တကမ္ဘာလုံး လိုအပ်ချက် အများဆုံးဖြစ်လာတဲ့ မြေရှားသတ္တု၊ အကြီးကျယ်ဆုံး ထုတ်လုပ်သူ တရုတ်နှင့် ကြားထဲက ခါးနာရမယ့် မြန်မာ… …
ခေတ်မီအသုံးအဆောင်ပစ္စည်းတွေ ဖြစ်တဲ့ ကွန်ပြူတာ၊ လက်ကိုင်ဖုန်း၊ လျှပ်စစ်ကား…စတဲ့ အီလက်ထရောနစ် ပစ္စည်းတွေမှာ သုံးတဲ့ မြေရှားသတ္တုက ရှားသလို ဈေးကွက်အကြိုက်လည်း ဖြစ်လာတယ်၊
မြေရှားသတ္တုဆိုတာကတော့ အင်္ဂလိပ်လို Rare Earth ခေါ်ပြီး ကမ္ဘာ့အပေါ်ယံ မြေလွှာထဲမှာ အများအပြားရှိနေတာပါ။ ဒါပေသိ သူချည်းရှိနေတာမဟုတ်ဘဲ တခြားဒြပ်စင်တွေနဲ့ ရောနှောနေလို့ ပြန်လည် ခွဲထုတ်ရပြီး ကုန်ကျစရိတ်လည်း များပါတယ်။
မြန်မာနိုင်ငံမှာတော့ ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ ပန်ဝါဒေသမှာ အများဆုံးတွေ့ရပါတယ်။
သူ့ကို အထူးသဖြင့် လျှပ်စစ်ကား ဘထ္ထရီအတွက် အသုံးများပြီး အခြားလျှပ်စစ်ပစ္စည်း ထုတ်လုပ်တဲ့နေရာတွေမှာလည်း အသုံးဝင်ပါတယ်။
ကမ္ဘာပေါ် မြေရှားသတ္တု ထုတ်ယူတဲ့ နေရာတွေကတော့ တော်တော်လေး နည်းပါးပြီး အကြောင်းကတော့ တူးရတဲ့ လုပ်ငန်း ခက်ခဲသလို၊ သဘာဝဝန်းကျင် ထိခိုက်ပျက်စီးတဲ့ အန္တရာယ်လည်း ရှိတာကြောင့်လည်း ဖြစ်ပါတယ်။
ဒါကြောင့် မြေရှားသတ္တု တန်ချိန် သိန်းရာချီနေတဲ့ နိုင်ငံတွေမှာတောင် တကယ်တမ်း ထုတ်တဲ့အခါ တန် တစ်ထောင် ဝန်းကျင်လောက်ပဲ ထုတ်ကြတာ ဖြစ်ပါတယ်။
အထူးသဖြင့် မြန်မာမှာ ဖေ ၁၊ အာဏာသိမ်းလိုက်တော့ တရုတ်မှာ မြေရှားသတ္တု (Rare-Earth) ဈေးက ၃၀% ရာခိုင်နှုန်းတက်သွားတယ်လို့ Nickkei Asia ကဖေါ်ပြသလို ၂၆ ဧပြီ၊ ၂၀၂၁ ဧရာဝတီမှာလည်း ကချင်ပြည်နယ် ချီဘွေနဲ့ ပန်ဝါဒေသတွေမှာ တရုတ်မြေရှားသတ္တုထုတ်လုပ်ငန်း ၅ ဆ တိုးပွားလာတယ်လို့ ဒေသခံတွေက ပြောကြောင်း ဖော်ပြခဲ့ပါတယ်။
မြေရှားသတ္တုရှာဖွေခြင်းရဲ့ အကျိုးဆက်တွေကတော့…
မြေရှား Rare Earth တူးတယ်ဆိုတာ (၁) တတောင်လုံးကို အပေါက်ဖေါက် ပြီးရင်အက်ဆစ် လောင်းထည့် (၂) တောင်အောက်ဆုံးမှာ လိုင်ခေါင်းဖေါက်ပြီး အက်ဆစ် လောင်ကျလာတဲ့ အရည်ကိုခံယူရတာပါ။
ဒါကြောင့် တောင် မရှိတဲ့နေရာမှာ လုပ်ရင် ကုန်ကျစရိတ် မကာမိဘူး။ မြေကိုတူးပြီး သီးသန့်ခွဲထုတ်ရလို့ ကုန်ကျစရိတ်များတယ်။ ခုလို တောင် ထူထပ်တဲ့နေရာမှာလုပ်ရင် အေးဆေးပဲ။
Rare Earth ဆိုတာ တကယ့်မြေရှား သတ္တု မဟုတ်။ မြေရှိတဲ့နေရာတိုင်းက စစ်ယူလို့ရတယ်။
ပြဿနာက အဲ့လို တောင်တခုလုံး ဖျက်ဆီးလိုက်ဖို့ နေရာ ရှားသွားတဲ့ အချက်ပါ။
