Knowledge

သူစိမ်းတစ်ယောက်က ကလေးကို ချစ်လို့နမ်းတာ နမ်းပါစေ ဆိုတဲ့ ဖေဖေ၊မေမေတို့ ဒီစာလေးကို ဖတ်ထားပေးပါ…

သူစိမ်းတစ်ယောက်က ကလေးကို ချစ်လို့နမ်းတာ နမ်းပါစေ ဆိုတဲ့ ဖေဖေ၊မေမေတို့ ဒီစာလေးကို ဖတ်ထားပေးပါ

Sienna Duffield လို့ခေါ်တဲ့ ၂နှစ်အရွယ်သမီးလေးဟာ သူမရဲ့ မွေးနေ့ပါတီကို မိသားစုနဲ့ အတူတူဖြတ်သန်းခဲ့ပါတယ်။

မွေးနေ့ပါတီ ပြီးတဲ့နောက်မှာ ကလေးမလေးရဲ့ မိခင်ဖြစ်တဲ့ Savina French Bell ဆိုတဲ့ အမျိုးသမီးဟာ သူမသမီးရဲ့ မျက်နှာမှာ ထူးဆန်းတဲ့ အင်ပြင်လိုအရာတွေကို သတိထားမိခဲ့ပါတယ်

အဲ့ဒီအချိန်ကစပြီးတော့ သူတို့မိသားစုအတွက်ကံဆိုးခြင်းတွေ ကျရောက်လာခဲ့ပါတော့တယ်။

ဒေါက်တာတစ်ယောက် ကလေးမလေးရဲ့ အရွယ်နဲ့ မလိုက်အောင် ပေါက်နေတဲ့ အနာတွေဟာ ဘာရောဂါလည်းဆိုတာကို အဖြေထုတ်ဖို့အတွက် ရှစ်လ တောင်ကြာခဲ့ပါတယ်။

ပထမဦးဆုံးသူတို့ စဉ်းစားမိတဲ့ အချက်က ကလေးရဲ့ မျက်နှာကို တစ်ယောက်ယောက်က အက်စစ်နဲ့များပက်ခဲ့လေသလား?

ဘာလို့လည်းဆိုတော့ အဲ့ဒီအရာက ကလေးမလေးရဲ့ ပါးစပ်၊ ပါးပြင်အနှံ့ နှင့် မျက်လုံး အထက်နေရာတွေအထိပါ ပျံ့နှံ့နေတာကြောင့်ပါဆိုပြီး မိခင်ဖြစ်သူကပြောပြခဲ့ပါတယ်။

အိမ်မက်ဆိုးကြီးကိုရက်ရှည်မက်ဖို့အတွက် စတင်ခဲ့တဲ့ ရက်တွေဖြစ်ခဲ့ပါတယ်။

ကလေးမလေးရဲ့ အနာတွေဟာ လုံးဝမပျောက်ခဲ့တဲ့အပြင် ဆရာဝန်ကိုယ်တိုင်ကလည်း ဘာဆက်လုပ်ရမှန်းမသိဖြစ်ခဲ့ပါတယ်။ရှစ်လဆိုတဲ့ အတိုင်းအတာထိရောက်အောင် ကလေးလေးခမျာ ဝေဒနာတွေကိုခံစားခဲ့ရရှာပါတယ်။

ကလေးလေးရဲ့ အခြေအနေက ဘယ်လိုမျိုးလည်းဆိုတော့ သူမရဲ့ မျက်နှာအထက်မှာ အနာဖုတွေ များစွာနဲ့ ဖုံးအုပ်နေပြီးတော့ အဲ့ဒီ အနာတွေပေါက်ပြဲသွားတဲ့အခါမှာတော့ သွေးတွေချင်းချင်းနီအောင်ထွက်တဲ့ အခြေအနေဘဲဖြစ်ပါတယ်။

မိခင်တစ်ယောက်အနေနဲ့ ဘယ်လိုခံစားရသလည်းလို့ မေးတဲ့အခါမှာတော့ သူမရဲ့ သမီးမျက်နှာလေးဟာ အရှင်လတ်လတ်နဲ့ အစားခံနေရသလိုခံစားရပါတယ်လို့ပြောပါတယ်။

