Knowledge

ဗြိတိသျှတို့ တောင်းဆိုချက်များအားလုံးကို မြန်မာဘုရင့်အစိုးရက သဘောတူ လက်ခံခဲ့ရသော သမိုင်းဝင် ရန္တပိုစာချူပ်အား ချုပ်ဆိုခဲ့တဲ့နေရာ

ဗြိတိသျှတို့ တောင်းဆိုချက်များအားလုံးကို မြန်မာဘုရင့်အစိုးရက သဘောတူ လက်ခံခဲ့ရသော သမိုင်းဝင် ရန္တပိုစာချူပ်အား ချုပ်ဆိုခဲ့တဲ့နေရာ…

ဗြိတိသျှဗိုလ်ချူပ်ကြီး ကင်းဘဲ(လ်)သည် မြေထဲမြို့ကိုအလွယ်တကူဝင်ရောက်သိမ်းပိုက်ခြင်း ပြုခဲ့ပြီးနောက်

မြန်မာဘုရင်အစိုးရ၏ နေပြည်တော်သို့ အတားအဆီး အခုအခံမရှိ ချီတက်လာခဲ့ရာ မြင်းခြံမြို့နယ် ရန္တပိုရွာသို့ရောက်ရှိသောအခါ

ဗြိတိသျှ အရှေ့အိန္ဒိယကုမ္ပဏီ အာဏာပိုင်များ၏ တောင်းဆိုချက်များအားလုံးကို မြန်မာဘုရင့်အစိုးရက သဘောတူ လက်ခံခြင်း ပြုလိုက်လေသည်။

အေဒီ ၁၈၂၆ ခုနစ် ဖေဖော်ဝါရီလ ၂၄ရက် နေ့၌ ဗြိတိန်-မြန်မာ ပထမစစ်ပွဲတွင် စစ်နိုင်သော ဗြိတိသျှ အရှေ့အိန္ဒိယကုမ္ပဏီ အာဏာပိုင်များနှင့်

စစ်ရှုံးသော မြန်မာဘုရင့်အစိုးရ အာဏာပိုင်များသည် ရန္တပိုရွာကလေးတွင် စစ်ရပ်စဲရေးစာချူပ်ကို နှစ်ဦးနှစ်ဖက် လက်မှတ်ရေးထိုး ချူပ်ဆိုခြင်းပြုကြလေသည်။

ယင်းသို့ရန္တပိုရွာတွင် ချူပ်ဆိုခဲ့ကြသော ဗြိတိန်-မြန်မာ စစ်ပွဲ ရပ်စဲရေး စာချူပ်အရ…

(၁) မဏိပူရ၊ အာသံ၊ ကာချာနှင့် ဂျန်တီယာ ပြည်နယ်များ၏ အရေးအခင်းများကို မြန်မာဘုရင့်အစိုးရက အနာဂတ်တွင် ဝင်ရောက်စွက်ဖက်ခြင်း မပြုပါ။

(၂)ရခိုင် နှင့် တနင်္သာရီနယ်များကို မြန်မာဘုရင့်အစိုးရက ဗြိတိသျှ အရှေ့ကုမ္ပဏီသို့ပေးအပ်ပါသည်။

(၃)ထိုင်းနိုင်ငံကို ဗြိတိသျှ အရှေ့အိန္ဒိယကုမ္ပဏီ အာဏာပိုင်များ၏ မိတ်ဆွေနိုင်ငံအဖြစ်ဖြင့် လက်ခံရုံမျှမက နောင်တွင် ဝင်ရောက်စွက်ဖက်ခြင်း အမှုများကိုမပြုတော့ပါ။

(၄)ဗြိတိသျှ အရှေ့အိန္ဒိယကုမ္ပဏီအား စစ်အဖြစ်ဖြင့် မြန်မာကျပ်ငွေ တစ်ကုဋ္ဋေကို ပေးဆပ်ပါမည်။

ပထမအရစ်အဖြစ်ဖြင့် ငွေ၂၅ သိန်းကိုပေးဆပ်ပါမည်။ ကျန်ငွေများကို သုံးရစ်ဖြင့် အကျေဆပ်ပါမည်။

(၅) ဗြိတိသျှ အရှေ့အိန္ဒိယကုမ္ပဏီ နိုင်ငံရေးအာဏာပိုင်ကိုယ်စားလှယ်များကို မြန်မာနိုင်ငံ၌ လက်ခံခြင်း ပြုပါမည်။

(၆)ဗြိတိန်-မြန်မာ ကုန်သွယ်ရေးစာချူပ်ကိုလဲ ချူပ်ဆိုပါမည် ဟူ၍ မြန်မာဘုရင်အစိုးရက တာဝန်များ ယူခဲ့ရလေသည်။

ဗန်းမော်တင်အောင် (ကိုလိုနီခေတ် မြန်မာနိုင်ငံသမိုင်း)

မူရင်း Thura Htay Aung လေးစားစွာ ခရက်ဒစ်