ခြေဖဝါးကွဲသူများအတွက် ၁ ရက်အတွင်း ပျောက်စေမည့် နည်းလမ်းရာသီဥတုပူပြင်းခြင်း၊အေးလွန်းခြင်းနှင့်ခြေထော က်မှ ခြေဆီ
မပြန်ခြင်းတို့ကြောင့် ခြေဖဝါးနာခြင်း၊ကွဲခြင်းတို့ဖြစ် တတ်ကြပါသည်။
အကျိုးဆက်က ဖိနပ်လည်းမစီးနိုင် သလို လမ်းလည်းကောင်းကောင်းမလျှောက်နိုင်တော့ချေ။
အိမ်တွင်းသုံးကုထုံ းနည်းလေးဖြင့် ယုံယုံကြည်ကြည်စမ်းသပ်ကြည့်ပါအံ့ဖွယ်သက်သာပျောက်ကင်းစေပါသည်
နည်းလမ်းလေးမှာညအိပ်ရာဝင်ချိန်တွင်ခြေထောက်ကိုသန့်စင်အောင်ဆေးပြီးမန်ကျည်းမှည့်အနှစ်အနည်းငယ်နှင့်ကွမ်းရွက်အနည်းငယ်ကိုကြိတ်ပြီးခြေဖဝါးကွဲဒဏ်ရာအားသုတ်လိမ်းပေးပါ။
သက်သာပျောက်ကင်းသွားပါလိမ့်မည်။ဘေးထွက်ဆိုးကျိုးမရှိသောမြန်မာနည်းလေးဖြစ်ပါသည်လိုသူတို့သုံးစိတ်နှလုံးရွှင်ပြုံးကြပါစေရဲမျိုးသူဗောဓိမြိုင်
ဆောင်း တွင်းမှာခြေဖနောင့်ကွဲခြင်းကိုကာကွယ်ကုသရန်နိုဝင်ဘာလကုန်ရင်ခရစ္စမတ်ရာသီထဲလည်းဝင်တော့မယ်။
ဆောင်းရာသီလိုရာသီဥတုအေးတဲ့အချိန်မှာအရေပြားဆဲလ်သေတွေဖနောင့်မှာစုပုံပြီး ဖနောင့်ကွဲတတ်ပါတယ်။
ဖနောင့်ကွဲတဲ့အခါနာကျင်မှုဝေဒနာကိုခံစားရတဲ့အပြင်အသားမာကြီးတက်ပြီး ခြေထောက်အလှကိုပျက်ဆီးစေနိုင်ပါတယ်။
မိန်းကလေးတွေဆိုတစ်ကိုယ်လုံးလန်းအောင်ဘယ်လောက်ပြင်ထားပြင်ထားခြေညှပ်ဖိနပ်စီးမိတဲ့နေ့မှာခြေဖနောင့်ကအက်ကွဲနေရင်အလှပျက်ပါတယ်။
ဒီလိုအဖြစ်မျိုးတွေကို ရှောင်ရှားနိုင်ဖို့ဖနောင့်ကွဲခြင်းကိုကုစားနိုင်တဲ့သဘာဝကုထုံးလေးတစ်မျိုးကိုဖော်ပြပေးလိုက်ပါတယ်နော်။
အဆင့် (၁)ရေနွေးကုထုံးအရင်ဆုံးကြက်သီးနွေးရုံလောက်ရေနွေးတစ်အိုးရယ်၊မုန့်ဖုတ်ရာမှာသုံးတဲ့မုန့်ဖုတ်ဆိုဒါ (၂)ဇွန်းရယ်၊