သမီးလေးရဲ့ အင်္ကျီတစ်ခုလုံးဟာသွေးတွေနဲ့ ပြည့်နေပြီးတော့ သူမရဲ့ ပါးစပ်အနားတစ်ဝိုက်မှာပေါက်နေတဲ့ အနာတွေကြောင့် အစားအသောက်ကိုပင် ခက်ခက်ခဲခဲနဲ့စားခဲ့ရပါတယ်

ကလေးလေးနှင့် အပြင်ထွက်ခဲ့တိုင်းမှာလည်း သူစိမ်းတွေရဲ့ မင်္သကာသလိုကြည့်တဲ့ အကြည့်တွေ ၊ အထူးဆန်းလိုကြည့်တဲ့ အကြည့်တွေကိုလည်း ရင်ဆိုင်ခဲ့ရကြောင်းပြောပြခဲ့ပါတယ်။

နောက်တစ်ဆင့်မှာတော့ ဆရာဝန်က နှင်းခူ (သို့) ယားနာတစ်ခုခုကြောင့်ဖြစ်တဲ့ အနာမျိုးဆိုပြီး ကောက်ချက်ချခဲ့ပြန်ပါတယ်။ ဒါပေမယ့်လည်း ဘယ်လိုဆေးဝါးမျိုးကမှ အကျိုးထူးလာအောင် ကုသနိုင်စွမ်းမရှိခဲ့ပါဘူး။

နောက်ဆုံးမှာတော့ ကလေးငယ်ကို ဆေးရုံတင်ရတဲ့ အခြေအနေထိဖြစ်လာခဲ့ပါတယ်။ပါးစပ်မှာပေါက်နေတဲ့ အနာတွေကြောင့် ထမင်းမစားနိုင်တဲ့ သူမကို ဆရာဝန်တွေက ဆေးထိုးပိုက်ဖြင့် အာဟာရဖြစ်အောင်ထားခဲ့ရပါတယ်။

ရှစ်လကြာပြီးနောက်ဆုံးမှာတော့ အမှန်တရားတစ်ခုပေါ်ပေါက်လာခဲ့ပါတယ်။အဲ့တာကတော့ သူမရဲ့ နှစ်နှစ်ပြည့်မွေးနေ့တုန်းက ဆွေမျိုးနီးစပ်တစ်ယောက်ရဲ့ နမ်းရှုံ့ခြင်းကိုခံခဲ့ရပါတယ်။အဲ့ဒီကနေတစ်ဆင့် ကလေးမလေးရဲ့ မျက်နှာမှာ အခုလို အနာတွေပေါက်လာခဲ့တာဘဲဖြစ်ပါတယ်။

သူမကို ကူးစက်ခဲ့တဲ့ ပိုးကတော့ Type 1 ဖြစ်ပြီး ဆရာဝန်အနေနဲ့ ရောဂါရှာဖွေနိုင်နိုင်ခြင်းမှာဘဲ ကုထုံးကိုရှာဖွေနိုင်ကာ ကုသနိုင်ခဲ့ပါတယ်။မထင်မှတ်ထားတဲ့ အခြေအနေတစ်ခုကနေ ဖြစ်ပျက်လာခဲ့တာဟာဆိုရင် စိတ်မကောင်းဖွယ်အရာတွေအပြည့်နဲ့ဘဲပါဘဲ။

ဒါကြောင့်မို့လို့ ကလေးမိခင်တွေ ဖခင်တွေအနေနဲ့ ကိုယ့်ရဲ့ကလေးကို ချစ်လို့ပါဆိုပြီး တခြားသူတွေ နမ်းရှုံ့တော့မယ်ဆိုရင်တော့ သတိကြီးကြီးထားပြီးတော့ ဆင်ခြင်ကြပါလို့ စေတနာရှေ့ထားပြီးအကြံပေးလိုက်ပါရစေ။

ခရက်ဒစ်