သရက်သီး အသီးတင်အထွက်တိုးဖို့ ဂရုစိုက်ရမည့် နည်းလမ်းလေးများ
သရက်ပင် ပန်းပွင့်ချိန် မှစပြီး ရက်အလိုက် ဆေးဖျန်းခြင်း
အရွက်များ ရင့်နေပြီး အဖူးစတင်ပြူထွက်ချိန်ကို သုညအဆင့် (ဝ) အဆင့်ဟု မှတ်ယူပါမည်။ ထို့နောက်မှ ရက်ရေထွက်ခြင်းကို Days After Flower Ind uction (D A F I) ဟုခေါ်သည်။
(ဝ)ရက်- အရွက်များရင့်နေချိန်
မီးခိုးမှိုင်းတိုက်ပေးခြင်း ပြုလုပ်ပေးနိုင်သည်။ နှစ်ပတ်ထိ မီးခိုးမှိုင်း တိုက်ပြီး အဖူးမနိုးကြားပါက မီးခိုးမှိုင်း တိုက်ခြင်းကို ရပ်တန့်ပေးပါ။
အီသိုင်လင်း၊ KNO3 ဖျန်းပေးခြင်းများ လုပ်ဆောင်နိုင်သည်။
(၇-၈)ရက်
ပန်းပွင့်ရန် အဖူးစတင်နိုးကြွလာသည်။ ပန်းပွင့်မှု ရာခိုင်နှုန်းစစ်ဆေးပေးပါ။
(၉-၁၂)ရက်
ပန်းဖူးစတင်ထွက်လာမည်ဖြစ်ပြီး ပိုးမွှား/ရောဂါစစ်ဆေးပါ။ ပိုးသတ်ဆေး+မှိုသတ်ဆေး(ပ)ကြိမ်ဖျန်းပေးရပါလိမ့်မည်။
(၁၃-၁၆)ရက်
ပန်းခိုင်ရှည်ထွက်နေစဉ်ကာလဖြစ်သည်။ (ပ)ကြိမ် အနည်းလိုအာဟာရဓာတ်များ ဖျန်းပေးရမည်။ လိုအပ်ပါက မှို/ ပိုးသတ်ဆေးရော၍ ဖျန်းပေးရမည်။
(၁၇-၂၂)ရက်
ပန်းခိုင် ဆက်လက်ရှည်ထွက်ကာလဖြစ်သည်။ (ဒု)ကြိမ် မှို+ပိုးသတ်ဆေးဖျန်းပေးရမည်။
(၂၃-၂၅)ရက်
(ဒု)ကြိမ် အနည်းလို အာဟာရဖျန်းပေးရမည်။
(၂၆-၃၀)ရက်
ပန်းပွင့်စတင်ပြီ ဖြစ်သည်။ ဆေးဖျန်းခြင်း မပြုလုပ်ပဲ အပင်ပေါ်တွင်ကြက်အူများ ချိတ်ဆွဲပေးခြင်းဖြင့် ယင်များ လှုပ်ရှားမှုများပြီး ဝတ်မှုန်ကူးစက်မှု တိုးတက်စေသည်။
(၃၁-၃၅)ရက်
အသီးကင်း စတင်ဝင်ပြီဖြစ်သည်။ (တ)ကြိမ် မှို+ပိုးသတ်ဆေးဖျန်းပေးပါ။ အသီးကို (ပ)ကြိမ် အနည်းလို ဖျန်းပေးပါ။
(၃၆-၄၂)ရက်
အသီးကင်းလေးများ ပြောင်းဖူးစေ့ အရွယ်ထိ ရောက်ရှိ ကြီးထွားချိန်ဖြစ်သည်။ ပိုးမွှားရောဂါ ကျရောက်မှုရှိ/မရှိ စစ်ဆေးပေးပါ။
(၄၃-၅၀)ရက်
