နေပြည်တော်တွင် ပထမဆုံး လျှပ်စစ်တက္ကစီပြေးဆွဲမည် ။
အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီရဲ့ ခွင့်ပြုချက်အရ Chin Dwin Shan Construction Co., Ltd. နှင့် NPK Motors Co., Ltd တို့ကတင်သွင်းတဲ့လျှပ်စစ်ကားတွေ မြန်မာနိုင်ငံကိုရောက်ရှိလာပြီဖြစ်ပြီး
နေပြည်တော်ကောင်စီနယ်မြေ၊သပြေကုန်းဈေးကိုအခြေပြုပြီးလျှပ်စစ်တက္ကစီကား ၁၀ စီးပြေးဆွဲတော့မှာဖြစ်တယ်လို့သိရှိရပါတယ်။လက်ရှိအချိန်မှာတော့ နေပြည်တော်၊သပြေကုန်းဈေးအနီးမှာ Charging Station တစ်ခုတည်ဆောက်နေပြီဖြစ်ပြီး..
မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအရစက်သုံးဆီအရောင်းဆိုင် ၃၈ ဆိုင်မှာ EV Charging Station တွေ တည်ဆောက်ခွင့်ပြုထားကြောင်းသိရှိရပါတယ်။ဒါအပြင်နေပြည်တော်ကောင်စီနယ်မြေဇဗ္ဗူသီရိမြို့နယ်၊ဒက္ခိဏသီရိမြို့နယ်၊လယ်ဝေးမြို့နယ်၊ပုဗ္ဗသီရိမြို့နယ်၊ဥတ္တရသီရိမြို့နယ်တွေကစက်သုံးဆီအရောင်းဆိုင်တွေမှာ
EV ယာဉ်များအတွက် Charger များတပ်ဆင်ရန် လျှောက်ထားခဲ့တာဖြစ်ကြောင်း သိရှိရပါတယ်။လျှပ်စစ်တက္ကစီကားတွေ ပြေးဆွဲမှုအနေနဲ့ ရန်ကုန်လေဆိပ်မှာလည်း ၁၀ စီးကို စတင်ပြေးဆွဲသွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။
Unicode
နေပြည်တော်တွင် ပထမဆုံး လျှပ်စစ်တက္ကစီပြေးဆွဲမည် ။
အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီရဲ့ ခွင့်ပြုချက်အရ Chin Dwin Shan Construction Co., Ltd. နှင့် NPK Motors Co., Ltd တို့ကတင်သွင်းတဲ့လျှပ်စစ်ကားတွေ မြန်မာနိုင်ငံကိုရောက်ရှိလာပြီဖြစ်ပြီး
နေပြည်တော်ကောင်စီနယ်မြေ၊သပြေကုန်းဈေးကိုအခြေပြုပြီးလျှပ်စစ်တက္ကစီကား ၁၀ စီးပြေးဆွဲတော့မှာဖြစ်တယ်လို့သိရှိရပါတယ်။လက်ရှိအချိန်မှာတော့ နေပြည်တော်၊သပြေကုန်းဈေးအနီးမှာ Charging Station တစ်ခုတည်ဆောက်နေပြီဖြစ်ပြီး
မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအရစက်သုံးဆီအရောင်းဆိုင် ၃၈ ဆိုင်မှာ EV Charging Station တွေ တည်ဆောက်ခွင့်ပြုထားကြောင်းသိရှိရပါတယ်။ဒါအပြင်နေပြည်တော်ကောင်စီနယ်မြေဇဗ္ဗူသီရိမြို့နယ်၊ဒက္ခိဏသီရိမြို့နယ်၊လယ်ဝေးမြို့နယ်၊ပုဗ္ဗသီရိမြို့နယ်၊ဥတ္တရသီရိမြို့နယ်တွေကစက်သုံးဆီအရောင်းဆိုင်တွေမှာ
EV ယာဉ်များအတွက် Charger များတပ်ဆင်ရန် လျှောက်ထားခဲ့တာဖြစ်ကြောင်း သိရှိရပါတယ်။လျှပ်စစ်တက္ကစီကားတွေ ပြေးဆွဲမှုအနေနဲ့ ရန်ကုန်လေဆိပ်မှာလည်း ၁၀ စီးကို စတင်ပြေးဆွဲသွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။