ဆေးသောက်လို့ တောင်မသက်သာတဲ့ ရင်ကျပ်ပန်းနာ အတွက် ကရင်ဆေးဆရာကြီး၏ လက်တွေ့ဆေး
ဆေးနည်းတွေ စိတ်ဝင်စားသူတွေ စာဖက်ရလွယ်ကူစေရန် ကူးယူမျှဝေပေးခြင်းဖြစ်ပါသည်။
ရင်ကျပ်ပန်းနာအတွက် ကရင်ဆေးဆရာကြီး၏ လက်တွေ့ပျောက်ဆေး
ဤဆေးနည်းမှာ ကရင်ဆေးဆရာတစ်ဦးထံမှ ရှိသောဆေးနည်းဖြစ်၏။အကြောင်းမသိလျှင် ရယ်စရာဖြစ်သော်လည်းသုံးစွဲရာ၌မူကား တကယ်စွမ်းသောဆေးနည်းဖြစ်ပေသည်။
ချိန်ခွင်အလွယ်တကူမရှိသောအရပ်ဒေသများတွင်ဖော်စပ်သောဆေးဖြစ်သဖြင့်အချိန်အတွယ်ကားအတိအကျမပါပေသို့သော် ခန့်မှန်း၍အညီအမျှချိန်ယူနိုင်ပါသည်။
(မှတ်ချက်= ချိန်ခွင်ရှိရာအရပ်၌ဖြစ်မူကား အညီအမျှချိန်တွယ်ယူ၍ဖော်စပ်နိုင်ပါသည် )အနည်းငယ်မျှ အပိုအလိုရှိသော်လည်း ရပါသည် အရေးကြီးလှသည်မဟုတ်ပါပေ
ဆေးဖော်ရန်မှာ
ကြက်သွန်နီ ဥ ကြီးကြီး ၅ ဥ
ပုဇွန်ထုပ်အကြီး ၅ ထုပ်
ထန်းလျှက်ခဲအကြီး ၅ ခဲတို့လိုအပ်ပါသည် ။
ချက်နည်းမှာ
ကြက်သွန်နီဥနှင့် ပုဇွန်ထုပ် တို့ကို သန့်ရှင်းအောင်ပြုပြင်ဆေးကြောပြီး နုပ်နုပ်စဉ်းရပါမည်အိုးတစ်လုံးတွင်ထန်းလျှက်ကိုထည့်၍ကျိုပြီးအရည်ဖြစ်လျှင်ကြက်သွန်နှင့်ပုဇွန်စဉ်းပြီးသားကိုထည့်၍မွှေရပါမည်။
ဆားအနည်းငယ် သင်ရုံထည့်ပါ။မတူးမခြစ်ရအောင် မီးနွေးနွေးဖြင့်မွှေပါ ။ပုဇွန်ကျက်လောက်သောအချိန်တွင်ချ၍ အအေးခံထားပါ ။
ဆေးစားနည်းမှာ
ဆေးစားမည့်ဝေဒနာရှင်အား ဆေးကျွေးမည့်နေ့တွင်အစာမကျွေးပဲထားပြီး အထက်ပါဆေးတစ်အိုးချက်ကို တစ်ထိုင်တည်းနှင့် ကုန်အောင်စားစေရပါမည်။
အကယ်၍ တစ်ထိုင်ထဲနှင့် ကုန်အောင်မစားနိုင်ခဲ့သော် အခြားအစားအစာ မကျွေးပဲ ထိုဆေးကိုသာ နား၍ နား၍ ကုန်အောင်စားစေရပါမည်
ရေနွေးကြမ်းနှင်လည်းသောက်နိုင်ပါသည် နှစ်ပေါင်းများစွာစွဲကပ်လာခဲ့သော ပန်းနာရင်ကျပ်ရောဂါကြီးများဒိဋ္ဌပျောက်ပါသည် အော့အန်ခြင်း ဝမ်းသွားခြင်းအလျင်းမရှိပါ ။
အန်ချင်သလိုလို ဝမ်းသွားချင်သလိုလိုတော့ဖြစ်တတ်ပါသည်။
အသက် ၆၀ ကျော် အဘိုးကြီးတစ်ဥိးနှင့် အဘွားကြီးတစ်ဦးတို့အား စာရေးသူ ကိုယ်တိုင်ကျွေးဖူးရာ အဘိုးကြီးကကောက်ညှင်ပေါက်းနှင့် ကျွဲနို့ကို မစားခဲ့ရတာ နှစ်ပေါင်းကြာပြီ
