ရာသီဥတုအခြေအနေမြန်မာတစ်နိုင်ငံလုံးမှာ အေးမြကြည်လင်သာယာနေပါလိမ့်မယ်မိုးရွာသွန်းနိုင်ခြင်းမရှိပါဘူးဆောင်းလေညှင်းလေးကအေးမြသာယာမှုကိုသာပေးတော်မူပါလိမ့်မယ် ။
အယ်နီညို ပြန်လာမယ် သတိ..
၂၀၂၃ ဖေဖော်ဝါရီလ မှဧပြီလအတွင်း ဘက်မလိုက်ကြားနေပုံမှန်ရာသီဥတုဖြစ်ပြီး ဇွန်လမှစတင်ကာ အယ်နီညို #ElNino ရာသီဥတုကိုရောက်ရှိရန်အရိပ်အယောင်ပြသနေပါတယ်
လာနီညာ= အေးမြတဲ့ဥတု
အယ်နီညို= ပူပြင်းခြောက်သွေ့ဥတု
အယ်နီညိုရာသီဥတုဖြစ်ပေါ်စဥ် ဖြစ်ပေါ်နိုင်တဲ့သဘာဝဘေးအန္တရာယ်များမှာ..
ပူပြင်းခြောက်သွေ့ခြင်းအပူလှိုင်းကြောင့် လူနှင့်သတ္တဝါများ Heat strokeကြောင့်အသက်သေဆုံးတဲ့အထိဖြစ်နိုင်းခြင်းတောမီးလောင်ခြင်း ကောက်ပဲသီးနှံများပျက်စီးဆုံးရှုံးနိုင်ခြင်းအစရှိသဖြင့်ကြုံတွေရနိုင်ပါတယ်
2023-2024 အယ်နီညို ပြန်လာမှာဖြစ်လို့ အပူလှိုင်းအထူးသတိပြုကြရပါလိမ့်မယ် ။
ရာသီဥတုပြောင်းလဲမှုနှင့်အတူ ပိုမိုပူနွေးလာမှုကို ကမ္ဘာကြီးသည် ယခုအချိန်အထိ ကြုံတွေ့နေရသောကြောင့် အပူချိန်စံချိန်သစ်များ ဖြစ်ပေါ်လာနိုင်ပါတယ်
ရာသီဥတုဖြစ်စဉ်သည် အယ်လ်နီညိုကာလတွင် ပစိဖိတ်သမုဒ္ဒရာ၏ နေရာအနှံ့အပြားရှိ ရေမျက်နှာပြင်သည် ပုံမှန်ထက် ပိုမိုပူနွေးလာစေရန် လေနှင့် သမုဒ္ဒရာရေစီးကြောင်းများကြား အပြန်အလှန်အကျိုးသက်ရောက်မှုကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်
တစ်နှစ်ထက်တစ်နှစ်ကမ္ဘာကြီးပူနွေးလာတဲ့ကမ္ဘာ့အကျပ်အတည်းနှင့်အတူ 2023-2024 မှာ #ElNino အယ်နီညိုရာသီဥတုဖြစ်ပေါ်လာနိုင်သဖြင့် ပိမိုပူပြင်းမှုတွေကြုံတွေရနိုင်တယ်လို့ ရာသ၎င်းဥတုပညာရှင်များနှင့်သိပ္ပံပညာရှင်များကဆိုထားပါတယ်
ကြိုတင်သတိပေးချက်
2023 2024 အယ်နီညိုရာသီဥတု
အာဖရိကတိုက်ကြီး အယ်နီညိုရာသီဥတုဆိုးရွားပြင်းထန်နိုင်ပြီး သဘာဝဘေးအန္တရာယ်ကြီးကျရောက်နိုင်ပါတယ်
ဥရောပတိုက် အာရှတိုက် သြစတြေးလျတိုက်ကြီးတွေမှာ ဆိုးရွားပူပြင်းတဲ့ အပူလှိုင်းများသက်ရောက်နိုင်သဖြင့် ရေအခက်အခဲနှင့်စားနပ်ရိက္ခာအခက်အခဲများကြုံတွေ့ရနိုင်ပါတယ်
လာနီညာ အယ်နီညိုနှင့် ကြားဘက်မလိုက်ရာသီဥတုတွေသည် ကမ္ဘာကြီးမှာတစ်လှည့်စီထပ်ခါတလဲလဲပြောင်းလည်းဖြစ်ပေါ်နေပါတယ်
2023 နှစ်လယ်ပိုင်းတွင် လာနီညာရာသီဥတု ကုန်ဆုံးတော့မည်ဖြစ်ပြီး၂၀၂၃ အောက်တိုဘာ နိုဝင်ဘာ ဒီဇင်ဘာလနှင့် ၂၀၂၄ ဇန်နဝါရီလ ဖေဖော်ဝါရီလ မတ်လတွေမှာ ဘက်မလိုက်ကြားနေကာလသို့ရွှေးပြောင်းနိုင်ဘွယ်ရှိပြီ ၂၀၂၄မှာ အယ်နီညိုပြင်းထန်နိုင်ပါတယ်
အယ်လ်နီညိုဖြစ်စဉ်၏ သက်ရောက်မှုသည် အပူချိန် ၁.၅ ဒီဂရီစင်တီဂရိတ်အထိ သက်ရောက်နိုင်ပြီး ကမ္ဘာတစ်ဝှမ်းတွင် ပြင်းထန်သော အပူရှိန်ကို ဖြစ်ပေါ်စေနိုင်သည်
ဘာတွေကြိုတင်ပြင်ဆင်ရမလည်း..
