Health Care

နှုတ်ခမ်းသားလေး ပန်းရောင်သမ်းပြီး နူးညံ့ လှပနေဖို့ အုန်းဆီ အသုံးပြုနည်း

နှုတ်ခမ်းသားလေး ပန်းရောင်သမ်းပြီး နူးညံ့ လှပနေဖို့ အုန်းဆီ အသုံးပြုနည်း..

အုန်းဆီက အသားအရေအတွက်ရော ဆံကေသာအလှအပအတွက်ပါ အသုံးတည့်တဲ့ ပစ္စည်းတစ်မျိုးပဲဖြစ်ပါတယ်။ ဒါ့အပြင် နှုတ်ခမ်းသားလေး နူးညံ့ပြီး သဘာဝအတိုင်း ပန်းရောင်သမ်းနေစေဖို့လည်း ကူညီပေးနိုင်ပါတယ်။

အသုံးပြုပုံနည်းလမ်းလေးတွေကတော့ အများအပြားရှိတဲ့အတွက်ကြောင့် မိမိကြိုက်နှစ်သက်ရာ နည်းလမ်းတစ်မျိုးမျိုးကို အသုံးပြုနိုင်ဖို့အတွက် ဝေမျှပေးလိုက်ပါတယ်။

နည်းလမ်း (၁)

အုန်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ ဂျိုဂျိုးပါး အဆီ ၅ စက်ခန့်ကို သမအောင် ရောမွှေပေးလိုက်ပါ။ ထို့နောက် ဘူးအလွတ်တစ်ဘူးထဲမှာ ထည့်ပြီး ရေခဲသေတ္တာ အအေးခံစက်ထဲမှာ မိနစ် ၂ဝကနေ မိနစ် ၃၀ ခန့်အထိ အအေးခံထားလိုက်ပါ။

ရရှိလာတဲ့အဆီကို နှုတ်ခမ်းမှာ သုတ်လိမ်းပေးလိုက်ပါ။

နည်းလမ်း (၂)

အုန်းဆီ လက်ဖက်ရည်ဇွန်း တစ်ဝက်နှင့် Vaseline အလှဆီ စားပွဲတင်ဇွန်း တစ်ဇွန်းတို့ လိုအပ်ပါမယ်။ အရင်ဆုံး Vaseline ကို အရည်ရရှိအောင် ပြုလုပ်ပြီးနောက် အုန်းဆီနဲ့ ရောနှောပေးလိုက်ပါ။

ဘူးအလွတ်တစ်ဘူးထဲထည့်ပြီး အအေးခံထားလိုက်ပါ။ ရရှိလာတဲ့ အဆီတောင့်ကို နှုတ်ခမ်းမှာ သုတ်လိမ်းပေးရပါမယ်။

နည်းလမ်း (၃)

အုန်းဆီ စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ ကိုးကိုးထောပတ် စားပွဲတင်ဇွန်း ၁ ဇွန်းတို့ လိုအပ်ပါမယ်။ ထောပတ်ကို အပူပေးပြီး အရည်ဖျော်ထားလိုက်ပါ။

ထို့နောက် အုန်းဆီနဲ့ ရောလိုက်ပြီးနောက် ဘူးအလွတ်တစ်လုံးထဲထည့်ပြီး တစ်နာရီနဲ့ မိနစ် ၃၀ ခန့် အအေးခံထားလိုက်ပါ။ အအေးခံပြီးနောက်မှာတော့ အသုံးပြုလို့ရပါပြီ။

နည်းလမ်း (၄)

အုန်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း၊ ပျားဖယောင်း စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ လိုအပ်ပါမယ်။ အုန်းဆီ၊ ပျားဖယောင်းနဲ့.. သံလွင်ဆီတို့ကို အတူတကွရောနှောပြီး အပူချိန်နည်းနည်းလေးနဲ့ အပူပေးလိုက်ပါ။

အရည်ပျော်သွားပါက ဘူးအလွတ်တစ်လုံးထဲထည့်ပြီး အအေးခံထားလိုက်ပါ။ အေးသွားရင်တော့ စတင်အသုံးပြုလို့ရပါပြီ ။

Credit

ႏႈတ္ခမ္းသားေလး ပန္းေရာင္သမ္းၿပီး ႏူးညံ့လွပေနဖို႔ အုန္းဆီ အသုံးျပဳနည္း..

