူးတွေနဲ့ မသွားပါနဲ့သေချာစဉ်းစားပါ
အမြဲဖုန်းကိုင်ပြီး အင်တာနက်ဖွင့် Facebook အမြဲ သုံးခြင်တဲ့ဘဝမျိုးဆို မသွားပါနဲ့…
(အရေးကြီး ဆုံး အချက်) သွားမယ်ဆိုရင် ဒီအချက်တွေ လုပ်နိုင်ရင်တော့ နိုင်ငံခြားထွက်ဖို့ စဉ်းစားပါ။
Credit;မူရင်းရေးသူ