ဗီယက်နမ်နိုင်ငံက မြောက်ဖက်ခြမ်းက တောင်ပေါ်ရွာအချို့ဟာဆိုရင် ဆောင်းရာသီကာလမှာ အရိုးထဲထိစိမ့်အောင် အေခဲလွန်းလို့ ကလေးငယ်တွေ အတော်လေး ဒုက္ခရောက်ကြရပါတယ် ။
လမ်းပန်းဆက်သွယ်ရေးတွေက ခက်ခဲတဲ့အပြင် ၊ ကျေးရွာလေးတွေမို့ အခြားမြို့ကြီးတွေလို မဖွံ့ဖြိုးပါဘူး ။ ဒါကြောင့် အနွေးထည်တွေ မရှိတဲ့ ကလေးတွေဟာဆိုရင် နှင်းတွေကြားထဲက အတော်လေး ချမ်းစိမ့်နေတဲ့ ဒဏ်ကို နေ့စဉ် ခံစားနေကြရတာပါ ။
အထူးသဖြင့် 4 နှစ်အရွယ် ကလေးမလေးတစ်ဦးဟာဆိုရင် အေးလွန်းလို့ မျက်လုံးတွေ ပေါက်ကွဲသွားမယ်လို့ ထင်ရလောက်အောင် မျက်လုံးနှစ်ဖက်လုံး နီရဲနေခဲ့ပါတယ် ။ အဆိုပါဓာတ်ပုံလေးက လူအတော်အများကို ရင်နင့်အောင် စိတ်မကောင်းဖြစ်စေခဲ့ပြီး အချို့ဆိုရင် စေတနာဝန်ထမ်းတွေအဖြစ်သွားရောက်ပြီး အကူအညီပေးချင်ကြောင်း ပြောဆိုလာကြပါတယ် ။
အချို့ဒေသက ကလေးငယ်တွေဟာဆိုရင် 0’C အောင်နိမ့်တဲ့ အပူချိန်သာရှိလို့ အေးခဲနေပေမဲ့လည်း ခရီးသွားတွေကို လက်ဆောင်ပစ္စည်းတွေ ရောင်းချရင် ဝမ်းစာအတွက်ခက်ခဲစွာရှာဖွေစားသောက်နေရကြောင်းလည်း သိရှိရပါတယ် ။
Zawgyi
Jasmine ( Everonline )