ပူပြင်းခြောက်သွေ့နိုင်မှုကြောင့် သောက်သုံးရေပြတ်လပ်နိုင်သဖြင့် သောက်သုံးရေကန်များတည်ဆောက်ပြီး ရေပြတ်လပ်မှုမရှိအောင် သောက်သုံးရေသိုလှောင်ထားကြရမည်ဖြစ်ပါတယ် အရိပ့်ရအပင်များစိုက်ပျိုးထားကြပါ
ဘယ်နေ့ဘယ်ရက်မှာ အပူးလှိုင်း heat wave ဖြစ်မယ်လို့ခနအ့မှန်းပေးတဲ့ရက်တွေမှာ မနက် ၁၀ နာရီမှ ညနေ၅နာရီအတွင်း လွင်ထီးခေါင်လွင်ပြင်တွေကို မထွက်ပဲ အရိပ်အာဝါသကောင်းတဲ့နေရာမှာနေထိုင်ကြရပါမယ်
အဆိုပါအချိန်အတွင်းရေမချိုးကြပါနှင့် စနိုးတာဝါနှင့်မသုတ်ရပါ ဂုတ်ပိုးကိုရေမစွတ်ရပါဘူး ခြောက်သွေ့တဲ့ပဝါနှင့်သာသုတ်ရပါမယ်
ကမ္ဘာကြီးပူနွေးလာမှုနှင့်အတူ ရာသီဥတုဖြစ်စဥ်ပြောင်းလည်းလာခဲ့ပြီး ရာသီဥကြောင့် သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်နိုင်တဲ့အလားအလာရာခိုင်နှုန်း%တစ်ဖြေးဖြေပိုမိုမြင့်တက်လာနေပါတယ် သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်နိုင်မှုကို မိုးလေဝသနှင့်ရာသီဥတုအခြေအနေကြိုတင်သိရှိကြခြင်းဖြင့်သာ အန္တရာယ်မှလွှတ်မြောက်အောင်စီမံခန့်ခွဲလုပ်ဆောင်နိုင်ကြပါတယ်
ဒါကြောင့် ရာသီဥတုအခြေအနေကြိုတင်သိရှိစေရန် မင်းဂွတ်သီးလေး လေ့လာဆည်းပူးသင်ယူတတ်မြောက်ထားတဲ့ Meteorological ပညာရပ်ဖြင့် လူသားတွေအကျိုးအတွက်အစွမ်းကုန်ကြိုးစားလုဏ်ကိုင်ဆောင်ရွက်နေပါတယ်
တစ်နှစ်ကြိုတင်အဝေးကြီးခန့်မှန်းပေးနေတာက ကြိုတင်သိရှိပြီး အပူလှိုင်းအန္တရာယ်မှကာကွယ်လွတ်မြောက်နိုင်ကြစေရန်အတွက်ဖြစ်ပါတယ်
#မင်း ဂွတ် သီး Su Su San
zawgyi,
လာနီညာ= အေးမြတဲ့ဥတု
ကြိုတင်သတိပေးချက်
#မင်း ဂွတ် သီး Su Su San