ချေးတွန်းကျောက်လို့လူသိများကြတဲ့ရေမြှုပ်ကျောက်ရယ်၊ဆား(၂)ဇွန်းရယ်လိုအပ်ပါတယ်။ကြွေဇလုံ(သို့)စတီးလ်ဇလုံထဲမှာကြက်သီးနွေးရုံလောက်ရေနွေးကိုထည့်လိုက်ပါ။
ရေနွေးထဲမှာမုန့်ဖုတ်ဆိုဒါနဲ့ ဆားနည်းနည်းရောလိုက်ပါ။ပြီးရင်သမအောင်ရောမွှေလိုက်ပါ။
သမသွားပြီဆိုရင်ခြေထောက်ကိုရေထဲမှာနှစ်ပြီး(၁၅)မိနစ်လောက်စိမ်ပေးလိုက်ပါ။
(၁၅)မိနစ်ကြာအောင်စိမ်ပြီးရင်ခြေ ထောက်ကို ရေစင်အောင်ပြန်သုတ်ပြီး ချေးတွန်းကျောက်နဲ့အရေပြားဆဲလ်သေလွှာတွေကွာကျသွားအောင်ညင်သာစွာပွတ်တိုက်ပေးလိုက်ပါ။
အဆင့် (၂)ချေးချွတ်ခြင်းဆဲလ်သေတွေကိုဖယ်ရှားပြီးပြီဆိုရင်တော့ချေးချွတ်လို့ရပါပြီ။
ချေးချွတ်မယ်ဆိုရင်လိုအပ်တဲ့ပစ္စည်းတွေကတော့ဆီ(၂)ဇွန်းနဲ့သကြားနည်းငယ်ဖြစ်ပါတယ်။
အရင်ဆုံးကြွေဇလုံတစ်လုံးထဲမှာဆီ(၂)ဇွန်းနဲ့သကြား(၁)ဇွန်းကိုထည့်လိုက်ပါ။
သမအောင်မွှေပြီးရင်တော့သဘာဝချေးချွတ်ဆေး(scrub)လေးကအဆင်သင့်ဖြစ်သွားပါပြီ။အဲဒီချေးချွတ်ဆေး(scrub)လေးနဲ့
ခြေထောက်နဲ့ဖနောင့်ကို(၅)မိနစ်ခန့် ညင်သာစွာပွတ်တိုက်ပေးလိုက်ပါ။ပြီးရင်တော့ရေအေးအေးလေးနဲ့ ပြန်လည်ဆေးကြောပေးလိုက်ပါ။
အဆင့်(၃)အစိုဓာတ်ထိန်းသိမ်းခြင်းချေးချွတ်ပြီးပြီဆိုရင်တော့အရေပြားအစိုဓာတ်ပြန်လည်
ထိန်းသိမ်းခြင်း(moisturizer)သုံးဖို့လိုအပ်လာပါပြီ။မိမိနှစ်သက်ရာmoisturizerတစ်မျိုးမျိုးကို သုံးပြီးအရေပြားအစိုဓာတ်ကိုပြန်လည်ထိန်းသိမ်းလို့ရပါတယ်။
Moisturizerသုံးမယ်ဆိုရင်ခရင်မ်ကို ခြေဖဝါးတစ်ခုလုံးနှံ့စပ်အောင်လိမ်းပေးရမှာဖြစ်ပြီးပြီးရင်ခြေအိတ်အပါးလေးနဲ့ခဏလောက်စွပ်ထားပေးလိုက်ပါ။
ခဏကြာရင်တော့ ခြေအိတ်ပြန်ချွတ်နိုင်ပါပြီ။ခြေဖနောင့် အက်ကွဲတဲ့အခါတိုင်း ဒီနည်းလမ်းလေးကို ပြုလုပ်ပေးနိုင်ပါတယ်။ခရက်တစ်ပါ