တောင်လုံးကြီးဖျက်လို့မရရင် မြေကြီးကို တူးယူပြီး သီးသန့်စက်ရုံထောင် ခွဲထုတ်ယူတဲ့နည်းဟာ အင်မတန် အဖိုးအခများတယ်။ မကိုက်ဘူး။
ကချင်ပြည်နယ်က တောင်တွေဟာ တခုပြီး တခု အဆိပ်သင့်တဲ့ ရေတွေနဲ့ ကျန်ခဲ့မှာပါ။
ကုန်းနေ၊ရေနေသတ္တဝါတွေ အကုန်မျိုးတုန်းသွားနိုင်။
အဆိုးဆုံးကတော့ အဲ့လို အက်ဆစ်ရည် လောင်းထည့်မဲ့ နေရာဟာ မြန်မာ တပြည်လုံးကို စီးဆင်းနေတဲ့ ဧရာဝတီ မြစ်ဖျားခံရာ မေခ နဲ့ မလိခ မြစ်ဖျားမှာ တည်ရှိတဲ့အချက်ပဲ။
တနိုင်ငံလုံး ကင်ဆာရောဂါ နဲ့ အစတုံးသွားနိုင်သည် အထိ ပင်ဖြစ်လာနိုင်ပါသည်။(Zinghtaung Brang Tawng)
ပန်ဝါဒေသတွင် မြေရှားသတ္တုတူးဖေါ်ရေးလုပ်ငန်းခွင်တွင် အလုပ်လုပ်ကိုင်ခဲ့သူတစ်ဦးဖြစ်သည့် ကို ဘရန်နန်ကလည်း “ကားပေါ်ကမြေဩဇာထမ်းချတဲ့အခါနဲ့ ကန်ထဲမှာဖျော်တဲ့အခါမှာ အိမ်ထောင်မကျသေးတဲ့လူငယ်တွေ ကို မလုပ်ကြဖို့..
မျိုးမအောင်တာ.. မျိုးပွါးနှုန်းကျဆင်းတာတွေဖြစ်မယ် လို့ အလုပ်သမားအချင်းချင်းက သတိပေးကြတယ်..
မြေရှားသတ္တုတူးတဲ့ တောင်တစ်ခုလုံးမှာလည်း အပေါက်တွေအများကြီးဘဲ၊ အပေါက်တွေထဲမှာလည်း အချင်း(၆)လက်မလောက်ရှိတဲ့ ပိုက်လုံးတွေ (၄)ပေခြားစီထိုးထည့်ထားပြီး ဓါတုဆေးရည်တွေ နေ့တိုင်း (၂၄)နာရီလောင်းထည့် နေတယ်…
ကြာရင်တော့တောင်တွေက အထဲမှာလှိုင်ခေါင်းဖြစ်ပြီး ပြိုကျသွားနိုင် တယ်…ဘေးနားကချောင်းတွေမှာလည်း ဘာရေနေသတ္တဝါမှမရှိတော့ဘူး…
သောက်သုံးလို့လည်းမရတော့ဘူး.. ချောင်းတလျှောက်က ကျောက်ခဲတွေလည်း အကုန်ဖြူသွားတယ် ထုံးလိုဘဲဖြစ်သွားတယ်…”လို့ ပြော သည်။
လက်ရှိအချိန်တွင် တရုတ်နိုင်ငံသည် လျှပ်စစ်ကားများ နှင့် လေအားလျှပ်စစ်ထုတ်လုပ်သည့် လေရဟတ်များတည် ဆောက်ရန်လိုအပ်သော မြေရှားသတ္တုဒြပ်စင် များနှင့်ပတ်သက်၍ ပိုမိုလိုအပ်လာခဲ့ပါသည်။
လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း တရုတ်တို့သည် သူတို့ နိုင်ငံတွင် အလွန်အကျွံ တူးဖော်မှုများကြောင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆုံးရှုံးမှု များနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများ ကြီးထွားလာကာ သူတို့ နိုင်ငံတွင်း တူးဖော်မှုများကို ပိတ်သိမ်းလာခဲ့သည်။
ထိုသို့ ပိတ်သိမ်းထားသည့်တိုင် တရုတ်သည် ကမ္ဘာပေါ်တွင် မြေရှားသတ္တု အများဆုံး ထုတ်လုပ်သူ ဖြစ်နေဆဲပင်ဖြစ်သည်။
ထို့ကြောင့် မြန်မာအနေဖြင့်လည်း အိမ်နီးချင်း တရုတ်မှ မြေရှားသတ္တု ဝင်ရောက် တူးဖော်မှုများကို သေချာ ကြပ်မတ်သင့်ပြီ ဖြစ်ပါကြောင်း…
credit/coppy@