အသီးများ ကြီးထွားနေစဉ်ကာလဖြစ်သည်။ အသီးအရွယ် ဖန်ပေသီးအရွယ်ခန့် ရှိနေပြီဖြစ်သည်။ (ဒု)ကြိမ် အနည်းလို ဖျန်းပေးပါ။ (စ)ကြိမ်မြောက် မှို+ပိုးသတ်ဆေး ဖျန်းပေးရမည်။
(၅၁-၆၀)ရက်
အသီးအရွယ်အစား ကြက်ဥ အရွယ်အစားထိ ကြီးချိန်ဖြစ်သည်။အသီးများကို အိပ်စွပ်ခြင်း လုပ်ငန်းများ စတင် လုပ်ဆောင်နိုင်ပြီဖြစ်သည်။
(၆၁-၉၀)ရက်
အသီးများ ကြီးထွားနေစဉ် ကာလဖြစ်သည်။ ပိုး/ရောဂါ ကျရောက်မှုရှိ/မရှိ စစ်ဆေးပေးပါ။
(၉၁-၁၀၁)ရက်
ရင့်မှည့်ချိန် နီးကပ်နေပြီဖြစ်သည်။
(၁၁၀-၁၂၀)ရက်
အသီးများ စတင်ခူးဆွတ်နိုင်ပြီဖြစ်သည်။ မျိုးအလိုက် ရက်မတူနိုင်ပေ။ အသီးကို ရေထဲတွင် နှစ်ကြည့်ပါ။ အသီးများရေတွင် မြှုပ်ပါက ရင့်မှည့်မှု အဆင့်ရောက်ပြီဖြစ်သည်။
(မျိုးကွဲ များပြားလှသော သရက်အတွက် လှေနူဓားထစ် မမှတ်ယူပဲ မျိုးအလိုက် ကွဲပြားမှုများ ရှိသည်ကို သတိပြုပါ။ ယခု စာက ယေဘုယျအတွက် ရည်ညွှန်းပါသည်)
Credit Agricounsellor
သရက္သီး အသီးတင္အထြက္တိုးဖို႔ ဂ႐ုစိုက္ရမည့္ နည္းလမ္းေလးမ်ား
သရက္ပင္ ပန္းပြင့္ခ်ိန္ မွစၿပီး ရက္အလိုက္ ေဆးဖ်န္းျခင္း
အရြက္မ်ား ရင့္ေနၿပီး အဖူးစတင္ျပဴထြက္ခ်ိန္ကို သုညအဆင့္ (ဝ) အဆင့္ဟု မွတ္ယူပါမည္။ ထို႔ေနာက္မွ ရက္ေရထြက္ျခင္းကို Days After Flower Ind uction (D A F I) ဟုေခၚသည္။
(ဝ)ရက္- အရြက္မ်ားရင့္ေနခ်ိန္
မီးခိုးမွိုင္းတိုက္ေပးျခင္း ျပဳလုပ္ေပးနိုင္သည္။ ႏွစ္ပတ္ထိ မီးခိုးမွိုင္း တိုက္ၿပီး အဖူးမနိုးၾကားပါက မီးခိုးမွိုင္း တိုက္ျခင္းကို ရပ္တန႔္ေပးပါ။
အီသိုင္လင္း၊ KNO3 ဖ်န္းေပးျခင္းမ်ား လုပ္ေဆာင္နိုင္သည္။
(၇-၈)ရက္
ပန္းပြင့္ရန္ အဖူးစတင္နိုးႂကြလာသည္။ ပန္းပြင့္မႈ ရာခိုင္ႏႈန္းစစ္ေဆးေပးပါ။
(၉-၁၂)ရက္
ပန္းဖူးစတင္ထြက္လာမည္ျဖစ္ၿပီး ပိုးမႊား/ေရာဂါစစ္ေဆးပါ။ ပိုးသတ္ေဆး+မွိုသတ္ေဆး(ပ)ႀကိမ္ဖ်န္းေပးရပါလိမ့္မည္။
(၁၃-၁၆)ရက္