————————-
ေျခဖဝါးကြဲသူမ်ားအတြက္ ၁ ရက္အတြင္း ေပ်ာက္ေစမည့္ နည္းလမ္းရာသီဥတုပူျပင္းျခင္း၊ေအးလြန္းျခင္းႏွင့္ေျခေထာ က္မွ ေျခဆီမျပန္ျခင္းတို႔ေၾကာင့္ ေျခဖဝါးနာျခင္း၊ကြဲျခင္းတို႔ျဖစ္ တတ္ၾကပါသည္။
အက်ိဳးဆက္က ဖိနပ္လည္းမစီးႏိုင္ သလို လမ္းလည္းေကာင္းေကာင္းမေလွ်ာက္ႏိုင္ေတာ့ေခ်။
အိမ္တြင္းသုံးကုထုံ းနည္းေလးျဖင့္ ယုံယုံၾကည္ၾကည္စမ္းသပ္ၾကည့္ပါအံ့ဖြယ္သက္သာေပ်ာက္ကင္းေစပါသည္
နည္းလမ္းေလးမွာညအိပ္ရာဝင္ခ်ိန္တြင္ေျခေထာက္ကိုသန႔္စင္ေအာင္ေဆးၿပီးမန္က်ည္းမွည့္အႏွစ္အနည္းငယ္ႏွင့္ကြမ္း႐ြက္အနည္းငယ္ကိုႀကိတ္ၿပီးေျခဖဝါးကြဲဒဏ္ရာအားသုတ္လိမ္းေပးပါ။
သက္သာေပ်ာက္ကင္းသြားပါလိမ့္မည္။ေဘးထြက္ဆိုးက်ိဳးမရွိေသာျမန္မာနည္းေလးျဖစ္ပါသည္လိုသူတို႔သုံးစိတ္ႏွလုံး႐ႊင္ၿပဳံးၾကပါေစရဲမ်ိဳးသူေဗာဓိၿမိဳင္
ေဆာင္း တြင္းမွာေျခဖေနာင့္ကြဲျခင္းကိုကာကြယ္ကုသရန္ႏိုဝင္ဘာလကုန္ရင္ခရစၥမတ္ရာသီထဲလည္းဝင္ေတာ့မယ္။
ေဆာင္းရာသီလိုရာသီဥတုေအးတဲ့အခ်ိန္မွာအေရျပားဆဲလ္ေသေတြဖေနာင့္မွာစုပုံၿပီး ဖေနာင့္ကြဲတတ္ပါတယ္။
ဖေနာင့္ကြဲတဲ့အခါနာက်င္မႈေဝဒနာကိုခံစားရတဲ့အျပင္အသားမာႀကီးတက္ၿပီး ေျခေထာက္အလွကိုပ်က္ဆီးေစႏိုင္ပါတယ္။
မိန္းကေလးေတြဆိုတစ္ကိုယ္လုံးလန္းေအာင္ဘယ္ေလာက္ျပင္ထားျပင္ထားေျခညႇပ္ဖိနပ္စီးမိတဲ့ေန႔မွာေျခဖေနာင့္ကအက္ကြဲေနရင္အလွပ်က္ပါတယ္။
ဒီလိုအျဖစ္မ်ိဳးေတြကို ေရွာင္ရွားႏိုင္ဖို႔ဖေနာင့္ကြဲျခင္းကိုကုစားႏိုင္တဲ့သဘာဝကုထုံးေလးတစ္မ်ိဳးကိုေဖာ္ျပေပးလိုက္ပါတယ္ေနာ္။
အဆင့္ (၁)ေရေႏြးကုထုံးအရင္ဆုံးၾကက္သီးေႏြး႐ုံေလာက္ေရေႏြးတစ္အိုးရယ္၊မုန႔္ဖုတ္ရာမွာသုံးတဲ့မုန႔္ဖုတ္ဆိုဒါ (၂)ဇြန္းရယ္၊
