ဦးရေပြားယားယံခြင်းကို ဖြေရှင်းပေးနိုင်မယ့်နည်းလမ်း..
သင်က ဗောက်ထခြင်းနဲ့ဦးရေပြားခြောက်သွေ့ခြင်းတွေကြောင့်ဖြစ်လာတတ်တဲ့ မကြာခဏခေါင်းယားယံတဲ့ ပြဿနာနဲ့ကြုံတွေ့နေရပါသလား။ ဒါဆိုရင်တော့ ဒီအကြောင်းအရာကသင့်အတွက်ပါပဲ။
အခုပြောပြပေးမယ့် အိမ်တွင်းကုသနည်းတွေထဲမှာ အချိန်ကုန်ငွေကုန်သက်သာစေပြီး ဦးရေပြားနဲ့ဆံသားကိုအားပြန်ဖြည့်ဖို့ ကိုယ်တိုင်အလွယ်တကူပြုလုပ်နိုင်မယ့် နည်းလမ်းကောင်းတွေပါဝင်ပါတယ်။ ဒီတော့ ပြုလုပ်ရမယ့် ပါဝင်ပစ္စည်းတွေနဲ့ နည်းလမ်းတွေကို ကြည့်လိုက်ရအောင်-
၁။ မုန့်ဖုတ်ဆိုဒါ
ခေါင်းယားခြင်းကိုကုသနိုင်မယ့် အလွယ်ကူဆုံးနည်းလမ်းတွေထဲကတစ်ခုကတော့ မုန့်ဖုတ်ဆိုဒါနဲ့ ရေရောပြီး အသုံးပြုခြင်းပဲဖြစ်ပါတယ်။ အသုံးမပြုခင် ဆံသားကို အရင်ဆုံး သံလွင်ဆီအနည်းငယ်လိမ်းပေးပါ။
ပြီးနောက် ရေနဲ့ရောဖျော်ထားတဲ့မုန့်ဖုတ်ဆော်ဒါအနှစ်ကို ယားယံနေတဲ့ဦးရေပြားနေရာတွေပေါ် အနည်းငယ်နှိပ်နယ်ပြီး လိမ်းပေးပါ။ လိမ်းပြီး ၁၀ (သို့) ၁၅ မိနစ်အကြာမှာရေနဲ့ဆေးချပြီးခေါင်းလျှော်နိုင်ပါတယ်။
၂။ ထောပတ်သီး နဲ့ ဌက်ပျောသီး
ထောပတ်သီးနဲ့ဌက်ပျောသီးမှာ ခြောက်သွေ့နေတဲ့ဦးရေပြားကို အာဟာရဓာတ်နဲ့အစိုဓာတ်တွေဖြည့်တင်း ပေးနိုင်တဲ့ အကျိုးအာနိသင်တွေပါဝင်ပါတယ်။
ဌက်ပျောသီးနှစ်လုံးနဲ့ ထောပတ်သီးတစ်လုံးကို သမအောင် ရောကြိတ်ပြီး ဦးရေပြားနဲ့ဆံသားအနှံ့လိမ်းပေးပါ။ ပြီးနောက် မိနစ် ၃၀ခန့်အကြာမှာ ရေဆေးချနိုင်ပါတယ်။ ဒီနည်းကိုတော့ ဦးရေပြားယားယံခြင်းတင်မကဘဲ ဆံသားပေါင်းတင်နည်းအဖြစ်လည်းအသုံးပြုနိုင်ပါတယ်။
၃။ ပန်းသီးရှာလကာရည်
ပန်းသီးရှာလကာရည်နဲ့ ရေကို ခွက်တစ်ခွက်ရဲ့လေးပုံတစ်ပုံခန့်စီယူပြီး ရောလိုက်ပါ။ ပြီးနောက် ရလာတဲ့ အရည်ကို စပရေးဘူးထဲထည့်ထားပြီး ဆံသားပေါ်ဖြန်းပေးပါ။ ဦးရေပြားကိုသေချာနှိပ်နယ်ပြီး ၁၅ မိနစ်ခန့် တဘက်နဲ့ပတ်ထားပြီးနောက် ရေပြန်ဆေးချနိုင်ပါတယ်။
၄။ သံပရိုရည်
