“ငါ့သမီးကို အမေမှာချင်တယ်”ယနေ့ခေတ်နဲ့တိုက်ဆိုင်နေတာကြောင့် အရမ်းကောင်းလို့ ဖတ်ကြည့်စေချင်တယ် ။
“ငါ့သမီးကို အမေမှာချင်တယ်”ငါ့သမီးလေးရယ် ဖေ့စ်ဘုတ်သုံးတာတော့ ခေတ်သဘာဝမို့ အမေမပြောလိုပါဘူး..။
သမီးရယ် ဒါပေမယ့် မေမေမှာချင်တာက…
ဖေ့စ်ဘုတ်ပေါ်မှာ တရားဝင်လက်ထပ်ထား ခြင်းမရှိဘဲ ရည်းစားတွေ တစ်ယောက်ပြီးတစ်ယောက်ထားပြီး ဓာတ်ပုံတွေ တွဲရိုက် တွဲတင်နဲ့ မေမေသူများတွေပြောလို့ အကုန်သိပြီးပြီ သမီး …
သမီးရယ် … သမီးရည်းစားက တကယ်လို့သမီးနဲ့ အကြောင်းအမျိုးမျိုးကြောင့်မရခဲ့ဘူး မယူဘူးဆို ရင် …
ငါ့သမီးဘဝလေးကို ဘယ်ယောက်ျားလေးက တန်ဖိုးထားမှာလဲ
ပြီးတော့မေမေတို့ မျိုးရိုး ဂုဏ်သိက္ခာတွေကိုလည်း ငဲ့ကြည့်ပါဦးသမီးရေ …
ခုတော့ … သမီးက ငါ့ရည်းစားလေး ဘယ်လောက်လှတယ် ဘယ်၍လှတယ်နဲ့ ကြွာချင်ပြီး လိုင်းပေါ်တွဲတင်တော့
မေမေတို့ကို ပတ်ဝန်းကျင် က ပြောလာပြီ သမီးရေ မဆုံးမဘူးလား မအုပ်ချုပ်ဘူးလားတဲ့။
နောက်တစ်ခါ ဖေ့စ်ဘုတ်ပေါ်မှာ ရည်းစားနဲ့ ဓာတ်ပုံ တွဲတင်တော့ မယ်ဆိုရင်
ဖေဖေမေမေတို့ရဲ့ ဂုဏ်သိက္ခာတွေကို ပြန်မြင်ယောင်ပေးပါ သမီးလေးရေ ။
အမျိုးကောင်းသမီးလေးတို့ အသိတရား ဝင်နိုင်ကြပါစေ ။
“ဇွဲမေတ္တာမင်းထိုက်” ခုခေတ်သဘာဝအမြင်ဖြင့် ရေးသားသည်။
Zawgyi