ယခုမှပဲ အားရပါးရစားနိုင်တော့သည် ဟုပြောပါသည်အဘွားကြီးက မူကား ရင်ကျပ်ချိန်မှာ ကျပ်မလာတော့လည်း ရင်ထဲကလေတွေ တက်လိုက်ဆင်းလိုက် ဖြစ်နေတယ်ဟု ပြောပါသည် ။
ကရင်ဆေးဟူ၍အထင်သေး၍မရ။
နည်းပေးသော ကရင်ဆေးဆရာကြီးအား များစွာပင်ကျေးဇူးတင်မိပါသည်။
ထန်လျှက်ခဲ နှင့် ပုဇွန် ကြက်သွန်တို့မှာ မဆီမဆိုင်ဖြစ်သောကြောင့် စာရေးသူကိုယ်တိုင်ပင်ဆေးနည်းကိုရခါစက မယုံကြည်ခဲ့ပေ။
ကိုယ်တိုင်ကုသပေး၍ ပျောက်ကင်းသည်ကို တွေ့သောအခါမှသာ ယုံကြည်မိပါတော့သည်။
ယုံကြည်သည့်အလျောက် မိဘပြည်သူများ ပန်းနာရင်ရင်ကျပ်အတွက် စိတ်မညစ်ရလေအောင် လျင်မြန်စွာ သုံးစွဲကြည့်ပါဟု တိုက်တွန်းရင်း
လေးစားစွာဖြင့်
ဆရာဦးသိန်းလွင်(အစိုးရဆေးခန်းမှုးဟောင်း)
ဆရာဦးသိန်းလွင် ရေးသားပြုစုသော အိမ်တွင်းသမားတော်ကျမ်း နှင့်လက်တွေ့မြန်မာဆေးစွမ်းကောင်းများ(1991.Jun .29.ရက်နေ့ထုတ်)စာအုပ်မှ ကူးယူမျှဝေပါသည်
#Credit ဆရာဦးသိန်းလွင်(အစိုးရဆေးခန်းမှုးဟောင်း)
ေဆးေသာက္လို႔ ေတာင္မသက္သာတဲ့ ရင္က်ပ္ပန္းနာ အတြက္ ကရင္ေဆးဆရာႀကီး၏ လက္ေတြ႕ေဆး
ေဆးနည္းေတြ စိတ္ဝင္စားသူေတြ စာဖက္ရလြယ္ကူေစရန္ ကူးယူမွ်ေဝေပးျခင္းျဖစ္ပါသည္ ။
ရင္က်ပ္ပန္းနာအတြက္ ကရင္ေဆးဆရာႀကီး၏ လက္ေတြ႕ေပ်ာက္ေဆး
ဤေဆးနည္းမွာ ကရင္ေဆးဆရာတစ္ဦးထံမွ ရွိေသာေဆးနည္းျဖစ္၏။အေၾကာင္းမသိလွ်င္ ရယ္စရာျဖစ္ေသာ္လည္းသုံးစြဲရာ၌မူကား တကယ္စြမ္းေသာေဆးနည္းျဖစ္ေပသည္။
ခ်ိန္ခြင္အလြယ္တကူမရွိေသာအရပ္ေဒသမ်ားတြင္ေဖာ္စပ္ေသာေဆးျဖစ္သျဖင့္အခ်ိန္အတြယ္ကားအတိအက်မပါေပသို႔ေသာ္ ခန႔္မွန္း၍အညီအမွ်ခ်ိန္ယူႏိုင္ပါသည္။
(မွတ္ခ်က္= ခ်ိန္ခြင္ရွိရာအရပ္၌ျဖစ္မူကား အညီအမွ်ခ်ိန္တြယ္ယူ၍ေဖာ္စပ္ႏိုင္ပါသည္ )အနည္းငယ္မွ် အပိုအလိုရွိေသာ္လည္း ရပါသည္ အေရးႀကီးလွသည္မဟုတ္ပါေပ
ေဆးေဖာ္ရန္မွာ
ၾကက္သြန္နီ ဥ ႀကီးႀကီး ၅ ဥ
ပုဇြန္ထုပ္အႀကီး ၅ ထုပ္
ထန္းလွ်က္ခဲအႀကီး ၅ ခဲတို႔လိုအပ္ပါသည္။
ခ်က္နည္းမွာ-
