ကြက်ဟင်းခါးသီးဆိုတာ သိကြတဲ့အတိုင်း ခါးတဲ့အရသာရှိပြီး ကျန်းမာရေးအတွက်များစွာအသုံးဝင်လို့ အချို့သော ဆေးတွေမှာလည်း ၎င်းဓာတ်ကို ထည့်သွင်းနေကြတာဖြစ်ပါတယ်။ဘာတွေများ အသုံးဝင်တာလဲ ကြက်ဟင်းခါးသီးက ?
ဆီးချိုရောဂါ
ကြက်ဟင်းခါးသီးကိုဆီးချိုကျဆေးတွေမှာအသုံးများပြီးကြက်ဟင်းခါးသီးဖျော်ရည်ကို ပုံမှန်သောက်ပေးမယ်ဆိုပါက ဆီးချိုဖြစ်ခြင်းကို တားဆီးပေးပါတယ်။ တခြားမည်သည့်ဆေးမှ မသောက်ရပဲ အင်ဆူလင်ခံနိုင်ရည်ကိုလည်း တိုးမြှင့်စေပါတယ်။
အသည်းရောဂါ…
အသည်းရောင်ရောဂါကာကွယ်တဲ့ဓာတ်တွေပါတဲ့ ကြက်ဟင်းခါးသီးက အသည်းကျန်းမာရေးကို များစွာအထောက်အကူပြုပါတယ် ။ အသည်းမှ စစ်ထုတ်မှုကို ပိုကောင်းစေပြီး သွေးတွင်းသန်းရှင်းဖို့ကူညီပေးကာ အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးပါတယ်။အသည်းပုံမှန် အလုပ်လုပ်ရင် အဝလွန်ခြင်းကိုလျော့ကျစေပြီး နှလုံးအားနည်းခြင်း ၊ အာရုံကြောအားနည်းခြင်း ၊ ခေါင်းကိုက်ခြင်း ၊ အစာမကျေခြင်း နှင့်အခြားသောရောဂါအချို့ဖြစ်နိုင်မှာ မဟုတ်ပါဘူး ။
အာရုံကြော…
ကြက်ဟင်းခါးသီးပုံမှန်စားပေးပါက အာရုံကြောစနစ်ကောင်းမွန်စေပြီး ပြင်ပရောဂါတွေကိုလည်း ခုခံနိုင်စေပါတယ်။ ၎င်းတွင်ပါရှိတဲ့ antioxidant ကလည်း ရာသီအကူးအပြောင်း အအေးမိဖျားနာခြင်းကိုလည်း တားဆီးပေးနိုင်ပါတယ်။
Antioxidant ဆိုတာ ခန္ဓာကိုယ်တွင်းရှိ အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး ကိုယ်တွင်းရှိဆဲလ်တွေကို ပုံမှန်ဖွံ့ဖြိုးစေပါတယ်။ ကြက်ဟင်းခါးသီး ဖျော်ရည်က nicotine အလွှာကို သန့်ရှင်းစေပြီး ဆေးလိပ်သောက်တဲ့လူတွေဆီကို သက်ရောက်တဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။
အသားအရည်…
ကြက်ဟင်းခါးသီးဖျော်ရည်က အရည်ပြားအပေါ်လွှာရှိ အညစ်အကြေးများကို သန့်စင်ပေးလို့ အသားဝင်းပစေကာ အရည်ပြားအိုမင်းမှုကို တားဆီးပေးပြီး သွေးသန့်စင်မှုကိုလည်း ထောက်ပံ့ပေးပါသေးတယ်။
ကိုယ်အလေးချိန်ကျစေခြင်း…
ကိုယ်အလေးချိန်ကျဖို့ အကောင်းဆုံးက ကြက်ဟင်းခါးသီးပါ။ ၎င်းဖျော်ရည်က အမျှင်ဓာတ်ကြွယ်ဝကာ carbohydrate နဲ့ caloryပါဝင်မှုလည်း နည်းပါးပါတယ် ။ဒါကြောင့် diet လုပ်နေတဲ့ လူတွေအတွက်အထူးသင့်လျော်တဲ့ ဆေးစွမ်းတစ်လက်ဖြစ်ပါတယ်။
လက်ဖက်ရည်အဖြစ် လုပ်သောက်နည်း…
ကြက်ဟင်းခါးသီး ၄ စိတ်လောက်ကို ရေနွေးပူပူထဲ ၅မိနစ်ခန့်စိမ်ပြီးနောက် တစ်နေ့ကို နှစ်ကြိမ်အထိသောက်နိုင်ပါတယ်။
သံကောင်တုပ်ကောင်ကျစေရန်…
ကြက်ဟင်းခါးသီးမှာ anthelmintic ဒြပ်ပေါင်းပါဝင်ပြီး ၎င်းဓာတ်က ကိုယ်တွင်း သံကောင်တွေကို သေစေနိုင်ပါတယ်။ ကြက်ဟင်းခါးသီးဖျော်ရည်ကို အစာမစားခင် ခွက်တစ်ဝက်လောက် တစ်ပါတ်ခန့်သောက်သုံးပေးပါ ။ နောက်တစ်နည်းက ၎င်းအစေ့ ၅စေ့မှ ၁၀စေ့ လောက်ကို ထောင်းပြီး အခြောက်ခံ အမှုန့်လုပ်ပြီး တစ်နေ့နှစ်ကြိမ် အနည်းငယ် လျက်သားပေးနိုင်ပါတယ်။
အရက်နာကျခြင်း…
ကြက်ဟင်းခါးမှုန့် ၃ ဇွန်းလောက်ကို နို့ထောပါတ်တစ်ခွက်စာနဲ့ရောပြီး အစာမစားခင် သောက်ပေးမယ်ဆိုပါက အရက်နာကျခြင်းကိုပျောက်ကင်းစေရုံသာမကအရက်ကြောင့်အသည်းပျက်စီးခြင်းကိုလည်း ပျောက်ကင်းစေပါတယ်။
ဆံသားနှစ်ခွဖြစ်ခြင်း…
ဆံပင်နှစ်ခွတွေအတွက် ကြက်ဟင်းခါးဖျော်ရည်ကို တစ်ပါတ် နှစ်ကြိမ် လိမ်းပေးမယ်ဆိုပါက သက်သာပျောက်ကင်းစေပါတယ် ။
ဝက်ခြံ…
ကြက်ဟင်းခါးသီးအခွံခွာပြီး ၎င်းအခွံကို အရည်ညှစ်ပါ။ ပြီးနောက် ဂွမ်းတံနဲ့ ၎င်းအရည်ကို စုပ်ယူစေပြီး ဝက်ခြံရှိရာ မျက်နှာတစ်ဝှိုက်ကို လိမ်းပေးနိုင်ပါတယ် ။ သေသေချာချာ လိမ်းပေးပြီးပါက ၁၅မိနစ် ခန့် ထားပေးပြီး ရေအေးအေးဖြင့် ပြန်လည်ဆေးကြော သန့်စင်နိုင်ပါပြီ ။
Credit – mingalarbarmorning
Zawgyi ဖြင့်ဖတ်ပါ
ဆီးချိုရောဂါ…
အသည်းရောဂါ…
အာရုံကြော…
အသားအရည်…
အရက်နာကျခြင်း…
ဝက်ခြံ…



