Knowledge

ဈေးကြီးတဲ့ သဇင်ပန်းကို စီးပွားဖြစ်‌ အောင်မြင်စွာ စိုက်နိုင်မယ့် လျှို့ဝှက်နည်းလမ်းများ..

အန်တီ စိန်မမမောင်ရဲ့ သဇင်ပန်းစိုက်နည်း၊ ဖွားစိန် သဇင်စိုက်နည်းလေးပြောပြမယ်နော် ဝယ်ရတဲ့သဇင်တွေက တောဥတွေ ဆိုတော့.. တလုံးချင်းရအောင် အရင်သန့်ရတယ်။ ရလာတဲ့သဇင်ဥလေးတွေကို အမြစ်ညှပ်
ပေးရတယ်။

တုံးတိကြီးတော့ မဟုတ်ဘူးနော် ညှပ်ထားပြီးသား ဥလေးတွေကို သွားထိုးတံလေးနဲ့ သဇင်ဥရဲ့ သုံးချိုးတစ်ချိုးလောက်ကနေ ထိုးပြီး ရေချထားတဲ့ သဇင်တိုင်ပေါ်မှာ ခပ်ထောင်ထောင်လေး စိုက်လိုက်တယ်လေ..။

ဖွားစိန်ကတော့ ဘိုးမောင်တီထွင်ပေးတဲ့ ပန်းစိုက်ခုံလေးနဲ့လဲပြီ..း ထိုင်စိုက်ပါတယ်။ တိုင်ကအနည်းဆုံး ၁၃၀ လောက်စိုက်ရတာမို့ သက်သာတယ်လေ။ နည်းနည်းစိုက်သူတွေကတော့ မတ်တပ်ရပ် စိုက်လို့ရပါတယ်။ သဇင်ဥကိုလည်း တုတ်ထိုးမထားဘဲ တခါထဲစိုက်လို့ရတယ်နော်။

သဇင်တိုင်နဲ့ဆေး အသုံးပြုတာလေးလည်း သိချင်ကြတယ်ဆိုလို့ ပြောပြအုံးမယ်နော်။ ဖွားစိန်က သဇင်တွေအများကြီးစိုက်ချင်တော့ တိုင်လုပ်တဲ့သူကိုလည်း အပိုင်မွေးထား ရတယ်လေ။ ရောက်လာတဲ့တိုင်တွေမှာက အုန်းမွှေးတွေနဲ့မသပ်ရပ်ဘူးလေ။

ဖွားစိန်ကတော့ အားတဲ့အချိန်လေး ခြံထဲဆင်းပြီး ကတ်ကျေးလေးနဲ့ညှပ်လိုက်တယ်။ တိုင်တွေကို မစိုက်ခင် အုန်းအညိုရေတွေ ကျသွားအောင် ရေနာနာလောင်းထားရတယ် ဖွားစိန်က စီးပွားဖြစ်စိုက်တော့ အုန်းတိုင်တွေကို မှိုဆေးဖြန်းလိုက်တယ်။

စိုက်မဲ့နေ့ကျတော့ သန့်စင်ပြီး သဇင်တွေကို မြစ်ပွားဆေးလေးစိမ်တယ်။ ရေတဂါလံကို ၅၊ ၆ စက်လောက်ထည့်ရင် ရပါပြီ သဇင်တွေကို တိုင်ပေါ်စိုက်ပြီးရင်တော့ ၅ ရက် တပတ် ရေမလောင်းဘဲထားလိုက်ပါ ။သွားထိုးတံနဲ့ထိုးထားတဲ့ဆီက ရေဝင်ပြီး ပုတ်တတ်လို့ပါ။ ထင်နေတတ်ကြတာက အခုစိုက်တဲ့ မအေဥက နောက်နှစ်ပွင့်တယ် ထင်ကြတယ်။

စိုက်ဥက အရွက်အရင်ထွက်တယ်။ ပြီးမှဥလေးဖြစ်လာပြီး ဥသစ်ကမှ သဇင်ပန်း လှလှလေးတွေ ပွင့်တာပါရှင့် ဖွားစိန်သိသလောက်လေးတော့ ပြောပြမယ်နော်။ ရခိုင်သဇင် ထားဝယ်သဇင် သာယာဝတီသဇင် ဘားအံ သဇင်ဆိုပြီး စျေးကွက်မှာ ခေါ်နေကြတာပါ။