နောက်ထပ်ပြုလုပ်ရလွယ်ကူပြီး ဦးရေပြားယားယံခြင်းကိုသက်သာစေတဲ့နည်းကတော့ သံပရိုရည်အသုံးပြုခြင်းပဲ ဖြစ်ပါတယ်။ ပြုလုပ်ရမှာကတော့ လတ်လတ်ဆတ်ဆတ်ညှစ်ထားတဲ့ သံပရိုရည် စားပွဲတင်ဇွန်းနှစ်ဇွန်းခန့်ကို
ဦးရေပြားရဲ့ယားယံတဲ့နေရာတွေမှာနှိပ်နယ်ပြီးလိမ်းပေးရမှာပါ။ ပြီးနောက်မှာတော့ ရေနဲ့စင်အောင်ဆေးချဖို့ လိုပါတယ်။ ဦးရေပြားမှာဒဏ်ရာရှိတဲ့သူတွေဆိုရင်တော့ သံပရိုရည်က အရေပြားစပ်ဖျင်းဖျင်းဖြစ်စေတာကြောင့် အသုံးမပြုသင့်ပါဘူး။
၅။ လက်ဖက်အဆီ (Tea Tree Oil)
လက်ဖက်အဆီက ခြောက်သွေ့ယားယံပြီး ဗောက်ထနေတဲ့ ဦးရေပြားကို သက်သာအောင်ကူညီပေးနိုင်ပါတယ်။ ကလေးသုံးခေါင်းလျှော်ရည်အနည်းငယ်၊ လက်ဖက်အဆီ ၁၀ (သို့) ၁၅ စက်နဲ့အတူ ပုံမှန်သုံးနေကျ ခေါင်းလျှော်ရည်တို့နဲ့ ရောမွှေပြီး အသုံးပြုပေးရမှာဖြစ်ပါတယ်။
ဒါမှမဟုတ် လက်ဖက်အဆီ (၃) စက်ကို အသီးအရွက်အဆီ စားပွဲတင်ဇွန်းတစ်ဇွန်းနဲ့ ရောပြီး ဦးရေပြားကိုနှိပ်နယ်ပေးခြင်းကလည်း မွှေးညှင်းပေါက် အညစ်အကြေးပိတ်ဆို့ခြင်းကိုတားဆီးပေးပြီး ယားယံခြင်းကိုသက်သာစေနိုင်ပါတယ်။
၆။ Jojoba Oil
Jojoba Oil ကိုဆံပင်အပြင် အသားအရေနူးညံ့ချောမွေ့ခြင်းအတွက်ပါအသုံးပြုနိုင်တဲ့ အဆီတစ်မျိုးအဖြစ် လူသိများပါတယ်။ သူက ခြောက်သွေ့နေတဲ့ဦးရေပြားကိုသက်သာစေပြီး ဆံသားအစိုဓာတ်ကိုထိန်းပေးနိုင်တဲ့ သဘာဝပစ္စည်းတစ်မျိုးဖြစ်ပါတယ်။
Jojoba Oil ပမာဏအသင့်အတင့်ကို ဦးရေပြားအနှံသုတ်လိမ်းပြီး မိနစ်အနည်းငယ်နှိပ်နယ်ပေးပါ။ ဒီနည်းအတိုင်း တစ်ပတ်တစ်ခါအသုံးပြုပေးနိုင်ပါတယ်။
၇။ ရှားစောင်းလက်ပတ်
ရှားစောင်းလက်ပတ်က ကိုယ်ခန္ဓာအစိတ်အပိုင်းမျိုးစုံအတွက် အသုံးဝင်တဲ့သဘာဝပစ္စည်းဖြစ်တာကြောင့် ခေါင်းယားယံခြင်း သက်သာစေဖို့လည်း ကူညီပေးနိုင်ပါတယ်။
ရှားစောင်းလက်ပတ်ကရရှိတဲ့ ဂျယ်လ်ကို ယားယံနေတဲ့ ဦးရေပြားပေါ်တိုက်ရိုက်သုတ်လိမ်းပေးပါ။ အသုံးပြုပြီးနောက် ခေါင်းမလျှော်ချခင်မှာ မိနစ် ၃၀ခန့်အထိ လိမ်းထားနိုင်ပါတယ်။
Credit