Knowledge

အမျိုးသမီးတိုင်း သိထားသင့်တဲ့” ရင် ၃ ရင် နဲ့ စီ ၃ စီ”

အမျိုးသမီးတိုင်း သိထားသင့်တဲ့…” ရင် ၃ ရင် နဲ့ စီ ၃ စီ”

မင်္ဂလာပါ အမျိုးသမီးတို့… အမျိုးသမီးတိုင်း ကိုယ်ပိုင် ဝင်ငွေရှိနေကြမယ်လို့ မျှော်လင့်ပါတယ်။ ကိုယ်တွေရဲ့ ဝင်ငွေနဲ့ စီးပွားရေးကတော့ မကောင်းပါဘူးလို့ တွေးနေမိရင်လည်း ” ပန်းတိုင်ရောက်နေသူတွေရဲ့ ဒူးခေါင်းတွေမှာ ဒဏ်ရာတွေ ရှိစမြဲ” ဆိုသလို ကျရှုံး

ခြင်းတွေ ကျော်ဖြတ်နိုင်မှ အောင်မြင်ခြင်း လမ်းစကို ဆုတ်ကိုင် နိုင်မှာပါ။

ဆယ်ကျော်သက် မိန်းကလေးတွေ။ အိမ်ထောင်ပြုတော့မယ့် အမျိုးသမီးတွေ။ အိမ်ရှင်မတွေ။ ကလေးအမေတွေ။ လူလွတ်တွေ အားလုံး ဝင်ငွေရှိနေဖို့တော့ လိုနေပါပြီနော်။

ကိုယ်ပိုင်ဝင်ငွေ ဆိုတာ နည်းတယ် များတယ် ရွေးချယ်စရာ မလိုပါဘူး။ ဒီနှစ် နည်းနေရင် နောက်နှစ် ပိုများလာမယ်။ နောက်နှစ် နောက်နှစ်များစွာကို ဖြတ်သန်းပြီးရင် ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို ရောက်ရှိလာမှာမို့ ဒီနေ့လုပ်ရမယ့် အလုပ်က ဝင်ငွေတစ်ခု ရှိနေဖို့ ပါပဲ။

ကျွန်မပြောနေတာ ကိုယ်ပိုင် ဝင်ငွေနော်… ရော့ ခဏယူ မရှိတဲ့ အခါ ပြန်ပေးဆိုတဲ့ ” မြင်သာမြင် မကြင်ရ ” ငွေမဟုတ်ဘူး။ ရော့ ရသမျှလစာ အကုန်ပဲ။ ကျန်တာ ကြည့်စီစဉ် ဆိုတဲ့ ” စိုက်သုံး” ငွေ မဟုတ်ဘူး။

ရော့ မွေးနေ့လက်ဆောင် ဆွဲကြိုး ၊ နောက်မှ အပေါင်ဆိုင်ပို့မယ် ဆိုတဲ့ ” ငွေယား” မဟုတ်ဘူး။

ကိုယ်ကြိုက်မိတဲ့ ပစ္စည်း မှန်သမျှ ဝယ်နိုင်မယ်။ ကိုယ့်သားသမီးအတွက် လိုအပ်တာမှန်သမျှဝယ်နိုင်မယ်။ ကိုယ့်မိဘအတွက် စိတ်ထဲရှိတိုင်း ကန်တော့နိုင်မယ်။ နောက်ဆုံး… လောကကြီးမှာ ရှင်သန်နေရတဲ့ တန်ဖိုး ဆိုတာ တစ်ခုကို ပြသနိုင်မယ့် ကိုယ်ပိုင်ဝင်ငွေ တစ်ခု။

မဖြစ်နိုင်ဘူး။ မဖြစ်နိုင်ဘူး။ မဖြစ်နိုင်ဘူး။ ဝင်ငွေရှိဖို့ အလုပ်လုပ်တယ် ဆိုတာ ကျွန်မအတွက် လုံးဝ မဖြစ်နိုင်ဘူး ဆိုရင်လည်း တခုတော့ မှတ်ထား လိုက်ပါ။

ဘယ်မိန်းမမှ သာသာယာယာနဲ့ ကံတွေဇွတ်ကောင်းလွန်းလို့ ဝင်ငွေရှိနေကြတာ မဟုတ်ပါဘူး ဆိုတာ ကိုပါ။

အိမ်ထောင်ရှင် မိန်းမတယောက် အလုပ်လုပ်ဖို့အတွက်… ရင် ၃ ရင် နဲ့ စီ ၃ စီ လိုမယ် အကြမ်း မှတ်ထားလိုက်။