ၾကက္သြန္နီဥႏွင့္ ပုဇြန္ထုပ္ တို႔ကို သန႔္ရွင္းေအာင္ျပဳျပင္ေဆးေၾကာၿပီး ႏုပ္ႏုပ္စဥ္းရပါမည္အိုးတစ္လုံးတြင္ထန္းလွ်က္ကိုထည့္၍က်ိဳၿပီးအရည္ျဖစ္လွ်င္ၾကက္သြန္ႏွင့္ပုဇြန္စဥ္းၿပီးသားကိုထည့္၍ေမႊရပါမည္။
ဆားအနည္းငယ္ သင္႐ုံထည့္ပါ။မတူးမျခစ္ရေအာင္ မီးေႏြးေႏြးျဖင့္ေမႊပါ ။ပုဇြန္က်က္ေလာက္ေသာအခ်ိန္တြင္ခ်၍ အေအးခံထားပါ
ေဆးစားနည္းမွာ
ေဆးစားမည့္ေဝဒနာရွင္အား ေဆးေကြၽးမည့္ေန႔တြင္အစာမေကြၽးပဲထားၿပီး အထက္ပါေဆးတစ္အိုးခ်က္ကို တစ္ထိုင္တည္းႏွင့္ ကုန္ေအာင္စားေစရပါမည္။
အကယ္၍ တစ္ထိုင္ထဲႏွင့္ ကုန္ေအာင္မစားႏိုင္ခဲ့ေသာ္ အျခားအစားအစာ မေကြၽးပဲ ထိုေဆးကိုသာ နား၍ နား၍ ကုန္ေအာင္စားေစရပါမည္
ေရေႏြးၾကမ္းႏွင္လည္းေသာက္ႏိုင္ပါသည္ ႏွစ္ေပါင္းမ်ားစြာစြဲကပ္လာခဲ့ေသာ ပန္းနာရင္က်ပ္ေရာဂါႀကီးမ်ားဒိ႒ေပ်ာက္ပါသည္ ေအာ့အန္ျခင္း ဝမ္းသြားျခင္းအလ်င္းမရွိပါ ။
အန္ခ်င္သလိုလို ဝမ္းသြားခ်င္သလိုလိုေတာ့ျဖစ္တတ္ပါသည္။
အသက္ ၆၀ ေက်ာ္ အဘိုးႀကီးတစ္ဥိးႏွင့္ အဘြားႀကီးတစ္ဦးတို႔အား – စာေရးသူ ကိုယ္တိုင္ေကြၽးဖူးရာ အဘိုးႀကီးကေကာက္ညႇင္ေပါက္းႏွင့္ ကြၽဲႏို႔ကို မစားခဲ့ရတာ ႏွစ္ေပါင္းၾကာၿပီ
ယခုမွပဲ အားရပါးရစားႏိုင္ေတာ့သည္ ဟုေျပာပါသည္အဘြားႀကီးက မူကား ရင္က်ပ္ခ်ိန္မွာ က်ပ္မလာေတာ့လည္း ရင္ထဲကေလေတြ တက္လိုက္ဆင္းလိုက္ ျဖစ္ေနတယ္ဟု ေျပာပါသည္ ။
ကရင္ေဆးဟူ၍အထင္ေသး၍မရ။
နည္းေပးေသာ ကရင္ေဆးဆရာႀကီးအား မ်ားစြာပင္ေက်းဇူးတင္မိပါသည္။
ထန္လွ်က္ခဲ ႏွင့္ ပုဇြန္ ၾကက္သြန္တို႔မွာ မဆီမဆိုင္ျဖစ္ေသာေၾကာင့္ စာေရးသူကိုယ္တိုင္ပင္ေဆးနည္းကိုရခါစက မယုံၾကည္ခဲ့ေပ။
ကိုယ္တိုင္ကုသေပး၍ ေပ်ာက္ကင္းသည္ကို ေတြ႕ေသာအခါမွသာ ယုံၾကည္မိပါေတာ့သည္။
ယုံၾကည္သည့္အေလ်ာက္ မိဘျပည္သူမ်ား ပန္းနာရင္ရင္က်ပ္အတြက္ စိတ္မညစ္ရေလေအာင္ လ်င္ျမန္စြာ သုံးစြဲၾကည့္ပါဟု တိုက္တြန္းရင္း
ေလးစားစြာျဖင့္
ဆရာဦးသိန္းလြင္(အစိုးရေဆးခန္းမႈးေဟာင္း)
ဆရာဦးသိန္းလြင္ ေရးသားျပဳစုေသာ အိမ္တြင္းသမားေတာ္က်မ္း ႏွင့္လက္ေတြ႕ျမန္မာေဆးစြမ္းေကာင္းမ်ား(1991.Jun .29.ရက္ေန႔ထုတ္)စာအုပ္မွ ကူးယူမွ်ေဝပါသည္
#Credit ဆရာဦးသိန္းလြင္(အစိုးရေဆးခန္းမႈးေဟာင္း)