ရခိုင်သဇင်ကို နတ်ပန်းလို့ ဒေသခံတွေကယူဆပြီး ရခိုင်တောနက် ပလက်ဝမြို့နယ်ဖက်ကထွက်တယ်။ ထားဝယ်သဇင်ဆိုတာက တနင်္သာရီတိုင်း တောနက်ထဲကထွက်တာပါ။ ဘိတ်ဘက်ကလည်းလာတယ် သူတို့ဒေသခံတွေကတော့ ဘူပန်းလို့ ခေါ်ကြတယ်။

သာယာဝတီဥကတော့ သူ့ခရိုင်ထဲက အုတ်ဖိုမြို့နယ်ထဲက ထွက်တာပါ။ သူက ပဲခူးရိုးမ တောနက်ထဲကထွက်တာမို့ ရိုးမဥလို့လည်း ခေါ်ကြတယ်။ ဘားအံဥကလည်း တကယ်တော့ ကရင်ပြည်နယ် ကျိုက်ဒုံဒေသက အဓိက ထွက်တာပါ။

အားလုံးကတော့ ပူအိုက်စွတ်စိုရာသီဥတုကိုပဲ ကြိုက်ကြတယ်။ စျေးကတော့ ထားဝယ် ဥက လူကြိုက်များတော့ စျေးအမြင့်ဆုံးပေါ့။ ပြီးရင် ရခိုင်ဥပါ ရိုးမနဲ့ကရင်ဥကတော့ စျေးသိပ်မကွာပါဘူ..း။ သဇင်ဥကို တုတ်ထိုးစိုက်လို့ ထိခိုက်မှုမရှိဘူးနော်။ မျိုးဥဖြစ်တဲ့ အတွက် သူကနေ ပြန်ပွားတဲ့အသစ်ပင်ကိုပဲ ဖွားစိန်တို့က အပင်သန်အောင် ဥကြီးအောင် အပွင့်လှအောင် လုပ်ကြရမှာလေ။

သဇင်က အသက်ပြင်းတယ်ရှင့် သွားထိုးတံ အုန်းလက်ရိုး ဥသေးရင် ပင်အပ် စတာတွေနဲ့ ထိုးပြီး..စိုက်တာတောင် အပင်ပွားကလေး တွေ မွေးပေးနိုင်တယ်လေ။ တချို့ကတော့ အမြစ်တွေမညှပ်ဘဲ အုန်းဆံကြိုးသေးသေး/ ပလပ်စတစ်ကြိုးလေးတွေနဲ့ ပတ်ချည်စိုက်ရင်တော့ ရပါတယ်။ ရေလောင်းရင် ပြုတ်မကျအောင်တော့ ဂရုစိုက်ရမယ်။

အပြင်လိုက်ကြီးတွေ့ရရင်တော့ သစ်တုံးမှာအပ်ချည်ကြိုး ခိုင်ခိုင်နဲ့ ပတ်ချည်လို့ ရတာပါပဲ။ အဲ့ဒါတွေက အပျော်နဲနဲစိုက်ရင်တော့ ရပါတယ်။ ဖွားစိန်လို များများစိုက်သူအဖို့ကတော့ ခုလို ဖွားစိန်စိုက်တဲ့နည်းကတော့ အဆင်အပြေဆုံးပါ။ သဇင်ဥတွေက ခြောက်လည်း အချိန်တန် အရွက်စို့ထွက်တာပါပဲ..။ ခြောက်တယ်ဆိုပြီး ရေမလောင်းမိဖို့တော့ လိုပါတယ်။ မတ်လကုန်ထိစိုက်ချိန်ရပါတယ်ရှင့်။ နောက်မှထပ်ပြောမယ်နော် သဇင်ဆက်စိုက်လိုက်အုံးမယ်။ Khin Nyein Chan Oo၊ ဖွားစိန် (မူရင်းရေးသားသူအား လေးစားမှုဖြင့် – credit)

အန္တီ စိန္မမေမာင္ရဲ႕ သဇင္ပန္းစိုက္နည္း၊ ဖြားစိန္ သဇင္စိုက္နည္းေလးေျပာျပမယ္ေနာ္ ဝယ္ရတဲ့သဇင္ေတြက ေတာဥေတြ ဆိုေတာ့ တလုံးခ်င္းရေအာင္ အရင္သန့္ရတယ္။ ရလာတဲ့သဇင္ဥေလးေတြကို အျမစ္ညွပ္
ေပးရတယ္။