ပတ်ဝန်းကျင်ကို ရင်ဆိုင်ရတယ်။ ယောကျားတွေကို ရင်ဆိုင်ရတယ်။ လင်ကို ရင်ဆိုင်ရတယ်။

သားသမီးအတွက် စီမံ ခန့်ခွဲရတယ်။ အချိန်ကို စီမံ ခန့်ခွဲရတယ်။ ငွေကို စီမံ ခန့်ခွဲတတ်ရတယ်။

ဒီတော့… စဉ်းစားဆုံးဖြတ်ပီး ကိုယ့်အနာဂတ်ကိုယ် သေသေချာချာ ရွေးချယ်ပါနော်။ အလုပ်လုပ်တယ် ဆိုတာ ဓာတ်ပုံထဲမှာတော့ သာသာယာယာပဲ ရှင့်။

နေ့စဉ် ဘဝမှာတော့… ကိုယ့်ရဲ့ အရည်အချင်းနဲ့ လုပ်နိုင်စွမ်းကို နေ့တိုင်းစမ်းသပ် အဖြေထုတ်နေရတဲ့ ဓာတ်ခွဲခန်း တစ်ခုလို ပါပဲ။

ကိုယ့်ဘဝအတွက်… စမ်းသပ်ခန်း အဖြေက မကောင်းဘူးလား။ အနည်းဆုံး ကုသဖို့ နည်းလမ်း တွေ့နိုင် ပါတယ်နော်။

ဒီလိုမှ မဟုတ်။ ကိုယ့်အဆင့်က အဖြေ ရှာမတွေ့တဲ့ အခြေအနေ ဆိုရင်တော့…သူငယ်ချင်းရေ… ရှင် အနာဂတ်က လမ်းပျောက်နေတာ သေချာနေပြီပေါ့ရှင်။

ပြန်လည်မျှဝေပါသည်…မူရင်းရေးသားသူ KYIKYI အား လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။

Zawgyi

အမ်ိဳးသမီးတိုင္း သိထားသင့္တဲ့…” ရင္ ၃ ရင္ နဲ႕ စီ ၃ စီ”

မဂၤလာပါ အမ်ိဳးသမီးတို႔… အမ်ိဳးသမီးတိုင္း ကိုယ္ပိုင္ ဝင္ေငြရွိေနၾကမယ္လို႔ ေမွ်ာ္လင့္ပါတယ္။ ကိုယ္ေတြရဲ႕ ဝင္ေငြနဲ႕ စီးပြားေရးကေတာ့ မေကာင္းပါဘူးလို႔ ေတြးေနမိရင္လည္း ” ပန္းတိုင္ေရာက္ေနသူေတြရဲ႕ ဒူးေခါင္းေတြမွာ ဒဏ္ရာေတြ ရွိစၿမဲ” ဆိုသလို က်ရႈံးျခင္းေတြ ေက်ာ္ျဖတ္နိုင္မွ ေအာင္ျမင္ျခင္း လမ္းစကို ဆုတ္ကိုင္ နိုင္မွာပါ။

ဆယ္ေက်ာ္သက္ မိန္းကေလးေတြ။ အိမ္ေထာင္ျပဳေတာ့မယ့္ အမ်ိဳးသမီးေတြ။ အိမ္ရွင္မေတြ။ ကေလးအေမေတြ။ လူလြတ္ေတြ အားလုံး ဝင္ေငြရွိေနဖို႔ေတာ့ လိုေနပါၿပီေနာ္။

ကိုယ္ပိုင္ဝင္ေငြ ဆိုတာ နည္းတယ္ မ်ားတယ္ ေ႐ြးခ်ယ္စရာ မလိုပါဘူး။ ဒီႏွစ္ နည္းေနရင္ ေနာက္ႏွစ္ ပိုမ်ားလာမယ္။ ေနာက္ႏွစ္ ေနာက္ႏွစ္မ်ားစြာကို ျဖတ္သန္းၿပီးရင္ ကိုယ္လိုခ်င္တဲ့ ပန္းတိုင္ကို ေရာက္ရွိလာမွာမို႔ ဒီေန႕လုပ္ရမယ့္ အလုပ္က ဝင္ေငြတစ္ခု ရွိေနဖို႔ ပါပဲ။

