Unicode
အိန္ဒိယသူတွေအများစုဟာ ဆံပင်သန်စွမ်းမည်းနက်ပြီး ဆံသားကောင်းမွန်ခြင်းနဲ့ ပြည့်စုံတာကို ဘောလိဝုဒ်ရုပ်ရှင်တွေထဲမှာ တွေ့မြင်ဖူးကြမှာပါ
အခုပြောပြပေးချင်တာကတော့ အိန္ဒိယသူတွေ အသုံးပြုကြတဲ့ ဆံပင်အရှည်မြန်နည်း လျှို့ဝှက်ချက်တွေပဲ ဖြစ်ပါတယ် ‘
(၁) ကြက်ဥအနှစ်
ကြက်ဥအနှစ်ဟာ ခြောက်သွေ့ပျက်စီးနေတဲ့ ဆံသားတွေကို ပြန်လည်ကောငး်မွန်စေတဲ့အပြင် ဆံပင်အရှည်မြန်ခြင်းကိုလည်း အထောက်အကူဖြစ်စေတာကြောင့် ခေါင်းမလျှော်ခင် ကြက်ဥအနှစ်နဲ့ ဆံသားကို ပေါင်းတင်ပေးသင့်ပါတယ်။
(၂) ရှားစောင်းလက်ပတ်
ရှားစောင်းလက်ပပ်ဂျယ်လ်ဟာ အသားအရေ အလှအပနဲ့ ကျန်းမာရေးအတွက်သာမက ဆံကေသာ အလှအပအတွက်ပါ အသုံးဝင်တဲ့ သဘာဝပစ္စည်းတမျိုးပါ ပျိုမေတို့ရေ။
ခေါင်းမလျှော်ခင် နာရီဝက်လောက်အလိုမှာ ရှားစောင်းလက်ပပ်ပင်ကရတဲ့ ရှားစောင်းလက်ပပ်ဂျယ်လ်ကို ဆံကေသာအရင်းကနေ အဖျားအထိ နှံ့စပ်အောင်လိမ်းပေးပြီးမှ လျှော်ခြင်းက ဆံသားအရှည်မြန်ခြင်းကို ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။
(၃) အုန်းဆီ
အုန်းဆီဟာ အိန္ဒိယရိုးရာတိုင်းရင်းဆေးတွေမှာသာမက အလှအပရေးရာတွေမှာပါ အသုံးပြုကြတဲ့ သဘာဝအဆီတမျိုးပါ
အိန္ဒိယသူတွေ ဆံသားကောင်းမွန်ပြီး မည်းနက်သန်စွမ်းကြခြင်းရဲ့ အကြောင်းရင်းကတော့ အုန်းဆီကို ပုံမှန်လိုလို လိမ်းကျလို့ပါ။
အုန်းဆီရဲ့ စေးကပ်တဲ့ အထိအတွေ့ကို မကြိုက်သူတွေအနေနဲ့တော့ ခေါင်းမလျှော်ခင် အုန်းဆီကို ခပ်ရွှဲရွှဲလိမ်းပြီးမှ လျှော်ပေးခြင်းက ဆံသားကို အရှည်မြန်စေမှာ ဖြစ်ပါတယ်။
(၄) ရေအေး
ခေါင်းလျှော်တဲ့အခါ ရေနွေးနဲ့ခေါင်းလျှော်ခြင်းထက် ရေအေးနဲ့ခေါင်းလျှော်ပေးခြင်းက ဦးရေပြား သွေးလည်ပတ်မှုကို ပိုမိုကောင်းမွန်စေတဲ့အပြင် ဆံပင်အရှည်မြန်ခြင်းကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။
Zawgyi
