Knowledge

ဘုရင််ကိုတောင် မတူမတန်ဘူးဆိုပြီး လက်မထပ်နိုင်ဘူး ငြင်းလိုက်တဲ့ ရွာတစ်ရွာက ချောမောလှပတဲ့ မိန်းကလေး

ဟိုးရှေးရှေးတုန်းကရွာတစ်ရွာမှာ အရမ်းချောမောတဲ့မိန်းမပျိုလေးတစ်ဦးရှိသတဲ့…

သူမကအရမ်းလှတော့ယောကျ်ားပျိုတိုင်းက မေတ္တာစကားတွေဆိုကြတာပေါ့အဲ့ဒါကိုပဲ။ထိုမိန်းမပျိုလေးကကြေနပ်နေပြီးသူ့ကိုကြိုက်တဲ့လုလင်ပျိုတွေများတယ်ဆိုပြီး

ရောင့်ရဲနေသတဲ့တစ်နေ့ကြတော့ သူမတို့ရဲ့ရွာကိုမင်းညီမင်းသားတွေကကြင်ရာရှာလာရောက်ကြသတဲ့ထိုမိန်းမပျိုလေးကလဲသူမကိုမေတ္တာရှိနေကြတဲ့ရွာကလုလင်ပျိုတွေထက်ရာထူးစည်းစိမ်ရုပ်ရည်ပြည့်စုံတဲ့မင်းညီမင်းသားတွေကိုပဲလက်တွဲချင်တော့ သူမကိုယ်သူမအစွမ်းကုန်ပြင်ဆင်ပြီးတော့ မင်းညီမင်းသားတွေကိုရေလာမြောင်းပေးလုပ်တာပေါ့ ။

ဒါပေမယ့်မင်းညီမင်းသားတွေကသူမကိုစိတ်မဝင်စားကြပဲ။သူတို့မေးတဲ့မေးခွန်းတွေသူတို့စမ်းသပ်တာတွေကိုပြောနိုင်ဖြေနိုင်တဲ့သူမရွာကမိန်းမပျိုလေးကိုပဲရွေးချယ်လိုက်ကြသတဲ့အဲ့မှာပဲ။ထိုမိန်းမပျိုလေးကတစ်ရွာလုံးမှာသူကအချောဆုံးဖြစ်ပြီးသူမကိုမရွေးချယ်ကြတဲ့အတွက်ရှက်သွားတာပေါ့အဲ့လိုနဲ့..

အဲ့မိန်းမပျိုလေးကသူမင်းညီမင်းသားနဲ့ပေါင်းဖက်ရဖို့ဆိုသူ့မှာအရည်အချင်းရှိမှဖြစ်မယ်ဆိုတာသိပြီးပညာတွေကိုငယူကြိုးစားသတဲ့ဒီလိုနဲ့ပညာတွေတက်မြောက်ပြီးနှစ်တွေရာသီတွေကုန်လွန်တော့မိန်းမပျိုလေးတို့…တိုင်းပြည်ရဲ့အနီးနားကတိုင်းပြည်မှာအုပ်ချုပ်နေတဲ့ဘုရင်မကြီးက…သံတမန်ရာထူးအတွက်အမျိုးသမီးတွေကိုရှာနေတာပေါ့…

အဲ့ဒီမှာပဲ…မိန်းမပျိုလေး က… ရာထူး အတွက်…သွားပြီးအစမ်းသပ်ခံသွားသတဲ့…မိန်းမပျိုလေး ရဲ့…ကြိုးစားမှုတွေပညာအရည်အချင်းပြည့်ဝမှုတွေကြောင့်…ဘုရင်မကြီးကသဘောကျပြီး…ခန့်အပ်လိုက်သတဲ့ကွယ်…အဲ့ဒီမှာပဲ…မိန်းမပျိုလေးက…သံတမန်အမျိုးသမီးဖြစ်သွားတာပေါ့…ဒီလိုနဲ့…မိန်းမပျိုလေးက…

တာဝန်တွေထမ်းဆောင်ရင်း တစ်နေ့ကြတော့ သူနေခဲ့တဲ့တိုင်းပြည်ကို သံတမန်အဖြစ်နဲ့..ဘုရင်မကြီးကစေလွှတ်သတဲ့…သူမကိုလဲ…ရိုးရိုးသံတမန်အဖြစ်မဟုတ်ပဲ…သူ့ရဲ့ညီမအဖြစ်…မွေးစားပြီး…အဆောင်အယောင်နဲ့တကွ…စေလွှတ်တာတဲ့…ဒီလိုနဲ့မိန်းမပျိုလေးက…ဘုရင်မကြီးရဲ့…ညီမတော်အဖြစ်နဲ့…သူ့ရဲ့တိုင်းပြည်ကို…သံတမန်ရောက်လာတာပေါ့…

