ဖုန်းအားသွင်းကြိုး၊ ကွန်ပျူတာအားသွင်းကြိုးနဲ့ အခြားသောအားသွင်းကြိုးတွေဟာ အသုံးပြုတဲ့ အချိန်ကာလကြာမြင့်လာတာနဲ့အမျှ အရင်လောက် မသန့်ရှင်းတော့ပါဘူ..း။
အားသွင်းကြိုးတွေပေါ်မှာ ဖုန်တွေ၊ အညစ်အကြေးတွေ ကပ်နေတတ်ပါတယ်။ အားသွင်းကြိုးတွေကို သန့်ရှင်းရေးလုပ်တော့မယ်ဆိုရင် ဒီနည်းလမ်းလေးတွေကို အသုံးပြုနိုင်ပါတယ်။
အားသွင်းကြိုးကို သန့်ရှင်းရေးမလုပ်ခင်
ပေါက်နေတဲ့အားသွင်းကြိုးကို သန့်ရှင်းရေးမလုပ်သင့်ပါဘူး။ သန့်ရှင်းရေးမလုပ်ခင်မှာ အားသွင်းကြိုးက ပေါက်နေလား၊ ကြိုးစတွေ ဖွာထွက်နေလားဆိုတာကို သေချာစစ်ဆေးသင့်ပါတယ်။
အားသွင်းကြိုးကို သန့်ရှင်းရေးလုပ်မယ်ဆိုရင် ကြိုးရဲ့အစွန်းနှစ်ဖက်ကို ရေမထိအောင် ဂရုစိုက်ပါ။
– နည်းလမ်း ၁
ဆပ်ပြာရည်နဲ့ ရေနွေးတို့ကို ပန်းကန်လုံးထဲမှာ ရောမွှေပါ။ ဆပ်ပြာရည်နဲ့ ရေမြှုပ်ကို အသုံးပြုပြီး အားသွင်းကြိုးကို သန့်ရှင်းရေးလုပ်ပါ။ ဖော့ကို ရေတွေ ပြောင်အောင် ညှစ်ချပြီးမှသာ ကြိုးကို သန့်ရှင်းပေးပါ။ သန့်ရှင်းရေးလုပ်ပြီးတဲ့အခါ အားသွင်းကြိုးကို အဝတ်စအခြောက်နဲ့ ပွတ်တိုက်ပေးပါ။
– နည်းလမ်း ၂
မုန့်ဖုတ်ဆိုဒါအနည်းငယ်နဲ့ ရေအနည်းငယ်ကို ရောပြီး အနှစ်ရအောင်မွှေပါ။ သွားတိုက်တံပေါ်မှာ မွှေလို့ရလာတဲ့အနှစ်ကို တင်ပြီး အားသွင်းကြိုးပေါ်မှာ ပွတ်တိုက်ပေးပါ။
အဲဒီနောက် ရေမြှုပ်နဲ့ ထပ်မံသုတ်ပါ။ ကြိုးကို ခြောက်သွေ့အောင်ထားပြီး အဝတ်စအခြောက်နဲ့ နောက်တစ်ကြိမ် ပွတ်တိုက်ပါ။
– နည်းလမ်း ၃
နောက်တစ်နည်းကတော့ wet tissue နဲ့ သန့်ရှင်းရေးလုပ်တာပါ။ အားသွင်းကြိုးပေါ်ကို wet tissue နဲ့ ညင်ညင်သာသာ ပွတ်တိုက်ပေးပါ။
ချက်ချင်းမခြောက်သွေ့သွားရင် အဝတ်စအခြောက်နဲ့ သုတ်ပေးပါ။ ဒီနည်းလမ်းကတော့ အလွယ်ဆုံးနဲ့အထိရောက်ဆုံးပါပဲ။
လေးစားစွာဖြင့် Credit – Zombie (lovemedia)
