Health Care

လက်၊ ဒူး၊ တဒေါင် နဲ့ ချိုင်းကြားအသားအရေကို ဖြူ ဝင်းစေမယ့် သဘာဝနည်းလမ်း.

ကျွန်မတို့တွေဟာ ဒူး၊ တဒေါင်၊ လက် အသားအရေတွေကို ထိန်းသိမ်းဖို့ မေ့လျော့ကြပါတယ်။

အထူးသဖြင့် ခြေမျက်စိ၊ ဒူးခေါင်း၊ လက်တဒေါင်တွေဟာ ထိုင်လို့ ပဲဖြစ်ဖြစ် စားပွဲပေါ်မှာ လက်ထောက် လို့ပဲဖြစ်ဖြစ် တဖြည်းဖြည်း ကြမ်းတမ်း လာပါတယ်။

ဒူးခေါင်းမည်းရင် အတိုအပြတ် ဝတ်တာ ကြည့်လို့ မလှပါဘူး။ သင့်မျက်နှာ အသားအရေကို ဂရုစိုက်သလို ဒူး၊ တဒေါင်၊ လက်နဲ့ ချိုင်းကြား အသားအရေတွေ ကိုလည်း ဂရုစိုက် ဖို့လို ပါတယ်။

သဘာဝနည်းလမ်းနဲ့ ညိုမည်းကြမ်းတမ်းနေတဲ့ သင့် အသားအရေကို ပြန်လည်ဖြူဝင်းအောင် လုပ်လိုက် ပါ။

ပါဝင်ပစ္စည်း

သကြား နဲ့ သံပုယိုရည် (သို့) သံပုရာရည်

ပြုလုပ်နည်း

လက်၊ ဒူး၊ တဒေါင် နဲ့ ချိုင်းကြားအသားအရေကို ဖြူ ဝင်းစေမယ့် သဘာဝနည်းလမ်း

လက်၊ ဒူး၊ တဒေါင် နဲ့ ချိုင်းကြားအသားအရေကို ဖြူ ဝင်းစေမယ့် သဘာဝနည်းလမ်း

သကြားနဲ့ သံပုယိုရည် (သို့) သံပုရာရည်ကို ဆတူရော လိုက်ပါ။ ပြီးရင်သေချာမွှေပေးပြီး သင့်ရဲ့ ဒူး၊ တဒေါင်၊ လက်၊ ချိုင်းသား၊ ခြေမျက်စိ အသားအရေတွေမှာ လိမ်းလိုက်ပါ။ ပြီးရင် ၁၅ မိနစ်လောက်ထားပြီး ရေဆေးချလိုက်ပါ။ အဲဒီနောက် lotion လိမ်းပေးလိုက်ပါ။

ဒါ့အပြင် ရေမချိုးခင် သံပုရာသီး (သို့) သံပုယိုသီးကို ပါးပါးလှီးပြီး ညိုမည်းနေတဲ့ အသားအရေတွေနားမှာ ပွတ်လိမ်းပေးပါ။ ၅ မိနစ်လောက်ထားပြီး ရေချိုးလိုက်ပါ။

လက်၊ ဒူး၊ တဒေါင် အသားအရေ ဖြူဝင်းစေဖို့ အသုံးဝင်မယ့် နည်းလမ်း (၃) မျို

အသားအရေကို သဘာဝအတိုင်းချေးချွတ်မယ်

အရင်ဆုံး ပျားရည် နဲ့ သံပုယိုရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းဆီရောလိုက်ပြီး လက်၊ ဒူး၊ တဒေါင် စတဲ့ ညိုမည်းနေတဲ့နေရာတွေမှာလိမ်းလိုက်ပါ။ ပြီးရင် ရေဆေးချလိုက်ပါ။

အုန်းဆီ (သို့) သံလွင်ဆီ (သို့) ဗာဒံဆီကိုသုံးပါ

အခုအပေါ်မှာဖော်ပြ ထားတဲ့ အဆီတစ်မျိုးမျိုးနဲ့ လက်၊ ဒူး၊ တဒေါင်စတဲ့ ညိုမည်းပျက်စီးနေတဲ့ နေရာတွေမှာ ပွတ်လိမ်းပေးပါ

ဗီတာမင် E နဲ့ နို့ခရင်မ်လိမ်းပါ

အပေါ်မှာဖော်ပြတဲ့ နည်းလမ်းနှစ်မျိုး လုပ်ပြီးရင် ဗီတာမင်E နဲ့ နို့ခရင်မ် တမျိုးမျိုးရောပြီး လိမ်းပေးထားလိုက်ပါ။

Credit