အိႏၵိယသူေတြအမ်ားစုဟာ ဆံပင္သန္စြမ္းမည္းနက္ၿပီး ဆံသားေကာင္းမြန္ျခင္းနဲ႔ ျပည့္စုံတာကို ေဘာလိဝုဒ္႐ုပ္ရွင္ေတြထဲမွာ ေတြ႕ျမင္ဖူးၾကမွာပါ
အခုေျပာျပေပးခ်င္တာကေတာ့ အိႏၵိယသူေတြ အသုံးျပဳၾကတဲ့ ဆံပင္အရွည္ျမန္နည္း လၽွို႔ဝွက္ခ်က္ေတြပဲ ျဖစ္ပါတယ္ ‘
(၁) ၾကက္ဥအႏွစ္
ၾကက္ဥအႏွစ္ဟာ ေျခာက္ေသြ႕ပ်က္စီးေနတဲ့ ဆံသားေတြကို ျပန္လည္ေကာငး္မြန္ေစတဲ့အျပင္ ဆံပင္အရွည္ျမန္ျခင္းကိုလည္း အေထာက္အကူျဖစ္ေစတာေၾကာင့္ ေခါင္းမေလၽွာ္ခင္ ၾကက္ဥအႏွစ္နဲ႔ ဆံသားကို ေပါင္းတင္ေပးသင့္ပါတယ္။
(၂) ရွားေစာင္းလက္ပတ္
ရွားေစာင္းလက္ပပ္ဂ်ယ္လ္ဟာ အသားအေရ အလွအပနဲ႔ က်န္းမာေရးအတြက္သာမက ဆံေကသာ အလွအပအတြက္ပါ အသုံးဝင္တဲ့ သဘာဝပစၥည္းတမ်ိဳးပါ ပ်ိဳေမတို႔ေရ။
ေခါင္းမေလၽွာ္ခင္ နာရီဝက္ေလာက္အလိုမွာ ရွားေစာင္းလက္ပပ္ပင္ကရတဲ့ ရွားေစာင္းလက္ပပ္ဂ်ယ္လ္ကို ဆံေကသာအရင္းကေန အဖ်ားအထိ ႏွံ့စပ္ေအာင္လိမ္းေပးၿပီးမွ ေလၽွာ္ျခင္းက ဆံသားအရွည္ျမန္ျခင္းကို ကူညီေပးနိုင္မွာ ျဖစ္ပါတယ္။
(၃) အုန္းဆီ
အုန္းဆီဟာ အိႏၵိယရိုးရာတိုင္းရင္းေဆးေတြမွာသာမက အလွအပေရးရာေတြမွာပါ အသုံးျပဳၾကတဲ့ သဘာဝအဆီတမ်ိဳးပါ
အိႏၵိယသူေတြ ဆံသားေကာင္းမြန္ၿပီး မည္းနက္သန္စြမ္းၾကျခင္းရဲ့ အေၾကာင္းရင္းကေတာ့ အုန္းဆီကို ပုံမွန္လိုလို လိမ္းၾကလို႔ပါ။
အုန္းဆီရဲ့ ေစးကပ္တဲ့ အထိအေတြ႕ကို မႀကိဳက္သူေတြအေနနဲ႔ေတာ့ ေခါင္းမေလၽွာ္ခင္ အုန္းဆီကို ခပ္ရႊဲရႊဲလိမ္းၿပီးမွ ေလၽွာ္ေပးျခင္းက ဆံသားကို အရွည္ျမန္ေစမွာ ျဖစ္ပါတယ္။
(၄) ေရေအး
ေခါင္းေလၽွာ္တဲ့အခါ ေရေႏြးနဲ႔ေခါင္းေလၽွာ္ျခင္းထက္ ေရေအးနဲ႔ေခါင္းေလၽွာ္ေပးျခင္းက ဦးေရျပား ေသြးလည္ပတ္မႈကို ပိုမိုေကာင္းမြန္ေစတဲ့အျပင္ ဆံပင္အရွည္ျမန္ျခင္းကိုလည္း ျဖစ္ေပၚေစနိုင္ပါတယ္။When you wash your hair, washing your hair with cold water instead of hot water will improve the blood circulation of your scalp, and it can also lead to faster hair growth.