ကြၽန္မေျပာေနတာ ကိုယ္ပိုင္ ဝင္ေငြေနာ္… ေရာ့ ခဏယူ မရွိတဲ့ အခါ ျပန္ေပးဆိုတဲ့ ” ျမင္သာျမင္ မၾကင္ရ ” ေငြမဟုတ္ဘူး။ ေရာ့ ရသမွ်လစာ အကုန္ပဲ။ က်န္တာ ၾကည့္စီစဥ္ ဆိုတဲ့ ” စိုက္သုံး” ေငြ မဟုတ္ဘူး။

ေရာ့ ေမြးေန႕လက္ေဆာင္ ဆြဲႀကိဳး ၊ ေနာက္မွ အေပါင္ဆိုင္ပို႔မယ္ ဆိုတဲ့ ” ေငြယား” မဟုတ္ဘူး။

ကိုယ္ႀကိဳက္မိတဲ့ ပစၥည္း မွန္သမွ် ဝယ္နိုင္မယ္။ ကိုယ့္သားသမီးအတြက္ လိုအပ္တာမွန္သမွ်ဝယ္နိုင္မယ္။ ကိုယ့္မိဘအတြက္ စိတ္ထဲရွိတိုင္း ကန္ေတာ့နိုင္မယ္။ ေနာက္ဆုံး… ေလာကႀကီးမွာ ရွင္သန္ေနရတဲ့ တန္ဖိုး ဆိုတာ တစ္ခုကို ျပသနိုင္မယ့္ ကိုယ္ပိုင္ဝင္ေငြ တစ္ခု။

မျဖစ္နိုင္ဘူး။ မျဖစ္နိုင္ဘူး။ မျဖစ္နိုင္ဘူး။ ဝင္ေငြရွိဖို႔ အလုပ္လုပ္တယ္ ဆိုတာ ကြၽန္မအတြက္ လုံးဝ မျဖစ္နိုင္ဘူး ဆိုရင္လည္း တခုေတာ့ မွတ္ထား လိုက္ပါ။

ဘယ္မိန္းမမွ သာသာယာယာနဲ႕ ကံေတြဇြတ္ေကာင္းလြန္းလို႔ ဝင္ေငြရွိေနၾကတာ မဟုတ္ပါဘူး ဆိုတာ ကိုပါ။

အိမ္ေထာင္ရွင္ မိန္းမတေယာက္ အလုပ္လုပ္ဖို႔အတြက္… ရင္ ၃ ရင္ နဲ႕ စီ ၃ စီ လိုမယ္ အၾကမ္း မွတ္ထားလိုက္။

ပတ္ဝန္းက်င္ကို ရင္ဆိုင္ရတယ္။ ေယာက်ားေတြကို ရင္ဆိုင္ရတယ္။ လင္ကို ရင္ဆိုင္ရတယ္။

သားသမီးအတြက္ စီမံ ခန႔္ခြဲရတယ္။ အခ်ိန္ကို စီမံ ခန႔္ခြဲရတယ္။ ေငြကို စီမံ ခန႔္ခြဲတတ္ရတယ္။

ဒီေတာ့… စဥ္းစားဆုံးျဖတ္ပီး ကိုယ့္အနာဂတ္ကိုယ္ ေသေသခ်ာခ်ာ ေ႐ြးခ်ယ္ပါေနာ္။ အလုပ္လုပ္တယ္ ဆိုတာ ဓာတ္ပုံထဲမွာေတာ့ သာသာယာယာပဲ ရွင့္။

ေန႕စဥ္ ဘဝမွာေတာ့… ကိုယ့္ရဲ႕ အရည္အခ်င္းနဲ႕ လုပ္နိုင္စြမ္းကို ေန႕တိုင္းစမ္းသပ္ အေျဖထုတ္ေနရတဲ့ ဓာတ္ခြဲခန္း တစ္ခုလို ပါပဲ။

ကိုယ့္ဘဝအတြက္… စမ္းသပ္ခန္း အေျဖက မေကာင္းဘူးလား။ အနည္းဆုံး ကုသဖို႔ နည္းလမ္း ေတြ႕နိုင္ ပါတယ္ေနာ္။

ဒီလိုမွ မဟုတ္။ ကိုယ့္အဆင့္က အေျဖ ရွာမေတြ႕တဲ့ အေျခအေန ဆိုရင္ေတာ့…သူငယ္ခ်င္းေရ… ရွင္ အနာဂတ္က လမ္းေပ်ာက္ေနတာ ေသခ်ာေနၿပီေပါ့ရွင္။

ျပန္လည္မွ်ေဝပါသည္…မူရင္းေရးသားသူ KYIKYI အား ေလးစားစြာျဖင့္ ခရက္ဒစ္ေပးပါသည္