အဲ့မှာပဲ…အရင်က…သူလိုချင်ခဲ့တဲ့…မင်းညီမင်းသားတွေက…မိန်းမပျိုလေးရဲ့အရည်အချင်းတွေ၊ာထူးတွေကိုမြင်ပြီး…လက်ဆက်ခြင်ကြသတဲ့…ဒါပေမယ့်…မိန်းမပျိုလေးက…သူမကဘုရင်မကြီးရဲ့ညီမဖြစ်တဲ့အတွက်….ထိုမင်းညီမင်းသားတွေကို…နိမ့်ကျတယ်ဆိုပြီး…ဘုရင်ကြီးရဲ့…မိဖုရားခေါင်ကြီးပဲဖြစ်လိုတယ်တဲ့…အဲ…ဒီလိုနဲ့…

တိုင်းရေးပြည်ရေးဆွေးနွေးပြီးတော့…မိန်းမပျိုလေးလဲ…ဘုရင်မကြီးရှိတဲ့…တိုင်းပြည်ကို…ပြန်ခဲ့တော့သတဲ့…သူမတိုင်းပြည်ကို ပြန်ရောက်ပြီး…သိပ်မကြာခင်မှာပဲ…ဘုရင်မကြီးနတ်ရွာစံသွားသတဲ့

ထီးမွေနန်းမွေ ဆက်ခံသူကလဲမရှိတော့…မိန်းမပျိုလေးကိုပဲ…ဘုရင်မကြီးဘွဲ့အပ်နှင်းလိုက်ကြတာပေါ့…ဘုရင်မကြီးဖြစ်ပြီးမကြာခင်မှာပဲ…သူနေထိုင်ခဲ့ဘူးတဲ့တိုင်းပြည်က…ဘုရင်ကြီး က…သူ့ကိုလက်ဆက်ဖို့ကမ်းလှမ်းလာသတဲ့…လက်မခံရင်စစ်ဖြစ်ပြီးနိုင်ငံပါသိမ်းမယ်ဆိုပြီး…ခြိမ်းခြောက်သတဲ့…အဲ့မှာပဲ…မိန်းမပျိုလေးက…သူလိုဘုရင်မက…

တခြားသူရဲ့မိဖုရားလုပ်ပြီး…ဘာလို့အလုပ်အကျွေးပြုနေရမှာလဲဆိုပြီး…ဘုရင်ကြီးကို…ငြင်းလိုက်တယ်တဲ့…ပြီးတော့…မိန်းမပျိုလေးက…ထက်မြက်လွန်းတော့…စစ်ပွဲဖြစ်ပေမယ့်လဲ…ဘုရင်ကြီးဘက်ကပဲရှုံးနိမ့်သွားသတဲ့…မိန်းမပျိုလေးလဲ…ဘုရင်မကြီးအဖြစ်နဲ့ပဲ…တိုင်းပြည်ကို…သာယာအေးချမ်းအောင်…အုပ်ချုပ်သွားသတဲ့ကွယ်…

ကဲ…သမီးလေး…ဖေဖေပြောခဲ့တဲ့…ပုံပြင်လေးထဲကမိန်းမပျိုလေးက…ပထမတော့…သူမကသူ့ထက်မြင့်တဲ့…သူမျိုးကိုလက်ဆက်ချင်ပေမယ့်…အဲ့ဒီအမြင့်နေရာကိုရောက်တော့…

ဒီ့ထက်မြင့်တဲ့သူကိုပဲ…လက်ဆက်ချင်ပြန်တယ်…အဲ…အဲ့ဒီသူလက်ဆက်ချင်တဲ့…အမြင့်ကသူရဲ့အနေအထားကို…သူရောက်ပြန်တော့…အဲ့ထက်ပိုမြင်တဲ့…အမြင့်ဆုံးသူကို…လက်ဆက်ချင်ပြန်ရော…ဒါနဲ့အဲ့အမြင့်ဆုံးဆိုတာကို သူမရောက်သွားရော…သူမအရင်ကမက်မောခဲ့တဲ့…အမျိုးသားတွေကို…မိန်မပျိုလေးက…မမက်မောတော့ဘူးတဲ့…