ေခ်းတြန္းေက်ာက္လို႔လူသိမ်ားၾကတဲ့ေရျမႇဳပ္ေက်ာက္ရယ္၊ဆား(၂)ဇြန္းရယ္လိုအပ္ပါတယ္။ေႂကြဇလုံ(သို႔)စတီးလ္ဇလုံထဲမွာၾကက္သီးေႏြး႐ုံေလာက္ေရေႏြးကိုထည့္လိုက္ပါ။
ေရေႏြးထဲမွာမုန႔္ဖုတ္ဆိုဒါနဲ႔ ဆားနည္းနည္းေရာလိုက္ပါ။ၿပီးရင္သမေအာင္ေရာေမႊလိုက္ပါ။
သမသြားၿပီဆိုရင္ေျခေထာက္ကိုေရထဲမွာႏွစ္ၿပီး(၁၅)မိနစ္ေလာက္စိမ္ေပးလိုက္ပါ။
(၁၅)မိနစ္ၾကာေအာင္စိမ္ၿပီးရင္ေျခ ေထာက္ကို ေရစင္ေအာင္ျပန္သုတ္ၿပီး ေခ်းတြန္းေက်ာက္နဲ႔အေရျပားဆဲလ္ေသလႊာေတြကြာက်သြားေအာင္ညင္သာစြာပြတ္တိုက္ေပးလိုက္ပါ။
အဆင့္ (၂)ေခ်းခြၽတ္ျခင္းဆဲလ္ေသေတြကိုဖယ္ရွားၿပီးၿပီဆိုရင္ေတာ့ေခ်းခြၽတ္လို႔ရပါၿပီ။
ေခ်းခြၽတ္မယ္ဆိုရင္လိုအပ္တဲ့ပစၥည္းေတြကေတာ့ဆီ(၂)ဇြန္းနဲ႔သၾကားနည္းငယ္ျဖစ္ပါတယ္။
အရင္ဆုံးေႂကြဇလုံတစ္လုံးထဲမွာဆီ(၂)ဇြန္းနဲ႔သၾကား(၁)ဇြန္းကိုထည့္လိုက္ပါ
သမေအာင္ေမႊၿပီးရင္ေတာ့သဘာဝေခ်းခြၽတ္ေဆး(scrub)ေလးကအဆင္သင့္ျဖစ္သြားပါၿပီ။အဲဒီေခ်းခြၽတ္ေဆး(scrub)ေလးနဲ႔
ေျခေထာက္နဲ႔ဖေနာင့္ကို(၅)မိနစ္ခန႔္ ညင္သာစြာပြတ္တိုက္ေပးလိုက္ပါ။ၿပီးရင္ေတာ့ေရေအးေအးေလးနဲ႔ ျပန္လည္ေဆးေၾကာေပးလိုက္ပါ။
အဆင့္(၃)အစိုဓာတ္ထိန္းသိမ္းျခင္းေခ်းခြၽတ္ၿပီးၿပီဆိုရင္ေတာ့အေရျပားအစိုဓာတ္ျပန္လည္
ထိန္းသိမ္းျခင္း(moisturizer)သုံးဖို႔လိုအပ္လာပါၿပီ။မိမိႏွစ္သက္ရာmoisturizerတစ္မ်ိဳးမ်ိဳးကို သုံးၿပီးအေရျပားအစိုဓာတ္ကိုျပန္လည္ထိန္းသိမ္းလို႔ရပါတယ္။
Moisturizerသုံးမယ္ဆိုရင္ခရင္မ္ကို ေျခဖဝါးတစ္ခုလုံးႏွံ႔စပ္ေအာင္လိမ္းေပးရမွာျဖစ္ၿပီးၿပီးရင္ေျခအိတ္အပါးေလးနဲ႔ခဏေလာက္စြပ္ထားေပးလိုက္ပါ။
ခဏၾကာရင္ေတာ့ ေျခအိတ္ျပန္ခြၽတ္ႏိုင္ပါၿပီ။ေျခဖေနာင့္ အက္ကြဲတဲ့အခါတိုင္း ဒီနည္းလမ္းေလးကို ျပဳလုပ္ေပးႏိုင္ပါတယ္။ခရက္တစ္ပါ