ပန္းခိုင္ရွည္ထြက္ေနစဥ္ကာလျဖစ္သည္။ (ပ)ႀကိမ္ အနည္းလိုအာဟာရဓာတ္မ်ား ဖ်န္းေပးရမည္။ လိုအပ္ပါက မွို/ ပိုးသတ္ေဆးေရာ၍ ဖ်န္းေပးရမည္။
(၁၇-၂၂)ရက္
ပန္းခိုင္ ဆက္လက္ရွည္ထြက္ကာလျဖစ္သည္။ (ဒု)ႀကိမ္ မွို+ပိုးသတ္ေဆးဖ်န္းေပးရမည္။
(၂၃-၂၅)ရက္
(ဒု)ႀကိမ္ အနည္းလို အာဟာရဖ်န္းေပးရမည္။
(၂၆-၃၀)ရက္
ပန္းပြင့္စတင္ၿပီ ျဖစ္သည္။ ေဆးဖ်န္းျခင္း မျပဳလုပ္ပဲ အပင္ေပၚတြင္ၾကက္အူမ်ား ခ်ိတ္ဆြဲေပးျခင္းျဖင့္ ယင္မ်ား လႈပ္ရွားမႈမ်ားၿပီး ဝတ္မႈန္ကူးစက္မႈ တိုးတက္ေစသည္။
(၃၁-၃၅)ရက္
အသီးကင္း စတင္ဝင္ၿပီျဖစ္သည္။ (တ)ႀကိမ္ မွို+ပိုးသတ္ေဆးဖ်န္းေပးပါ။ အသီးကို (ပ)ႀကိမ္ အနည္းလို ဖ်န္းေပးပါ။
(၃၆-၄၂)ရက္
အသီးကင္းေလးမ်ား ေျပာင္းဖူးေစ့ အရြယ္ထိ ေရာက္ရွိ ႀကီးထြားခ်ိန္ျဖစ္သည္။ ပိုးမႊားေရာဂါ က်ေရာက္မႈရွိ/မရွိ စစ္ေဆးေပးပါ။
(၄၃-၅၀)ရက္
အသီးမ်ား ႀကီးထြားေနစဥ္ကာလျဖစ္သည္။ အသီးအရြယ္ ဖန္ေပသီးအရြယ္ခန႔္ ရွိေနၿပီျဖစ္သည္။ (ဒု)ႀကိမ္ အနည္းလို ဖ်န္းေပးပါ။ (စ)ႀကိမ္ေျမာက္ မွို+ပိုးသတ္ေဆး ဖ်န္းေပးရမည္။
(၅၁-၆၀)ရက္
အသီးအရြယ္အစား ၾကက္ဥ အရြယ္အစားထိ ႀကီးခ်ိန္ျဖစ္သည္။အသီးမ်ားကို အိပ္စြပ္ျခင္း လုပ္ငန္းမ်ား စတင္ လုပ္ေဆာင္နိုင္ၿပီျဖစ္သည္။
(၆၁-၉၀)ရက္
အသီးမ်ား ႀကီးထြားေနစဥ္ ကာလျဖစ္သည္။ ပိုး/ေရာဂါ က်ေရာက္မႈရွိ/မရွိ စစ္ေဆးေပးပါ။
(၉၁-၁၀၁)ရက္
ရင့္မွည့္ခ်ိန္ နီးကပ္ေနၿပီျဖစ္သည္။
(၁၁၀-၁၂၀)ရက္
အသီးမ်ား စတင္ခူးဆြတ္နိုင္ၿပီျဖစ္သည္။ မ်ိဳးအလိုက္ ရက္မတူနိုင္ေပ။ အသီးကို ေရထဲတြင္ ႏွစ္ၾကည့္ပါ။ အသီးမ်ားေရတြင္ ျမႇုပ္ပါက ရင့္မွည့္မႈ အဆင့္ေရာက္ၿပီျဖစ္သည္။
(မ်ိဳးကြဲ မ်ားျပားလွေသာ သရက္အတြက္ ေလွႏူဓားထစ္ မမွတ္ယူပဲ မ်ိဳးအလိုက္ ကြဲျပားမႈမ်ား ရွိသည္ကို သတိျပဳပါ။ ယခု စာက ေယဘုယ်အတြက္ ရည္ညႊန္းပါသည္)
Credit Agricounsellor