အကိုအမတွေကို ကိုယ့်လိုလှစေချင်တဲ့စေတနာကတော့အဓိကပေါ့ထောပတ်စေ့ ရှိရင် စမ်းကြည့်နော်.

ထောပတ်စေ့ ရှိရင် စမ်းကြည့်နော်မျက်နှာမှာရှိတဲ့ ဝက်ခြံအဆီအဖုတွေ ပျောက်စေမယ့်ကိုယ်တိုင်သုံးနေတဲ့ ထောပတ်စေ့ ဆေးနည်းလေး မျှဝေပေးလိုက်ပါတယ်နော်..။

မနေ့ က ကိုယ့်အကိုတစ်ယောက်နဲ့ video callပြောရင်း ဒီပို့စ်လေးရေးဖို့စိတ်ကူးရတယ်ဆိုပါတော့ကိုယ့်အကိုအမတွေကို ကိုယ့်လိုလှစေချင်တဲ့စေတနာကတော့အဓိကပေါ့နော်။

ကိုယ့်သူငယ်ချင်းတွေနဲ့ ကိုယ့်အကိုအမတွေထဲမှာ မျက်နှာမှာ အဆီဖုလေးတွေ တင်းတိပ် မှဲ့ခြောက် ဝက်ခြံ နဲ့မျက်နှာအရေးအကြောင်းထင်တာတွေ တော်တော်များများတွေ့ရလို့ပါ။ထောပတ်စေ့အကြောင်းလေးမပြောခင် ကိုယ့်အကြောင်းကို အရင်ပြောပါစေ။ကိုယ်ကတောသူပီပီ နယ်မှာနေတဲ့တလျောက်လုံးသနပ်ခါးပဲလိမ်းပါတယ် ။

ရန်ကုန်ရောက်ပြီး၃နှစ်ကျော်ကာလလေးအတွင်းမှာ ကိုယ်ပိုင် Cosmetics ဝယ်လိမ်းဖူးတာဆိုလို့ Bellaပေါ်ပြီးတဲ့နောက်မှ စုစုပေါင်း၂ကြိမ်ရယ်ပါ။ဝယ်ဖြစ်ခဲ့တဲ့အကြောင်းရင်းကလဲ ခရီးသွားတဲ့အခါ ပေါ့ပေါ့ပါးပါးသယ်ရတာအဆင်ပြေလို့ပါ။ကျန်တဲ့ရုံးချိန်တွေမှာတော့ သနပ်ခါးပဲအများဆုံးလိမ်းဖြစ်ပြီးပွဲတွေရှိတဲ့အခါနဲ့စိတ်ရတဲ့အခါကျရင် ကိုယ့်အမရဲ့ Cosmetics တွေယူလိမ်းပါတယ် ။

သနပ်ခါးပဲလိမ်းလိမ်း မိတ်ကပ်ပဲလိမ်းလိမ်း ညဘက်အိမ်ပြန်ရောက်တဲ့အခါ ရေချိုးပြီးတာနဲ့အမြဲလိမ်းဖြစ်တဲ့အရာ ထောပတ်စေ့ရယ်ပါ ။ဝယ်ရတာလဲလွယ်ကူသလို အကုန်အကျလဲနဲတာမို့နေ့တိုင်းလိုလိုလိမ်းဖြစ်ပါတယ် ။

ဘယ်လိုလုပ်ပြီးလိမ်းရလဲဆိုတော့ ကိုယ်တို့ထောပတ်သီးစားကြတဲ့အခါအတွင်းသားလေးတွေယူလိုက်ရင် အထဲကအစေ့လေးကျန်ပါမယ် ။လူအများစုက ဒီထောပတ်စေ့တွေကို ဘယ်ဈေးကြီးတဲ့ Cosmetics မှဝယ်သုံးစရာမလိုပဲကိုယ်တို့မျက်နှာကိုအများကြီးလှသွားအောင်လုပ်ပေးနိုင်တယ်ဆိုတာ မသိတော့ အလွယ်တကူလွင့်ပစ်တတ်ကြတယ်။

အဲဒီအစေ့ကို မလွင့်ပစ်ပဲ အရင်ဆုံးအစေ့ပေါ်ကထောပတ်သီးအစလေးတွေကို စင်အောင်ရေဆေးပေးရပါတယ်ပြီးရင်သူ့ကိုနေလှမ်းထားလိုက်ပါ ။၂ရက်လောက်လှမ်းထားပြီးရင် ထောပတ်စေ့ပေါ်ကအပေါ်ခွံလေးကြွလာတဲ့အခါ ဖယ်ပစ်လိုက်ပါ ။ဘယ်လောက်ထိလှမ်းရလဲဆိုရင် ထောပတ်စေ့လေးအလယ်၂ခြမ်းကွဲပီး သံချေးရောင်ထပြီး အရမ်းကျွတ်ဆတ်ဆတ်လောက်ဖြစ်နေပြီဆိုရင်လိမ်းလို့ရပါပြီ။၃ပတ်နဲ့ ၄ပတ်ဝန်းကျင်လောက်လှမ်းရမယ်ထင်တယ်။

