ဗောက်ထတာက များလာလေ စိတ်ညစ်စရာ ကောင်းလေပါပဲ။ ဒါကြောင့် အရမ်းများမလာခင်မှာ သက်သာပျောက်ကင်းအောင် လုပ်သင့်ပါတယ်။
ဗောက်အတွက်ဆိုရင် သံပယိုသီးက အကောင်းဆုံးပါပဲ..။
ဒါကြောင့် သံပယိုသီးနဲ့ ဗောက်ပျောက်အောင်လုပ်လို့ရတဲ့ နည်းလမ်း ၄ မျိုးကို မျှဝေပေးလိုက်ပါတယ်။
ကိုယ်အဆင်ပြေတဲ့ နည်းလမ်းတစ်မျိုးကို ရွေးလုပ်ရုံပါပဲ။
သံသယိုသီးနဲ့ဇီးဖြူသီး
ပထမနည်းလမ်းကတော့ သံပယိုရည်နဲ့ ဇီးဖြူသီးအရည်ကို ဆတူရောပြီး ဂွမ်းလုံးလေးနဲ့ယူကာ ဦးရေပြားကို ပွတ်ပေးပါ။
ဖြေးဖြေးချင်းစီ နှံ့အောင်ပွတ်ပေးပါ။ ပြီးရင် မိနစ် ၃၀ ထားပြီး ခေါင်းလျှော်လိုက်ရုံပါပဲ။ အပတ်တိုင်းလုပ်ပေးရင် ဗောက်တွေ သက်သာပျောက်ကင်းစေပါတယ်။
သံပယိုသီးနဲ့ဒိန်ချဉ်
ဒိန်ချဉ် – စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ သံပယိုရည် – ၁ ဇွန်းကို ရောမွှေပြီး ဦးရေပြားအနှံ့ လိမ်းပေးရမှာပါ။
မိနစ် ၃၀ လောက်ထားပြီးရင် Mild ဖြစ်တဲ့ Shampoo နဲ့ ခေါင်းပြန်လျှော်ပေးပါ။
အပတ်တိုင်းလုပ်ပေးရင် ဗောက်တွေ.. သက်သာပျောက်ကင်းစေပါတယ်။
သံပယိုရည်နဲ့ပျားရည်
သံပယိုရည် – နည်းနည်းနဲ့ ပျားရည် – စားပွဲတင်ဇွန်း ၃ ဇွန်းကို ရောမွှေပြီး ဦးရေပြားအနှံ့ ပွတ်လိမ်းထားပါ။
မိနစ် ၂၀ လောက်ထားပြီးရင် ခုနကလိုပဲ Mild ဖြစ်တဲ့.. Shampoo နဲ့ ခေါင်းလျှော်ပေးပါ။
၄ ရက် တစ်ကြိမ် ပုံမှန်လုပ်ပေးရင် ဗောက်တွေ သက်သာပျောက်ကင်းပြီး ဦးရေပြားယားယံတာ၊ ဦးရေပြား ခြောက်သွေ့တာတွေကိုလည်း သက်သာစေပါတယ်။
သံပယိုရည်နဲ့ကြက်ဥ
သံပယိုရည်နဲ့ ကြက်ဥတစ်လုံးကို ရောခလောက်ပြီး ဦးရေပြားကို ပွတ်လိမ်းထားပါ။
မိနစ် ၃၀ ထားပြီးမှ Mild ဖြစ်တဲ့ Shampoo နဲ့ ခေါင်းလျှော်ပေးပါ..။
ဦးရေပြားမှာရှိတဲ့ Dead Cells တွေကို ဖယ်ရှားပေးပြီး ဗောက်လည်း သက်သာစေပါတယ်။ခရက္ဒစ္