တုံးတိႀကီးေတာ့ မဟုတ္ဘူးေနာ္ ညွပ္ထားၿပီးသား ဥေလးေတြကို သြားထိုးတံေလးနဲ႕ သဇင္ဥရဲ႕ သုံးခ်ိဳးတစ္ခ်ိဳးေလာက္ကေန ထိုးၿပီး ေရခ်ထားတဲ့ သဇင္တိုင္ေပၚမွာ ခပ္ေထာင္ေထာင္ေလး စိုက္လိုက္တယ္ေလ။

ဖြားစိန္ကေတာ့ ဘိုးေမာင္တီထြင္ေပးတဲ့ ပန္းစိုက္ခုံေလးနဲ႕လဲၿပီး ထိုင္စိုက္ပါတယ္။ တိုင္ကအနည္းဆုံး ၁၃၀ ေလာက္စိုက္ရတာမို႔ သက္သာတယ္ေလ..။ နည္းနည္းစိုက္သူေတြကေတာ့ မတ္တပ္ရပ္ စိုက္လို႔ရပါတယ္။ သဇင္ဥကိုလည္း တုတ္ထိုးမထားဘဲ တခါထဲစိုက္လို႔ရတယ္ေနာ္။

သဇင္တိုင္နဲ႕ေဆး အသုံးျပဳတာေလးလည္း သိခ်င္ၾကတယ္ဆိုလို႔ ေျပာျပအုံးမယ္ေနာ္..။ ဖြားစိန္က သဇင္ေတြအမ်ားႀကီးစိုက္ခ်င္ေတာ့ တိုင္လုပ္တဲ့သူကိုလည္း အပိုင္ေမြးထား ရတယ္ေလ။ ေရာက္လာတဲ့တိုင္ေတြမွာက အုန္းေမႊးေတြနဲ႕မသပ္ရပ္ဘူးေလ။

ဖြားစိန္ကေတာ့ အားတဲ့အခ်ိန္ေလး ၿခံထဲဆင္းၿပီး ကတ္ေက်းေလးနဲ႕ညွပ္လိုက္တယ္။ တိုင္ေတြကို မစိုက္ခင္ အုန္းအညိုေရေတြ က်သြားေအာင္ ေရနာနာေလာင္းထားရတယ္ ဖြားစိန္က စီးပြားျဖစ္စိုက္ေတာ့.. အုန္းတိုင္ေတြကို မွိုေဆးျဖန္းလိုက္တယ္။

စိုက္မဲ့ေန႕က်ေတာ့ သန့္စင္ၿပီး သဇင္ေတြကို ျမစ္ပြားေဆးေလးစိမ္တယ္။ ေရတဂါလံကို ၅၊ ၆ စက္ေလာက္ထည့္ရင္ ရပါၿပီ သဇင္ေတြကို တိုင္ေပၚစိုက္ၿပီးရင္ေတာ့ ၅ ရက္ တပတ္ ေရမေလာင္းဘဲထားလိုက္ပါ သြားထိုးတံနဲ႕ထိုးထားတဲ့ဆီက ေရဝင္ၿပီး ပုတ္တတ္လို႔ပါ။ ထင္ေနတတ္ၾကတာက အခုစိုက္တဲ့ မေအဥက ေနာက္ႏွစ္ပြင့္တယ္ ထင္ၾကတယ္။

စိုက္ဥက အ႐ြက္အရင္ထြက္တယ္။ ၿပီးမွဥေလးျဖစ္လာၿပီး ဥသစ္ကမွ သဇင္ပန္း လွလွေလးေတြ ပြင့္တာပါရွင့္ ဖြားစိန္သိသေလာက္ေလးေတာ့ ေျပာျပမယ္ေနာ္..။ ရခိုင္သဇင္ ထားဝယ္သဇင္ သာယာဝတီသဇင္ ဘားအံ သဇင္ဆိုၿပီး ေစ်းကြက္မွာ ေခၚေနၾကတာပါ။