တခါတလေ အပေါ်ခွံသံချေးရောင်ဖြစ်နေပေမဲ့ အတွင်းအစိုဓာတ်မကုန်သေးရင် လိမ်းလို့မရသေးပါဘူး။လုံးဝခြောက်သွားပြီဆိုရင် တော့ ညတိုင်းအိပ်ခါနီးတိုင်း ခပ်ပါးပါးလေးသွေးလိမ်းလို့ရပြီ။သူ့မှာ သနပ်ခါးနဲ့တူတာတခုက ကိုယ်တို့သနပ်ခါးတုံးမှာ အပေါ်ကအပွေးတွေသွေးလိမ်းကြတဲ့အခါ အတွင်းခေါက်ထက်ပိုပြီးဝါဝါလေးနဲ့လှသလို ထောပတ်စေ့မှာလဲ သူ့အပေါ်ယံဘေးသားတွေက အတွင်းသားထက် အသားကိုပိုချောပြီးဝင်းပြောင်စေတယ်..။

ကိုယ်တခါတလေအိပ်ရေးပျက်တဲ့အခါမျိုးမှာ အဖုလေးတွေထွက်ရင် အပေါ်ယံလေးတွေချည်းသွေးလိမ်းရင် နောက်နေ့မနက်ထရင်လုံးဝပျောက်သွားပါတယ်။ယုံမလားတော့မသိဘူး ။အရမ်းသိသာတာတခုကအဆီဖုလေးတွေပါ။

ကိုယ်ကသနပ်ခါးလိမ်းတာများပေမဲ့ တခါတလေအဆီဖုလေးတွေ ထွက်တတ်ပါတယ်။ကိုယ်တော့ထောပတ်စေ့အားကိုးနဲ့ မျက်နှာကို တခြားဘာပစ္စည်းမှ ထွေထွေထူးထူးခုထိဝယ်မသုံးဖူးပါဘူး။

ကိုယ်မျက်နှာမှာ ထွက်သမျှဘာပဲလာလာ ထောပတ်စေ့ပဲသွေးလိမ်းပါတယ်။ပုံမှန်ဆို အတွင်းသားကိုသွေးလိမ်းပြီး ခရီးသွားလို့ အသားအရည်အရမ်းပျက်စီးတဲ့အခါ အပြင်သားတွေချည်းသွေးလိမ်းပါတယ်။လိမ်းပြီး နောက်နေ့မနက်မျက်နှာသစ်တာနဲ့ သိသိသာသာပြောင်းလဲတာပါ။အသိအမတယောက်ကို သူ့မျက်နှာမှာ တင်းတိပ်တွေတွေ့လို့ကိုယ်ညွှန်းလိုက်တော့အရေးအကြောင်းတွေပါ တော်တော်သက်သာ

တယ်လို့ပြောတယ်။အကိုတယောက်ကတော့ ဝက်ခြံတွေသက်သာတယ်လို့ပြောတယ်။ကိုယ့်ရဲ့ ကိုယ်တွေ့ကတော့ အဆီဖုလေးတွေ လုံးဝပျောက်သွားတယ်။

နောက်တခုက နေ့တိုင်းလိမ်းပါများလာရင် အသားအရည်လေးတွေတင်းပြီ..း။ ပါးလေးတွေ ဝင်းဝင်းပြောင်ပြောင်လေးဖြစ်လာတယ်အသားအရည်လေးကြည်ပြီး ဘာမှလိမ်းမထားရင်တောင် အလိုလိုကြည့်ကောင်းနေတာရယ်။

တခြားသဘာဝပစ္စည်းတွေလဲလိုင်းပေါ်မှာ မကြာခဏတွေ့ပေမဲ့ ဒီတခုကတော့ ကိုယ့်ကိုယ်တွေ့မို့ကိုယ့်အကိုအမတွေကို ခုလိုပိုက်ဆံအကုန်အကျသက်သာပြီး ဘာside effectမှမရှိပဲ သဘာဝအသီးတွေနဲ့ လှရအောင်ထောပတ်စေ့လေးကို စမ်းလိမ်း ကြည့်ပါလို့အကြံပြုပါရစေနော်။

Credit