ဒီပုံပြင်လေးထဲက မိန်းမပျိုလေး လိုပဲ…မိန်းခလေးဆိုတာ…ကိုယ့်ရဲ့လက်ရှိအနေအထားထက်သာအောင်…ပိုကောင်းအောင်…အမြဲတမ်းကြိုးစားနေရမယ်ကိုယ်ကပိုပြီး အမြင့်ရောက်လေကိုယ်မက်မောခဲ့တဲ့အရာတွေက…ကိုယ့်ကိုပြန်ပြီး မက်မော လာကြရတယ်ကွယ့်…

ပညာမတက်လဲ…အရည်အချင်း မရှိလဲ..အချိန်တန်ယောကျ်ားရှာကျွေးမှာဆိုတဲ့ …စကားကိုခေါင်းထဲကထုတ်ထား၊ကိုယ့်ရဲ့ရုပ်ရည်ထက်ကိုယ့်ရဲ့အရည်အချင်း နဲ့ ပညာ ကိုပဲအသုံးချပြီး…ကြိုးစားစမ်းပါကိုယ့်အလုပ်ကိုယ့်ကျောင်းမှာ…လက်ရှိရှိနေတဲ့ရာထူး၊အဆင့်လောက်နဲ့ကျေနပ်မနေသင့်ဘူးကွယ့်…

´´ကြားလား?သမီးလေး…ဟော…အိပ်ပျော်နေပြီ ။

ငါ့သမီးကတော့ကွာငယ်ငယ်တုန်းကအကျင့်အတိုင်းပဲ”

Credit ~ apnnpayay

ဘုရင််ကိုတောင် မတူမတန်ဘူးဆိုပြီး လက်မထပ်နိုင်ဘူး ငြင်းလိုက်တဲ့ ရွာတစ်ရွာက ချောမောလှပတဲ့ မိန်းကလေး

ဟိုးရှေးရှေးတုန်းက…ရွာတစ်ရွာမှာ အရမ်းချောမောတဲ့မိန်းမပျိုလေးတစ်ဦးရှိသတဲ့…

သူမကအရမ်းလှတော့…ယောကျ်ားပျိုတိုင်းက…မေတ္တာစကားတွေဆိုကြတာပေါ့…အဲ့ဒါကိုပဲ…ထိုမိန်းမပျိုလေးက…ကြေနပ်နေပြီး…သူ့ကိုကြိုက်တဲ့လုလင်ပျိုတွေများတယ်ဆိုပြီး

ရောင့်ရဲနေသတဲ့…တစ်နေ့ကြတော့ သူမတို့ရဲ့ရွာကို…မင်းညီမင်းသားတွေက…ကြင်ရာရှာလာရောက်ကြသတဲ့…ထိုမိန်းမပျိုလေးကလဲ…သူမကိုမေတ္တာရှိနေကြတဲ့…ရွာကလုလင်ပျိုတွေထက်…ရာထူးစည်းစိမ်ရုပ်ရည်…ပြည့်စုံတဲ့မင်းညီမင်းသားတွေကိုပဲ…လက်တွဲချင်တော့…သူမကိုယ်သူမအစွမ်းကုန်ပြင်ဆင်…ပြီးတော့…မင်းညီမင်းသားတွေကို…ရေလာမြောင်းပေးလုပ်တာပေါ့…

ဒါပေမယ့်…မင်းညီမင်းသားတွေက…သူမကိုစိတ်မဝင်စားကြပဲ…သူတို့မေးတဲ့မေးခွန်းတွေ…သူတို့စမ်းသပ်တာတွေကို…ပြောနိုင်ဖြေနိုင်တဲ့…သူမရွာကမိန်းမပျိုလေးကိုပဲ…ရွေးချယ်လိုက်ကြသတဲ့…အဲ့မှာပဲ…ထိုမိန်းမပျိုလေးက…တစ်ရွာလုံးမှာသူကအချောဆုံးဖြစ်ပြီး…သူမကိုမရွေးချယ်ကြတဲ့အတွက်…ရှက်သွားတာပေါ့…အဲ့လိုနဲ့…

အဲ့မိန်းမပျိုလေးက…သူမင်းညီမင်းသားနဲ့ပေါင်းဖက်ရဖို့ဆို…သူ့မှာအရည်အချင်းရှိမှဖြစ်မယ်ဆိုတာသိပြီး…ပညာတွေကို…သင်ယူကြိုးစားသတဲ့….ဒီလိုနဲ့…ပညာတွေတက်မြောက်ပြီး…နှစ်တွေရာသီတွေ…ကုန်လွန်တော့….မိန်းမပျိုလေးတို့…တိုင်းပြည်ရဲ့အနီးနားကတိုင်းပြည်မှာ…အုပ်ချုပ်နေတဲ့…ဘုရင်မကြီးက…သံတမန်ရာထူးအတွက်…အမျိုးသမီးတွေကို…ရှာနေတာပေါ့…