ရခိုင္သဇင္ကို နတ္ပန္းလို႔ ေဒသခံေတြကယူဆၿပီး ရခိုင္ေတာနက္ ပလက္ဝၿမိဳ႕နယ္ဖက္ကထြက္တယ္။ ထားဝယ္သဇင္ဆိုတာက တနသၤာရီတိုင္း ေတာနက္ထဲကထြက္တာပါ။ ဘိတ္ဘက္ကလည္းလာတယ္ သူတို႔ေဒသခံေတြကေတာ့ ဘူပန္းလို႔ ေခၚၾကတယ္။

သာယာဝတီဥကေတာ့ သူ႕ခရိုင္ထဲက အုတ္ဖိုၿမိဳ႕နယ္ထဲက ထြက္တာပါ။ သူက ပဲခူးရိုးမ ေတာနက္ထဲကထြက္တာမို႔ ရိုးမဥလို႔လည္း ေခၚၾကတယ္။ ဘားအံဥကလည္း တကယ္ေတာ့.. ကရင္ျပည္နယ္ က်ိဳက္ဒုံေဒသက အဓိက ထြက္တာပါ။

အားလုံးကေတာ့ ပူအိုက္စြတ္စိုရာသီဥတုကိုပဲ ႀကိဳက္ၾကတယ္။ ေစ်းကေတာ့ ထားဝယ္ ဥက လူႀကိဳက္မ်ားေတာ့ ေစ်းအျမင့္ဆုံးေပါ့။ ၿပီးရင္ ရခိုင္ဥပါ ရိုးမနဲ႕..ကရင္ဥကေတာ့ ေစ်းသိပ္မကြာပါဘူ..း။ သဇင္ဥကို တုတ္ထိုးစိုက္လို႔ ထိခိုက္မႈမရွိဘူးေနာ္။ မ်ိဳးဥျဖစ္တဲ့ အတြက္ သူကေန ျပန္ပြားတဲ့အသစ္ပင္ကိုပဲ ဖြားစိန္တို႔က အပင္သန္ေအာင္ ဥႀကီးေအာင္ အပြင့္လွေအာင္ လုပ္ၾကရမွာေလ။

သဇင္က အသက္ျပင္းတယ္ရွင့္ သြားထိုးတံ အုန္းလက္ရိုး ဥေသးရင္ ပင္အပ္ စတာေတြနဲ႕ ထိုးၿပီး စိုက္တာေတာင္ အပင္ပြားကေလး ေတြ ေမြးေပးနိုင္တယ္ေလ။ တခ်ိဳ႕ကေတာ့ အျမစ္ေတြမညွပ္ဘဲ အုန္းဆံႀကိဳးေသးေသး/ ပလပ္စတစ္ႀကိဳးေလးေတြနဲ႕ ပတ္ခ်ည္စိုက္ရင္ေတာ့ ရပါတယ္။ ေရေလာင္းရင္ ျပဳတ္မက်ေအာင္ေတာ့ ဂ႐ုစိုက္ရမယ္။

အျပင္လိုက္ႀကီးေတြ႕ရရင္ေတာ့ သစ္တုံးမွာအပ္ခ်ည္ႀကိဳး ခိုင္ခိုင္နဲ႕ ပတ္ခ်ည္လို႔ ရတာပါပဲ။ အဲ့ဒါေတြက အေပ်ာ္နဲနဲစိုက္ရင္ေတာ့ ရပါတယ္။ ဖြားစိန္လို မ်ားမ်ားစိုက္သူအဖို႔ကေတာ့ ခုလို ဖြားစိန္စိုက္တဲ့နည္းကေတာ့ အဆင္အေျပဆုံးပါ။ သဇင္ဥေတြက ေျခာက္လည္း အခ်ိန္တန္ အ႐ြက္စို႔ထြက္တာပါပဲ။ ေျခာက္တယ္ဆိုၿပီး ေရမေလာင္းမိဖို႔ေတာ့ လိုပါတယ္။ မတ္လကုန္ထိစိုက္ခ်ိန္ရပါတယ္ရွင့္။ ေနာက္မွထပ္ေျပာမယ္ေနာ္ သဇင္ဆက္စိုက္လိုက္အုံးမယ္။ Khin Nyein Chan Oo၊ ဖြားစိန္ (မူရင္းေရးသားသူအား ေလးစားမႈျဖင့္ – credit)