အုန္းဆီက အသားအေရအတြက္ေရာ ဆံေကသာအလွအပအတြက္ပါ အသုံးတည့္တဲ့ ပစၥည္းတစ္မ်ိဳးပဲျဖစ္ပါတယ္။ ဒါ့အျပင္ ႏႈတ္ခမ္းသားေလး ႏူးညံ့ၿပီး သဘာဝအတိုင္း ပန္းေရာင္သမ္းေနေစဖို႔လည္း ကူညီေပးနိုင္ပါတယ္။

အသုံးျပဳပုံနည္းလမ္းေလးေတြကေတာ့ အမ်ားအျပားရွိတဲ့အတြက္ေၾကာင့္ မိမိႀကိဳက္ႏွစ္သက္ရာ နည္းလမ္းတစ္မ်ိဳးမ်ိဳးကို အသုံးျပဳနိုင္ဖို႔အတြက္ ေဝမၽွေပးလိုက္ပါတယ္။

နည္းလမ္း (၁)

အုန္းဆီ စားပြဲတင္ဇြန္း ၁ ဇြန္းနဲ႔ ဂ်ိဳဂ်ိဳးပါး အဆီ ၅ စက္ခန႔္ကို သမေအာင္ ေရာေမႊေပးလိုက္ပါ။ ထို႔ေနာက္ ဘူးအလြတ္တစ္ဘူးထဲမွာ ထည့္ၿပီး ေရခဲေသတၱာ အေအးခံစက္ထဲမွာ မိနစ္ ၂၀ကေန မိနစ္ ၃၀ ခန႔္အထိ အေအးခံထားလိုက္ပါ။

ရရွိလာတဲ့အဆီကို ႏႈတ္ခမ္းမွာ သုတ္လိမ္းေပးလိုက္ပါ။

နည္းလမ္း (၂)

အုန္းဆီ လက္ဖက္ရည္ဇြန္း တစ္ဝက္ႏွင့္ Vaseline အလွဆီ စားပြဲတင္ဇြန္း တစ္ဇြန္းတို႔ လိုအပ္ပါမယ္။ အရင္ဆုံး Vaseline ကို အရည္ရရွိေအာင္ ျပဳလုပ္ၿပီးေနာက္ အုန္းဆီနဲ႔ ေရာေႏွာေပးလိုက္ပါ။

ဘူးအလြတ္တစ္ဘူးထဲထည့္ၿပီး အေအးခံထားလိုက္ပါ။ ရရွိလာတဲ့ အဆီေတာင့္ကို ႏႈတ္ခမ္းမွာ သုတ္လိမ္းေပးရပါမယ္။

နည္းလမ္း (၃)

အုန္းဆီ စားပြဲတင္ဇြန္း ၂ ဇြန္းနဲ႔ ကိုးကိုးေထာပတ္ စားပြဲတင္ဇြန္း ၁ ဇြန္းတို႔ လိုအပ္ပါမယ္။ ေထာပတ္ကို အပူေပးၿပီး အရည္ေဖ်ာ္ထားလိုက္ပါ။

ထို႔ေနာက္ အုန္းဆီနဲ႔ ေရာလိုက္ၿပီးေနာက္ ဘူးအလြတ္တစ္လုံးထဲထည့္ၿပီး တစ္နာရီနဲ႔ မိနစ္ ၃၀ ခန႔္ အေအးခံထားလိုက္ပါ။ အေအးခံၿပီးေနာက္မွာေတာ့ အသုံးျပဳလို႔ရပါၿပီ။

နည္းလမ္း (၄)

အုန္းဆီ စားပြဲတင္ဇြန္း ၁ ဇြန္း၊ ပ်ားဖေယာင္း စားပြဲတင္ဇြန္း ၁ ဇြန္းနဲ႔ သံလြင္ဆီ လက္ဖက္ရည္ဇြန္း ၁ ဇြန္းတို႔ လိုအပ္ပါမယ္။ အုန္းဆီ၊ ပ်ားဖေယာင္းနဲ႔ သံလြင္ဆီတို႔ကို အတူတကြေရာေႏွာၿပီး အပူခ်ိန္နည္းနည္းေလးနဲ႔ အပူေပးလိုက္ပါ။

အရည္ေပ်ာ္သြားပါက ဘူးအလြတ္တစ္လုံးထဲထည့္ၿပီ..း အေအးခံထားလိုက္ပါ။ ေအးသြားရင္ေတာ့ စတင္အသုံးျပဳလို႔ရပါၿပီ ။

Credit