အဲ့ဒီမှာပဲ…မိန်းမပျိုလေး က… ရာထူး အတွက်…သွားပြီးအစမ်းသပ်ခံသွားသတဲ့…မိန်းမပျိုလေး ရဲ့…ကြိုးစားမှုတွေပညာအရည်အချင်းပြည့်ဝမှုတွေကြောင့်…ဘုရင်မကြီးကသဘောကျပြီး…ခန့်အပ်လိုက်သတဲ့ကွယ်…အဲ့ဒီမှာပဲ…မိန်းမပျိုလေးက…သံတမန်အမျိုးသမီးဖြစ်သွားတာပေါ့…ဒီလိုနဲ့…မိန်းမပျိုလေးက…

တာဝန်တွေထမ်းဆောင်ရင်း တစ်နေ့ကြတော့ သူနေခဲ့တဲ့တိုင်းပြည်ကို သံတမန်အဖြစ်နဲ့..ဘုရင်မကြီးကစေလွှတ်သတဲ့…သူမကိုလဲ…ရိုးရိုးသံတမန်အဖြစ်မဟုတ်ပဲ…သူ့ရဲ့ညီမအဖြစ်…မွေးစားပြီး…အဆောင်အယောင်နဲ့တကွ…စေလွှတ်တာတဲ့…ဒီလိုနဲ့မိန်းမပျိုလေးက…ဘုရင်မကြီးရဲ့…ညီမတော်အဖြစ်နဲ့…သူ့ရဲ့တိုင်းပြည်ကို…သံတမန်ရောက်လာတာပေါ့…

အဲ့မှာပဲ…အရင်က…သူလိုချင်ခဲ့တဲ့…မင်းညီမင်းသားတွေက…မိန်းမပျိုလေးရဲ့အရည်အချင်းတွေ၊ာထူးတွေကိုမြင်ပြီး…လက်ဆက်ခြင်ကြသတဲ့…ဒါပေမယ့်…မိန်းမပျိုလေးက…သူမကဘုရင်မကြီးရဲ့ညီမဖြစ်တဲ့အတွက်….ထိုမင်းညီမင်းသားတွေကို…နိမ့်ကျတယ်ဆိုပြီး…ဘုရင်ကြီးရဲ့…မိဖုရားခေါင်ကြီးပဲဖြစ်လိုတယ်တဲ့…အဲ…ဒီလိုနဲ့…

တိုင်းရေးပြည်ရေးဆွေးနွေးပြီးတော့…မိန်းမပျိုလေးလဲ…ဘုရင်မကြီးရှိတဲ့…တိုင်းပြည်ကို…ပြန်ခဲ့တော့သတဲ့…သူမတိုင်းပြည်ကို ပြန်ရောက်ပြီး…သိပ်မကြာခင်မှာပဲ…ဘုရင်မကြီးနတ်ရွာစံသွားသတဲ့

ထီးမွေနန်းမွေ ဆက်ခံသူကလဲမရှိတော့…မိန်းမပျိုလေးကိုပဲ…ဘုရင်မကြီးဘွဲ့အပ်နှင်းလိုက်ကြတာပေါ့…ဘုရင်မကြီးဖြစ်ပြီးမကြာခင်မှာပဲ…သူနေထိုင်ခဲ့ဘူးတဲ့တိုင်းပြည်က…ဘုရင်ကြီး က…သူ့ကိုလက်ဆက်ဖို့ကမ်းလှမ်းလာသတဲ့…လက်မခံရင်စစ်ဖြစ်ပြီးနိုင်ငံပါသိမ်းမယ်ဆိုပြီး…ခြိမ်းခြောက်သတဲ့…အဲ့မှာပဲ…မိန်းမပျိုလေးက…သူလိုဘုရင်မက…

တခြားသူရဲ့မိဖုရားလုပ်ပြီး…ဘာလို့အလုပ်အကျွေးပြုနေရမှာလဲဆိုပြီး…ဘုရင်ကြီးကို…ငြင်းလိုက်တယ်တဲ့…ပြီးတော့…မိန်းမပျိုလေးက…ထက်မြက်လွန်းတော့…စစ်ပွဲဖြစ်ပေမယ့်လဲ…ဘုရင်ကြီးဘက်ကပဲရှုံးနိမ့်သွားသတဲ့…မိန်းမပျိုလေးလဲ။ဘုရင်မကြီးအဖြစ်နဲ့ပဲ…တိုင်းပြည်ကို…သာယာအေးချမ်းအောင်…အုပ်ချုပ်သွားသတဲ့ကွယ်