လက်သည်းကို အိမ်မှာ ဘယ်လိုဂရုစိုက်မလဲ
လက်သည်းရဲ့ အလှပဟာလည်း အမျိုးသမီး တို့အတွက် အရေးပါတဲ့ အလှပတစ်ခုဖြစ်ပါတယ်။ လက်သည်း တွေ မကြာခဏကျိုးလို့၊ လက်သည်းမကြာခဏ ပဲ့နေတတ်လို့ စိတ်ညစ်နေတဲ့သူတွေအတွက် မိမိ အိမ် မှာ လက်သည်း ကို အလွယ်တကူ ဂရိုစုက်လို့ရမယ့် နည်းလမ်းတွေကိုမျှဝေပေးချင်ပါတယ်။
၁။ လက်သည်း အရမ်းရှည်လာရင် ညှပ်လိုက်ပါ။
လက်သည်း အရမ်းရှည်ရှည်ထားတာဟာ သင့်အတွက်မကောင်းပါဘူး။ ဒါ့ကြောင့် လက်သည်းအရမ်းအရှည်မထားဘဲ ပုံမှန်လေး ညှပ်ပေးရပါမယ်။ ညှပ်တဲ့အခါမှာလည်း လက်သည်း ကို ပုံကျအောင် ပြန်ပြီး တိုက်စားပေးဖို့လိုအပ်ပါတယ်။
၂။ လက်သည်း ကို သန့်ရှင်းပါ
လက်သည်း နားမှာကပ်ညှိနေတဲ့ အညစ်အကြေး တွေ၊ အစွန်းအထင်းတွေကို ဖယ်ရှားရပါမယ်။
အဲဒီအတွက် သံပုရာသီး (သို့) သံပုယိုသီး ကိုအသုံးပြုပေးနိုင်ပါတယ် ။ သံပုရာသီး ကို လက်သည်း နဲ့.. ဒီအတိုင်းပွတ်ပေးလို့လည်းရသလို၊ သံပုရာရည် ကို ခွက် တစ်လုံးထဲညှစ်ထည့်ပြီး လက်သည်း ကို စိမ်ပေးထားလို့ရပါတယ်။ ပြီးရင် ၃ မိနစ် (သို့) ၅ မိနစ်လောက်ထားပြီး ရေဆေးချလိုက်ပါ။
၃။ သံလွင်ဆီ သုံးမယ်
သံလွင်ဆီ ကို အပူပေးလိုက်ပါ။ပြီးရင် နည်းနည်းအအေးခံပြီး လက်သည်း ကို ၁၅ မိနစ်လောက်စိမ်ထားပေးပါ။ လက်သည်းပြန်ပြီး စိုပြေစေဖို့ဖြစ်ပါတယ်။ တစ်ရက်ခြားတစ်ခါ လုပ်ပေးနိုင်ပါတယ်။
Zawgyi
လက္သည္း ကို အိမ္ မွာ ဘယ္လိုဂရုစိုက္မလဲ
လက္သည္းရဲ႕ အလွပဟာလည္း အမ်ိဳးသမီး တို႔အတြက္ အေရးပါတဲ့ အလွပတစ္ခုျဖစ္ပါတယ္။ လက္သည္း ေတြ မၾကာခဏက်ိဳးလို႕၊ လက္သည္းမၾကာခဏ ပဲ့ေနတတ္လို႔ စိတ္ညစ္ေနတဲ့သူေတြအတြက္ မိမိ အိမ္ မွာ လက္သည္း ကို အလြယ္တကူ ဂရုိစုက္လို႔ရမယ့္ နည္းလမ္းေတြကိုမွ်ေဝေပးခ်င္ပါတယ္။
၁။ လက္သည္း အရမ္းရွည္လာရင္ ညွပ္လိုက္ပါ ။
လက္သည္း အရမ္းရွည္ရွည္ထားတာဟာ သင့္အတြက္မေကာင္းပါဘူး။ ဒါ့ေၾကာင့္ လက္သည္းအရမ္းအရွည္မထားဘဲ ပံုမွန္ေလး ညွပ္ေပးရပါမယ္။ ညွပ္တဲ့အခါမွာလည္း လက္သည္း ကို ပံုက်ေအာင္ ျပန္ၿပီး တိုက္စားေပးဖို႔လိုအပ္ပါတယ္။
၂။ လက္သည္း ကို သန္႔ရွင္းပါ
လက္သည္း နားမွာကပ္ညွိေနတဲ့ အညစ္အေၾကး ေတြ၊ အစြန္းအထင္းေတြကို ဖယ္ရွားရပါမယ္။
အဲဒီအတြက္ သံပုရာသီး (သို႔) သံပုယိုသီး ကိုအသံုးျပဳေပးႏိုင္ပါတယ္။ သံပုရာသီး ကို လက္သည္း နဲ႔ ဒီအတိုင္းပြတ္ေပးလို႔လည္းရသလို၊ သံပုရာရည္ ကို ခြက္ တစ္လံုးထဲညွစ္ထည့္ၿပီး လက္သည္း ကို စိမ္ေပးထားလို႔ရပါတယ္။ ၿပီးရင္ ၃ မိနစ္ (သို႔) ၅ မိနစ္ေလာက္ထားၿပီး ေရေဆးခ်လိုက္ပါ။
၃။ သံလြင္ဆီ သံုးမယ္
သံလြင္ဆီ ကို အပူေပးလိုက္ပါ။ၿပီးရင္ နည္းနည္းအေအးခံၿပီး လက္သည္း ကို ၁၅ မိနစ္ေလာက္စိမ္ထားေပးပါ။ လက္သည္းျပန္ၿပီး စိုေျပေစဖို႔ျဖစ္ပါတယ္။ တစ္ရက္ျခားတစ္ခါ လုပ္ေပးႏိုင္ပါတယ္။



