မျက်နှာမှာ မျက်ခုံးအလှက သင့်ရဲ့မျက်နှာ နူးညံ့မှုကို ပိုပြီးပေါ်လွင်စေပါတယ်။ Mask တပ်ထားရင်တောင် မျက်ခုံးကလှနေရင် လူအများကြားထဲမှာ ထင်းကနဲပါပဲ။ ဒါပေမယ့် မျက်နှာပုံစံနဲ့ လိုက်ဖက်တဲ့ မျက်ခုံးပုံစံ ဖြစ်ဖို့လည်း လိုအပ်ပါသေးတယ်။
မျက်နှာပုံစံကို သိဖို့ဆိုရင်
၁။ သင့်မျက်နှာကို အပိုင်းသုံးပိုင်း ခွဲလိုက်ပါ။
၂။ နှာခေါင်းအောက်ပိုင်းကနေ မေးစေ့အထိ အလျားကို တိုင်းတာပါ။
မျက်နှာဒုတိယပိုင်းက ပထမပိုင်းထက် ပိုရှည်နေရင် မျက်နှာရှည်ပါတယ်..။
မျက်နှာဒုတိယပိုင်းက ပထမပိုင်းထက် လျော့နေရင် မျက်နှာဝိုင်းသူပါ။
မျက်နှာဒုတိယပိုင်းနဲ့ ပထမပိုင်းက အတိုင်းအတာချင်း တူနေရင် သင်က ဘဲဥပုံမျက်နှာပါ။
၁။ မျက်နှာဝိုင်း
မျက်နှာအကျယ်နဲ့ အရှည်က အတူတူဖြစ်နေရင် သင်က မျက်နှာဝိုင်းသူပါ။ မျက်နှာကို အရမ်းဝိုင်းတယ်လို့ မထင်ရစေဖို့၊ သေးသွယ်တယ်လို့ ထင်ရစေဖို့ မျက်ခုံးက အစွန်းနားမှာ မြင့်မြင့်လေး ခုံးသွားတဲ့ပုံစံကို ရွေးချယ်သင့်ပါတယ်..။ ခပ်ကွေးကွေးမျက်ခုံးနဲ့ အပြားလိုက်ဖြစ်နေတဲ့မျက်ခုံးက မျက်နှာဝိုင်းတာကို ပိုထင်ရှားစေပါတယ်။
၂။ ဘဲဥပုံမျက်နှာ
နဖူးဧရိယာက မေးစေ့ထက် ပိုကျယ်နေရင် သင်က ဘဲဥပုံမျက်နှာပါ။ တချို့တွေမှာ ပါးရိုးတွေက ထင်ရှားနေတတ်ပါတယ်..။ မျက်နှာရဲ့အသွင်အပြင် အလှအပကို ညီမျှနေစေဖို့ ပြေပြေလေး ကွေးသွားတဲ့မျက်ခုံးပုံစံကို ရွေးချယ်သင့်ပါတယ်။ မျက်ခုံးထောင့်စွန်းက အရမ်းကို မြင့်နေရင် မျက်နှာရှည်တာကို ပိုပြီး သိသာသွားစေပါတယ်။
၃။ စတုရန်းပုံမျက်နှာ
နဖူးပြင်၊ မေးရိုးနဲ့ ပါးရိုးတို့က အကျယ်အဝန်းချင်းတူနေရင်၊ မေးရိုးတွေက မျက်နှာမှာ အထင်ရှားဆုံးဖြစ်နေရင် စတုရန်းပုံစံ မျက်နှာပါ။ အဲဒါကြောင့် မျက်ခုံးထူထူနဲ့ ခပ်ပြေပြေလေးကွေးသွားတဲ့ မျက်ခုံးပုံစံက မျက်နှာကို ပိုပြီး ကျက်သရေရှိစေပါတယ်။ မျက်ခုံးကို သေးသေးလေးဆွဲထားရင် မျက်နှာက ထောင့်မှန်ကျတာ ပိုပြီး သိသာနေပါတယ်။
၄။ အသည်းပုံစံမျက်နှာ
သင့်မျက်နှာမှာ နဖူးပြင်က ကျယ်ပြီး မေးစေ့က ချွန်နေရင် အသည်းပုံစံမျက်နှာပါ။ မေးစေ့ချွန်တာကို အရမ်းမသိသာဖို့ ကွေးညွတ်ပြီး ထူထဲတဲ့မျက်ခုံးကို ရွေးချယ်သင့်ပါတယ်။ အပေါ်ကို မြင့်တက်နေတဲ့ မျက်ခုံးက သင့်ရဲ့နဖူးကို ကျယ်ဝန်းတာကို ပိုထင်ရှားစေသလို ဖြစ်တာကြောင့် မရွေးချယ်သင့်ပါဘူး။
၅။ စိန်ပုံစံမျက်နှာ
မျက်နှာက ထောင့်ချွန်တွေများသလို ဖြစ်နေပြီး နဖူးက ကျဉ်းနေရင်၊ ချွန်တဲ့မေးစေ့ရှိရင်၊ ပါးပြင်က ကျယ်ဝန်းနေရင် စိန်ပုံစံမျက်နှာပါ။
မျက်နှာမှာ ထောင့်ချွန်တွေ များနေတာကို နူးညံ့တဲ့အသွင်ဖြစ်စေဖို့ လေးကိုင်းလို ကွေးညွတ်ပြီး အနည်းငယ်ရှည်တဲ့ မျက်ခုံးကို ရွေးချယ်ပါ..။ အပေါ်ကို မြင့်တက်နေတဲ့မျက်ခုံးက စိန်ပုံစံမျက်နှာနဲ့ မလိုက်ဖက်ပါဘူး။
၆။ ရှည်သောမျက်နှာ
နဖူး၊ မေးရိုး၊ ပါးရိုးတွေက အကျယ်အဝန်းချင်း တူနေရင် မျက်နှာက ရှည်ပါတယ်။ ရှည်တဲ့မျက်နှာက စတုရန်းပုံမျက်နှာနဲ့ အနည်းငယ်ဆင်ပါတယ်။ မျက်နှာရှည်တာကိုအရမ်းမသိသာဖို့ မဆိုစလောက်လေး ကွေးတဲ့ မျက်ခုံးထူထူကို ဆွဲသင့်ပါတယ်။ မျက်ခုံးစွန်းတွေက အပေါ်ကို မြင့်နေရင် မျက်နှာက ပိုရှည်သလို ထင်ရစေပါတယ်။
CREDIT ~ Zombie