ဖုန္းအားသြင္းႀကိဳး၊ ကြန္ပ်ဴတာအားသြင္းႀကိဳးနဲ႕ အျခားေသာအားသြင္းႀကိဳးေတြဟာ အသုံးျပဳတဲ့ အခ်ိန္ကာလၾကာျမင့္လာတာနဲ႕အမွ် အရင္ေလာက္ မသန႔္ရွင္းေတာ့ပါဘူ..း။
အားသြင္းႀကိဳးေတြေပၚမွာ ဖုန္ေတြ၊ အညစ္အေၾကးေတြ ကပ္ေနတတ္ပါတယ္။ အားသြင္းႀကိဳးေတြကို သန႔္ရွင္းေရးလုပ္ေတာ့မယ္ဆိုရင္ ဒီနည္းလမ္းေလးေတြကို အသုံးျပဳနိုင္ပါတယ္။
အားသြင္းႀကိဳးကို သန႔္ရွင္းေရးမလုပ္ခင္
– ေပါက္ေနတဲ့အားသြင္းႀကိဳးကို သန႔္ရွင္းေရးမလုပ္သင့္ပါဘူး။ သန႔္ရွင္းေရးမလုပ္ခင္မွာ အားသြင္းႀကိဳးက ေပါက္ေနလား၊ ႀကိဳးစေတြ ဖြာထြက္ေနလားဆိုတာကို ေသခ်ာစစ္ေဆးသင့္ပါတယ္။
– အားသြင္းႀကိဳးကို သန႔္ရွင္းေရးလုပ္မယ္ဆိုရင္ ႀကိဳးရဲ႕အစြန္းႏွစ္ဖက္ကို ေရမထိေအာင္ ဂ႐ုစိုက္ပါ။
– နည္းလမ္း ၁
ဆပ္ျပာရည္နဲ႕ ေရႏြေးတို႔ကို ပန္းကန္လုံးထဲမွာ ေရာေမႊပါ။ ဆပ္ျပာရည္နဲ႕ ေရျမႇုပ္ကို အသုံးျပဳၿပီး အားသြင္းႀကိဳးကို သန႔္ရွင္းေရးလုပ္ပါ။ ေဖာ့ကို ေရေတြ ေျပာင္ေအာင္ ညွစ္ခ်ၿပီးမွသာ ႀကိဳးကို သန႔္ရွင္းေပးပါ။ သန႔္ရွင္းေရးလုပ္ၿပီးတဲ့အခါ အားသြင္းႀကိဳးကို အဝတ္စအေျခာက္နဲ႕ ပြတ္တိုက္ေပးပါ။
– နည္းလမ္း ၂
မုန႔္ဖုတ္ဆိုဒါအနည္းငယ္နဲ႕ ေရအနည္းငယ္ကို ေရာၿပီး အႏွစ္ရေအာင္ေမႊပါ။ သြားတိုက္တံေပၚမွာ ေမႊလို႔ရလာတဲ့အႏွစ္ကို တင္ၿပီး အားသြင္းႀကိဳးေပၚမွာ ပြတ္တိုက္ေပးပါ။
အဲဒီေနာက္ ေရျမႇုပ္နဲ႕ ထပ္မံသုတ္ပါ။ ႀကိဳးကို ေျခာက္ေသြ႕ေအာင္ထားၿပီး အဝတ္စအေျခာက္နဲ႕ ေနာက္တစ္ႀကိမ္ ပြတ္တိုက္ပါ။
– နည္းလမ္း ၃
ေနာက္တစ္နည္းကေတာ့ wet tissue နဲ႕ သန႔္ရွင္းေရးလုပ္တာပါ။ အားသြင္းႀကိဳးေပၚကို wet tissue နဲ႕ ညင္ညင္သာသာ ပြတ္တိုက္ေပးပါ။
ခ်က္ခ်င္းမေျခာက္ေသြ႕သြားရင္ အဝတ္စအေျခာက္နဲ႕ သုတ္ေပးပါ။ ဒီနည္းလမ္းကေတာ့ အလြယ္ဆုံးနဲ႕အထိေရာက္ဆုံးပါပဲ။
ေလးစားစြာျဖင့္ Credit – Zombie (lovemedia)